ဟိုဆေးဂူတာရက်ဇ်လို့ အမည်ရတဲ့ ကိုလံဘီယာနိုင်ငံသား အမှိုက်သိမ်းသမားတစ်ယောက်ဟာ တခြားသူတွေ စွန့်ပစ်လိုက်တဲ့ စာအုပ်တွေကို နှစ် ၂၀ လုံးလုံး စုဆောင်းခဲ့ရာမှာ စာအုပ်ပေါင်း ၂၅၀၀၀ ကျော် ရရှိခဲ့ပြီး ကိုယ်ပိုင်စာကြည့်တိုက် ဖွင့်ပေးနိုင်ခဲ့ပါတယ်။
လူဦးရေ ၈.၅ သန်း နေထိုင်တဲ့ ဘိုဂိုတာမြို့မှာ စာကြည့်တိုက် ၁၉ ခု ရှိပေမဲ့ ဟိုဆေး နေထိုင်တဲ့ ဆင်းရဲသားရပ်ကွက်နားတစ်ဝိုက်မှာတော့ စာကြည့်တိုက် တစ်ခုမျှ မရှိပါဘူး။ ဆင်းရဲသားရပ်ကွက်ထဲက ကလေးတွေဟာ စာအုပ်ဖိုး မတတ်နိုင်ကြလို့ ကျောင်းထွက်ပြီး အလုပ်လုပ်နေရတာကို သတိထားမိရာကနေ ဟိုဆေးက စာအုပ်တွေ စုဆောင်းခဲ့တာပါ။
ဟိုဆေးက လူချမ်းသာတွေ နေထိုင်တဲ့ရပ်ကွက်တွေမှာ ညအချိန် အမှိုက်သိမ်းကား မောင်းသူပါ။ နှစ် ၂၀ လုံးလုံး သူ စုဆောင်းခဲ့တဲ့ စာအုပ်တွေက သူ့အိမ်အောက်ထပ် တစ်ထပ်လုံး အပြည့်ဖြစ်သွားပြီး ထားစရာနေရာမရှိတော့လို့ တခြားစာကြည့်တိုက်တွေကိုပါ စာအုပ်တွေ လှူဒါန်းပေးခဲ့ပါသေးတယ်။
Ref: Jose alberto gutierrez
Team (ရိုးရာလေး)