နှစ် ၂၀ ကြာ စုဆောင်းထားတဲ့ စာအုပ်တွေနဲ့ ကိုယ်ပိုင်စာကြည့်တိုက်ဖွင့်နိုင်ခဲ့တဲ့ အမှိုက်သိမ်းသမား

5-7-2022-09.jpg

ကိုယ်ပိုင်စာကြည့်တိုက်ဖွင့်နိုင်ခဲ့တဲ့ အမှိုက်သိမ်းသမား ဟိုဆေးဂူတာရက်ဇ်

ဟိုဆေးဂူတာရက်ဇ်လို့ အမည်ရတဲ့ ကိုလံဘီယာနိုင်ငံသား အမှိုက်သိမ်းသမားတစ်ယောက်ဟာ တခြားသူတွေ စွန့်ပစ်လိုက်တဲ့ စာအုပ်တွေကို နှစ် ၂၀ လုံးလုံး စုဆောင်းခဲ့ရာမှာ စာအုပ်ပေါင်း ၂၅၀၀၀ ကျော် ရရှိခဲ့ပြီး ကိုယ်ပိုင်စာကြည့်တိုက် ဖွင့်ပေးနိုင်ခဲ့ပါတယ်။

ကိုယ်ပိုင်စာကြည့်တိုက်ဖွင့်နိုင်ခဲ့တဲ့ အမှိုက်သိမ်းသမား ဟိုဆေးဂူတာရက်ဇ်

လူဦးရေ ၈.၅ သန်း နေထိုင်တဲ့ ဘိုဂိုတာမြို့မှာ စာကြည့်တိုက် ၁၉ ခု ရှိပေမဲ့ ဟိုဆေး နေထိုင်တဲ့ ဆင်းရဲသားရပ်ကွက်နားတစ်ဝိုက်မှာတော့ စာကြည့်တိုက် တစ်ခုမျှ မရှိပါဘူး။ ဆင်းရဲသားရပ်ကွက်ထဲက ကလေးတွေဟာ စာအုပ်ဖိုး မတတ်နိုင်ကြလို့ ကျောင်းထွက်ပြီး အလုပ်လုပ်နေရတာကို သတိထားမိရာကနေ ဟိုဆေးက စာအုပ်တွေ စုဆောင်းခဲ့တာပါ။

ဟိုဆေးဂူတာရက်ဇ်ရဲ့ စာကြည့်တိုက်မှာ စာအုပ်လာငှားတဲ့ ကလေးငယ်နှစ်ဦး

ဟိုဆေးက လူချမ်းသာတွေ နေထိုင်တဲ့ရပ်ကွက်တွေမှာ ညအချိန် အမှိုက်သိမ်းကား မောင်းသူပါ။ နှစ် ၂၀ လုံးလုံး သူ စုဆောင်းခဲ့တဲ့ စာအုပ်တွေက သူ့အိမ်အောက်ထပ် တစ်ထပ်လုံး အပြည့်ဖြစ်သွားပြီး ထားစရာနေရာမရှိတော့လို့ တခြားစာကြည့်တိုက်တွေကိုပါ စာအုပ်တွေ လှူဒါန်းပေးခဲ့ပါသေးတယ်။

Ref: Jose alberto gutierrez

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top