ဒီလကစပြီး စင်ကာပူမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ် ထိုးနှံပေးမယ်

15-12-2020-yyl05.jpg

စင်ကာပူနိုင်ငံသားအားလုံးနဲ့ ကာလရှည် နေထိုင်သူတွေကို အခမဲ့ ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။ စင်ကာပူနိုင်ငံက Pfizer-BioNTech ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးထားပြီး ဒီဇင်ဘာလထဲမှာ ပထမအသုတ်အဖြစ် ကာကွယ်ဆေး စတင်ထိုးနှံသွားမှာပါ။

” တခြားကာကွယ်ဆေးတွေလည်း မှာထားပါတယ်။ ၂၀၂၁ ခုနှစ် တတိယသုံးလပတ်ကျရင် အားလုံးအတွက် ကာကွယ်ဆေး ရလောက်ပါတယ်။ ကာကွယ်ဆေး ထိုးကြပြီး ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ဘေးနားပတ်ဝန်းကျင်က လူတွေကိုပါ ကာကွယ်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ထိန်းချုပ်မှုတွေကို တတိယအဆင့်အထိ ဖြေလျှော့လိုက်ပြီဆိုတဲ့ ကြေညာချက်က ကျွန်တော်တို့အားလုံးအတွက် နှစ်ကူးပျော်ရွှင်မှုတချို့ ယူဆောင်လာပေးမှာပါ။ ဒါပေမဲ့ ဗိုင်းရပ်စ်ကို အမြစ်ပြတ် မချေမှုန်းရသေးလို့ နိုးနိုးကြားကြား နေကြပါ။ ရောဂါလုံးဝ ကင်းစင်ပပျောက်ဖို့ တစ်နှစ်ကျော် ကြာနိုင်ပါသေးတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အမှောင်ရဲ့အဆုံးက အလင်းရောင်ကို ကျွန်တော်တို့ မြင်နေရပါပြီ” လို့ လီရှန်လွန်းက ဒီနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref and Photo : Lee Hsien Loong Page

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top