ကိုယ့်ချစ်သူစိတ်မညစ်စေဖို့ မိန်းကလေးတွေ ဆင်ခြင်ရမဲ့အချက်တွေ

722b1d_6c08021ee07347a0b27433dc14fac142_mv2.png

လူတိုင်းမှာ ပင်ကိုစရိုက်တွေက အမျိုးမျိုး ရှိတတ်ကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေ ထိတွေ့ဆက်ဆံရတဲ့အခါ စိတ်သဘောချင်း မတိုက်ဆိုင်မှုတွေ ရှိတတ်ကြတာပါပဲ။

ယောက်ျားလေးတွေဘက်က အကျင့်ဆိုးတွေ ရှိတတ်သလို မိန်းကလေးတွေမှာလည်း ရှိနေတတ်ကြပါတယ်။ ဒါကြောင့် မိန်းကေလးတွေက ကိုယ့်ချစ်သူ စိတ်မရှုပ်အောင် သူမကြိုက်လောက်တဲ့အရာတွေ မလုပ်မိစေဖို့ ရှောင်စရာအချက်လေးတွေ ပြောပြပေးလိုက်တယ်နော်…။

မေးခွန်းတွေ

မိန်းကလေးတွေဟာ မေးခွန်းတွေ အများကြီး မေးလေ့ရှိပါတယ်။ နည်းနည်းပါးပါးမေးရင်တော့ သိချင်လို့ မေးတာဖြစ်ပြီး မာ်းများမေးရင်တော့ ရစ်သလို ဖြစ်သွားတတ်ပါတယ်။ ယောက်ျားလေးတွေက မေးခွန်းတွေကို ပြန်ဖြေရတာ မကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ယောက်ျားလေးအနည်းစုကပဲ ရစ်ချင်လို့မေးမှန်းသိလို့ပါ။ မိန်းကလေးတွေက မေးခွန်းတွေကို ဆက်စပ်မေးပြီး သူတို့အပေါ် ဖုံးကွယ်ထားတာရှိရင် သိချင်တာဖြစ်ပါတယ်။

ဖက်ငိုခြင်း

ယောက်ျားလေးတွေဟာ မိန်းကေလးတွေကို သူတို့နဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်စေချင်တာပါ။ မိန်းကလေးတွေငိုဖို့ မှီစရာပုခုံး မဖြစ်ချင်ကြပါဘူး။

စကားမပြောဘဲနေခြင်း

မိန်းကလေးအများစုဟာ ဒေါသထွက်ပြီး စိတ်ဆိုးတဲ့အချိန် စကားမပြောဘဲ နေတတ်ကြပါတယ်။ ရင်ထဲမှာဖြစ်နေတဲ့ နာကျင်မှုနဲ့ဒေါသတွေကြောင့် စကားမပြောချင် ဖြစ်တာပါ။ ပူဆွေးနေမဲ့အစား စကားလုံးတွေနဲ့သာ ဖွင့်ပြောလိုက်ပါ။ နှစ်ယောက် မပြေလည်တာတွေကို စကားနဲ့ ညှိယူလို့ရပါတယ်။

ဝေဖန်ခြင်း

ယောက်ျားလေးတွေဟာ သူတို့ကို ဝေဖန်တာမကြိုက်ပါဘူး။ မိန်းကလေးတွေက သူတို့ကို အုပ်ထိန်းသူတစ်ယောက်လို ဝေဖန်ဆက်ဆံလာတာမျိုးတွေကို မလိုချင်ကြပါဘူး။ အထူးသဖြင့် သူတို့ရဲ့ အမူအကျင့်တွေကို ပြောဆိုတာ မကြိုက်ပါဘူး။ ဒါကြောင့် တစ်ခုခုမကြိုက်ဘူးဆိုရင် အကြံပဲပေးကြည့်ပါနော်။

ဈေးဝယ်ထွက်ခြင်း

ယောက်ျားလေး အတော်များများဟာ မိန်းကလေးတွေ ဈေးဝယ်ထွက်တာကို စောင့်ရရင် စိတ်မရှည်ကြပါဘူး။ မိန်းကလေးတွေ အဝတ်အစားရွေးနေချိန် ယောက်ျားလေးတွေဟာ အကြာကြီးမစောင့်ချင်ကြပါဘူး။ အဲဒါကြောင့် မိန်းကလေးတွေ ဈေးဝယ်တဲ့အချိန် ချစ်သူကိုခေါ်သွားမိရင် မြန်မြန်လေးသာ ရွေးဝယ်ကြနော်။

ထပ်တလဲလဲပြောခြင်း

တစ်နေ့ကို ပျမ်းမျှ ယောက်ျားလေးတွေက စကားလုံး ၁၅၀၀၀ လောက်ပြောတယ်ဆိုရင် မိန်းကလေးတွေက စကားလုံး ၃၀၀၀၀ လောက် ပြောကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေဟာ စကားတွေကို ထပ်ခါတလဲလဲ ပြောမိနေလိုပါ။ ဒီလိုပြောရင်လည်း ယောက်ျားလေးတွေက အရမ်းစိတ်ရှုပ်တတ်ကြပါတယ်။

ကဲ မမတို့ ညီမလေးတို့ သတိထား ဆင်ခြင်နိုင်ကြပါစေနော်…။

Ref: www.wonderslist.com “10 things that men don’t like about women”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top