မဲကိုယ်စားလှယ်တွေရဲ့ တရားဝင်မဲရလဒ်အရ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် အနိုင်ရကြောင်း အတည်ပြု

15-12-2020-yyl06.jpg

သမ္မတရွေးကောက်ပွဲ အနိုင်ရပြီလို့ မဲကိုယ်စားလှယ်တွေက အတည်ပြုခဲ့ပြီးနောက်မှာတော့ ပြည်သူ့ဆန္ဒက လွှမ်းခြုံအောင်နိုင်ခဲ့ပြီလို့ ဂျိုးဘိုင်ဒင်က ကြွေးကြော်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ မဲပေးမှုစနစ်အရ မဲဆန္ဒရှင်ပြည်သူတွေက မဲကိုယ်စားလှယ်တွေကို ရွေးချယ်ရတာဖြစ်ပြီး မဲကိုယ်စားလှယ်တွေက သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေကို မဲပေးတာဖြစ်ပါတယ်။ လူဦးရေအချိုးအစားအလိုက် ပြည်နယ်တစ်ခုချင်းစီမှာ မဲကိုယ်စားလှယ် အရေအတွက် သတ်မှတ်ပေးတာပါ။ မဲကိုယ်စားလှယ်တွေက ရွေးကောက်ပွဲအပြီး ရက်သတ္တပတ်အတော်ကြာတော့မှ တရားဝင် မဲပေးကြပါတယ်။

မဲကိုယ်စားလှယ်တွေရဲ့ တရားဝင်မဲပေးမှု ပြီးစီးသွားချိန်မှာတော့ ဂျိုးဘိုင်ဒင်က ကိုယ်စားလှယ်မဲ ၃၀၆ မဲ၊ ဒေါ်နယ်ထရမ့်က ကိုယ်စားလှယ်မဲ ၂၃၂ မဲ ရရှိခဲ့ပြီး ဂျိုးဘိုင်ဒင်ရဲ့ အနိုင်ရရှိမှု သေချာသွားခဲ့တာပါ။ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီက တွန်းတိုက်မှု၊ စမ်းသပ်မှု၊ ခြိမ်းခြောက်မှုတွေ ကြုံခံခဲ့ရပေမဲ့ မယိုင်မလဲဘဲ စစ်မှန်တောင့်တင်းတယ်ဆိုတာ ပြသနိုင်ခဲ့တယ်လို့ ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကို ဒေါ်နယ်ထရမ့်က ဥပဒေအရ စိန်ခေါ်မှုကို ရည်ညွှန်းပြီး ဂျိုးဘိုင်ဒင်က အခုလို ပြောခဲ့တာပါ။ ဒါပေမဲ့ နောက်ထပ်စာမျက်နှာသစ်တစ်ရွက်လှန်ဖို့ အချိန်တန်ပြီလို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။

သမ္မတရွေးကောက်ပွဲရလဒ်ကို လက်ခံတဲ့ အရိပ်အယောင် မပြသေးတဲ့ ဒေါ်နယ်ထရမ့်ကတော့ မဲကိုယ်စားလှယ်တွေရဲ့ တရားဝင် မဲရလဒ်အပေါ် မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။ မဲရလဒ်ကို အတည်ပြုပြီး သိပ်မကြာခင်မှာပဲ ( ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ကျူးလွန်ခဲ့တဲ့ အထောက်အထားမရှိဘူးလို့ ပြောခဲ့သူ) အမေရိကန်အစိုးရရှေ့နေချုပ် ဝီလျံဘား ရာထူးကနေ နုတ်ထွက်သွားပြီလို့ ဒေါ်နယ်ထရမ့်က တွစ်တာပေါ်မှာ ကြေညာခဲ့ပါတယ်။

Ref: BBC ” Joe Biden says ‘will of people prevailed’ after victory confirmed”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top