အချစ်သစ်တွေ့နေပြီလို့ သတင်းထွက်ရှိနေတဲ့ ဂျွန်နီဒက်ပ်

9-23-2022-yyl-20.jpg

အချစ်သစ်တွေ့နေပြီလို့ သတင်းထွက်ရှိနေတဲ့ ဂျွန်နီဒက်ပ်

ဟောလိဝုဒ်ဝါရင့်မင်းသားကြီး ဂျွန်နီဒက်ပ်ဟာ အချစ်သစ်တွေ့ရှိသွားပြီလို့ သတင်းမီဒီယာတော်တော်များများမှာ ဖော်ပြလာကြပါတယ်။ သူ့ရဲ့အချစ်သစ်က ဇနီးဟောင်း အမ်ဘာဟတ်ဒ်ကို အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့စဉ်က အမှုလိုက်ပေးခဲ့တဲ့ သူ့ရှေ့နေအဖွဲ့ထဲက တစ်ယောက်ပါပဲ။ သူ့နဲ့တွဲနေတယ်လို့သတင်းထွက်ရှိခဲ့ဖူးတဲ့ ရှေ့နေမလေး ကာမီလီဗက်စ်ကွစ်ဇ်တော့မဟုတ်ပါဘူး။

ဂျွန်နီနဲ့ တွဲနေတယ်ဆိုတဲ့ ရှေ့နေ ဂျိုလီ ရစ်ချ်

လန်ဒန်အခြေစိုက်ရှေ့နေ ဂျိုလီ ရစ်ချ်ဖြစ်ပြီး သူက ဂျွန်နီရဲ့အမှုမှာ ရှေ့နေ ကာမီလီလို ဦးဆောင်ပြီး ခုခံချေပပေးရတာမဟုတ်ပေမဲ့ တရားခွင်မှာ ဂျွန်နီကို ပံ့ပိုးကူညီပေးခဲ့တာ တွေ့မြင်ခဲ့ရတယ်လို့ US Weekly မှာ ဖော်ပြထားပါတယ်။ ရှေ့နေ ဂျိုလီရစ်ချ်က လက်ထပ်ထားသူဖြစ်ပေမဲ့ လမ်းခွဲပြတ်စဲထားတယ်။ သူ့ရဲ့ကွာရှင်းမှုက မပြီးပြတ်သေးဘူးလို့ သိရပါတယ်။

ဂျွန်နီနဲ့ တွဲနေတယ်ဆိုတဲ့ ရှေ့နေ ဂျိုလီ ရစ်ချ်

“ဂျွန်နီနဲ့ ဂျိုလီ ရစ်ချ်တို့က တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်အတွဲညီကြတယ်။ သူတို့ကြား လေးနက်မှုရှိတယ်။ သူတို့တွေက တကယ့်အပေးအယူမျှတယ်”လို့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ သူတို့စုံတွဲက ဟိုတယ်မှာ လျှို့ဝှက်တွေ့ဆုံပြီး ချစ်သူတွေဖြစ်ခဲ့ကြတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဂျွန်နီနဲ့တွဲနေတယ်လို့ သတင်းထွက်ရှိခဲ့ဖူးတဲ့ ရှေ့နေ ကာမီလီဗက်စ်ကွစ်ဇ်

အရင်က ဂျွန်နီဟာ သူ့ကို အမှုနိုင်အောင်လုပ်ပေးခဲ့တဲ့ ရှေ့နေတွေထဲကတစ်ယောက်ဖြစ်တဲ့ ရှေ့နေ ကာမီလီ ဗက်စ်ကွစ်ဇ်နဲ့လည်း တွဲနေတယ်ဆိုတဲ့ ကောလဟာလထွက်ရှိခဲ့ပါသေးတယ်။ အဲဒီတုန်းက ရှေ့နေကာမီလီဟာ ဒီကောလဟာလသတင်းကို ငြင်းဆိုခဲ့ပါတယ်။

Ref: Johnny Depp Is Dating Lawyer Joelle Rich Who Represented Him In UK Trial

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply