ကိုယ်သုံးနေတဲ့ Web Browser က အကောင်းဆုံး Web Browser စာရင်းထဲ ပါနေရဲ့လား

38404885_2181007192154229_2230025188487987200_n.jpg

ကျွန်တော်တို့တွေက Browser တစ်ခုကို နှစ်တွေအကြာကြီး စွဲသုံးနေတတ်တဲ့အကျင့် ရှိတတ်ကြပါတယ်။ တချို့ဆို ကွန်ပျူတာဝယ်ထဲက ပါပြီးသားဖြစ်တဲ့ Internet Explorer ကိုသာ အသုံးပြုနေကြပါသေးတယ်။ ပိုကောင်းတဲ့တစ်ခုကို ပြောင်းလဲအသုံးပြုကြည့်ဖိုက့ တွန့်ဆုတ်မနေသင့်ပါဘူး။

ဒါကြောင့် ကိုယ့်ရဲ့လိုအပ်ချက်ပေါ် မူတည်ပြီး ရွေးချယ် အသုံးပြုကြည့်လို့ရအောင် ၂၀၁၈ခုနှစ်အတွက် အကောင်းဆုံးသော Web Browser တွေကို ပြောပြပေးလိုက်ပါမယ်။

Mozilla Firefox

Firefox က အကောင်းဆုံးသော web browser တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူ့ရဲ့အားသားချက်တစ်ခုကို ပြောပါဆိုရင်တော့ resource အသုံးပြုမှု နည်းတာဖြစ်ပါတယ်။ ဒီအချက်ကြောင့် အလုပ်လုပ်နိုင်စွမ်း နှေးတဲ့ကွန်ပျူတာတွေမှာပါ အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါက Chrome နဲ့ သိသိသာသာ ကွာစေတဲ့အချက်လည်း ဖြစ်နေပါတယ်။ နောက်ထပ်အားသာချက်ကတော့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Firefox က အကောင်းဆုံးစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။

Google Chrome

အပေါ်မှာ ပြောသွားသလို Chrome က resource တွေ အများကြီး အသုံးပြုတယ်ဆိုပေမယ့်လည်း သူ့ရဲ့ ရိုးရှင်းမှု၊ သူမတူတဲ့မြန်ဆန်မှုတွေကြောင့် အကောင်းဆုံး browser တွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုခြင်း ခံထားရပါတယ်။

လူတိုင်းနီးပါး နားလည်လွယ်စေတဲ့ သူ့ရဲ့အသုံးပြုပုံတွေက ဆွဲဆောင်မှုတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ လိုသလို browser setting ကို ပြုလုပ်နိုင်တဲ့အတွက် ကိုယ်တိုင် control လုပ်ရတာ ဝါသနာပါတဲ့သူတွေအတွက် အကြိုက်တွေ့စရာပါပဲ။ Google Chrome က Google အပ်ပလီကေးရှင်းတွေနဲ့လည်း အဆင်ပြေပြေ အလုပ်လုပ်နိုင်တာကို တွေ့ရပါတယ်။

Opera

Opera က အကောင်းဆုံး web browser တွေထဲ တစ်ခုဖြစ်နေသော်ငြားလည်း သူ့ရဲ့ ကြော်ငြာမှု အားနည်းတဲ့အတွက်ကြောင့် ထင်သလောက် လူသိမများပါဘူး။ သူ့ရဲ့ အားသာချက်တွေထဲက တစ်ခုကတော့ Turbo mode ပဲ ဖြစ်ပါတယ်။ ဒီအချက်ကြောင့် connection ကျနေတဲ့အချိန်မှာတောင် browser ကို အကောင်းဆုံး အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

Google Chrome နဲ့ Firefox တို့လို plugin support မလုပ်ပေးနိုင်ပေမယ့် သူ့ရဲ့ ရိုးရှင်းတဲ့ UI၊ လိုင်းမကောင်းရင်တောင် အကောင်းဆုံးအသုံးပြုနိုင်တဲ့ speed တွေကြောင့် အကောင်းဆုံးတွေထဲက တစ်ခုအဖြစ် ရွေးချယ်ခြင်း ခံထားရပါတယ်။

Microsoft Edge

Windows က သူ့ရဲ့အသုံးပြုသူတွေကို Microsoft Edge ကို အသုံးပြုစေချင်တာ သိကြမယ်ထင်ပါတယ်။ သူ့ရဲ့ ပေါ့ပါးမှု၊ မြန်နှုန်းမြင့်တာတွေက တခြားပြိုင်ဘက် browser တွေလို plugin တွေ မပါတာတောင် အသုံးပြုစေဖို့ အထောက်အပံ့ပေးနေပြန်ပါတယ်။ သူကလည်း အကောင်းဆုံးတွေထဲ တစ်ခုအဖြစ် စာရင်းထဲ ပါဝင်နေပါတယ်။

ကဲ စာဖတ်သူတို့ရေ .. ကိုယ်က မြန်ဆန်တာကို ကြိုက်တာလား။ plugin တွေ ပါမှကြိုက်တာလား။ လုံခြုံရေးကို အလေးထားတာလား။ အသုံးပြုရ လွယ်တာကို ရွေးချင်တာလား။ အဆင်ပြေပြေ ရွေးချယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

Ref : NewsRepublic “Best Web Browsers In 2018: Speed And Security-Wise”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top