သစ်တောက်ငှက်ရဲ့ အထူးခြားဆုံးခန္ဓာကိုယ်အစိတ်အပိုင်း

9-23-2022-yyl-24.png

သစ်တောက်ငှက်ရဲ့ခန္ဓာကိုယ်မှာ အထူးခြားဆုံးအစိတ်အပိုင်းကတော့ လျှာပါပဲ။ သစ်တောက်ငှက်ရဲ့လျှာက နှုတ်သီးထက် ၃ ဆ ပိုရှည်ပြီး သူ့ခန္ဓာကိုယ် အလျားရဲ့ ၃ ပုံ၊ ၁ ပုံ ရှိပါတယ်။

အံ့ဘွယ်ရှည်လျားတဲ့ လျှာက မျက်လုံးအပေါ်ဘက်ကနေ ဦးခေါင်းခွံရဲ့အောက်ထဲကို ပြန်ခေါက်ဝင်နေပြီး နှာခေါင်းပေါက်နားအထိ ရှည်လျားပါတယ်။

သစ်ပင်တွေကို တစ်ထောက်ထောက် ထိုးဆိတ်တဲ့အခါ တုန်ခါမှုတွေကို စုပ်ယူပေးပြီး ဦးနှောက်ကို ဒဏ်ရာပြင်းပြင်းထန်ထန် မရအောင်လည်း ကာကွယ်ပေးထားပါတယ်။ သစ်တောက်ငှက်ရဲ့ လျှာက သူ့အတွက် ဦးထုပ်ဆောင်းထားပေးသလိုပါပဲ။

Ref: Woodpecker tongue

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top