ရေချိုးရင်းအပေါ့သွားသင့်တာ ဘာကြောင့်လဲ နဲ့ ဆီးရဲ့အသုံးဝင်ပုံများ

38751300_235379320645932_6861404598335176704_n.jpg

ကျွန်တော်တို့လူတော်တော်များများက သန့်စင်ခန်းထဲလုပ်ဖြစ်တဲ့အရာတွေကိုဆို ထုတ်ပြောကြဖို့ တော်တော်လေး ရှက်ရွံ့နေတတ်ကြပါတယ်။ တကယ်တော့ရေချိုးရင်းအပေါ့သွားတာက အရမ်းကောင်းပါတယ်။

လူတိုင်းလိုလို အဲဒီလိုလုပ်တတ်ကြပေမဲ့လည်း ဘယ်သူမှတော့ဝန်မခံချင်ကြပါဘူး။

အဲဒီတော့ ရေချိုးရင်းဆီးသွားတာက ရှက်စရာမဟုတ်ကြောင်းနဲ့ ဆီးရဲ့အသုံးဝင်ပုံတွေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ပြောပြပေးသွားချင်ပါတယ်။

၁။ ရေထိန်းသိမ်းရာရောက်တယ်

ကဲ … တစ်နေ့တစ်နေ့ အလေးသွားတာမဟုတ်ဘဲ အပေါ့သွားဖို့ချည်းသီးသန့် အိမ်သာထဲ ဘယ်နှခေါက်များဝင်နေမိလဲ စဉ်းစားကြည့်လိုက်ရအောင်။ တစ်ခါဝင်ပြီးတိုင်းလည်း ရေတစ်ခါဆွဲချကြတယ်လေ။ ပျှမ်းမျှအားဖြင့် ရေချိုးရင်းဆီးသွားလိုက်မယ်ဆို လူတစ်ယောက်က တစ်နေ့ ရေပမာဏ (၁၅) လီတာကို ထိန်းသိမ်းပြီးသားဖြစ်သွားပါတယ်။ လူဦးရေ အဆမတန်တိုးပွားလာတဲ့ ဒီခေတ်ကြီးမှာ ရေအရင်းအမြစ် သယံဇာတကို ထိန်းသိမ်းဖို့တာဝန်လည်း ကျွန်တော်တို့မှာရှိပါတယ်။ တစ်နေ့ (၁၅) လီတာပဲ ချွေတာဦး။ တစ်နှစ်ဆို ဘယ်လောက်အထောက်အကူဖြစ်သွားမလဲ စဉ်းစားကြည့်ကြပေါ့နော်။

၂။ ဒဏ်ရာတွေကိုလည်း ကုသပေးနိုင်တယ်

သိတဲ့သူတွေလည်း သိကြမှာပါ။ ပညာရှင်တစ်ချို့ကတော့ ကျွန်တော်တို့ရဲ့ဆီးဟာ အနာတရတွေကို ကုသပေးနိုင်တယ်လို့ ဆိုပါတယ်။ ချော်လဲတာတို့၊ မတော်တဆထိခိုက်မိတာမျိုးတို့ဆို အနားမှဘာမှမရှိရင် ဆီးကို ဆေးမြီးတိုအနေနဲ့ သုံးလို့ရတာပေါ့။ နာကျင်မှုကို သက်သာစေရုံမကဘဲ တစ်ရှုးတွေကိုလည်း သန့်စင်စေပါတယ်။

၃။ အလှအပအတွက်လည်း အသုံးဝင်တယ်

ဆီးကလေ … ကြမ်းထော်ပြီး အနီပိမ့်တွေထနေတဲ့ အရေပြားရောင်ရောဂါမျိုးနဲ့ အရေပြားနီပြီး ရောင်အမ်းနာကျင်ခြင်းတွေအတွက်ပါ အသုံးဝင်တယ်ဆိုတာကို သိပြီးကြပြီလားဟင်။ သင်သိပြီးသားပါ။ အရေပြားလိမ်းခရင်မ် (skin creams) နဲ့ တခြား အရေပြားဆိုင်ရာကုသနည်း (skin treatments) တွေမှာဆိုရင်လည်း ယူရီးယားဓာတ် (urea) ကပါဝင်ပါတယ်။ အဆိုပါ ယူရီးယားဓာတ်က ကျွန်တော်တို့မနက်ပိုင်း အပေါ့စစသွားတဲ့ ဆီး (၅) စက္ကန့်လောက်မှာပဲ ပါဝင်တာပါ။

၄။ ယားယံခြင်းတွေကို ပျောက်ကင်းစေတယ်

ဆီးကယားယံခြင်းတွေကိုပါ ပျောက်ကင်းနိုင်တယ်ဆိုပဲ။ ခြေထောက်နားတစ်ဝိုက်မှာဖြစ်တတ်တဲ့ ပွေး၊ ဝဲ၊ ညှင်းတို့လိုမျိုးတွေကိုပေါ့။ အသုံးပြုနည်းကလည်းလွယ်ပါတယ်။ ကိုယ်ဖြစ်တဲ့ဧရိယာပေါ်မှာ ဆီးကိုသုတ်ထားလိုက်ပြီး တစ်ညလုံး ထားလိုက်ပါ။ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ ထူးခြားမှုကိုတွေ့ရပါလိမ့်မယ်။ ဆိုပေမဲ့ ကိုယ့်ရဲ့အနာက အရမ်းကြီးနေပြီဆိုရင်တော့ ဆရာဝန်နဲ့ပြတာ အကောင်းဆုံးပါ။ ဆီးအသုံးပြုပြီး ကုလို့ရတယ်ဆိုတာကိုတော့ မမေ့နဲ့ပေါ့။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဒီဆောင်းပါးလေးမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ ဗဟုသုတအနေနဲ့သာ ဖော်ပြပေးခြင်းဖြစ်တဲ့အတွက် ကျွမ်းကျင်သူတွေနဲ့မတိုင်ပင်ပဲ၊ မိမိဆီးအခြေအနေနဲ့ ရောဂါတစ်ခုခုရှိခဲ့မယ်ဆိုရင်လည်း ရောဂါအခြေအနေကို သေချာမသိဘဲ စမ်းမလုပ်ကြည့်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဗဟုသုတတွေ တိုးပွားကြစေဖို့ ရည်ရွယ်ရင်း …

Ref : slimandift “Beneficial Uses For Urine And Why You Should Pee In The Shower!”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top