သရုပ်ဆောင်အလုပ်ထက် အခြားအသက်မွေးဝမ်းကျောင်းအလုပ်ကို ရွေးချယ်ခဲ့ကြတဲ့ အနုပညာမျိုးရိုးရှိသူများ

25-11-2022yyl08.jpg

ဘောလိဝုဒ်လောကမှာ အနုပညာမျိုးရိုးရှိပေမဲ့ သရုပ်ဆောင်အလုပ်ထက် အခြားအသက်မွေးဝမ်းကျောင်းအလုပ်တွေကို ရွေးချယ်ခဲ့ကြတဲ့သူတွေရှိပါတယ်။ သူတို့တွေက ရုပ်ရည်လည်း အသင့်တင့်ရှိကြတဲ့အတွက် သရုပ်ဆောင်အလုပ်လုပ်မယ်ဆိုရင် လုပ်လို့ရတဲ့ အနေအထားမှာရှိကြပါတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာစာဖတ်ပရိသတ်တွေသိရအောင် ဖော်ပြပေးလိုက်ရပါတယ်။

အာရမ် ခန်း

ဘောလိဝုဒ်စူပါစတား ရှရွတ်ခန်းရဲ့သားအကြီးဆုံး အာရမ်ခန်းဟာ အနုပညာလောကထဲဝင်ရောက်လို့ရနိုင်တဲ့အခွင့်အရေးတွေများစွာရှိပါတယ်။ ဒါပေမဲ့ သူဟာ သရုပ်ဆောင်အလုပ်ထက် ဒါရိုက်တာအလုပ်နဲ့ စာရေးတဲ့အလုပ်မှာ ပိုပြီးစိတ်ဝင်စားတဲ့အတွက် အဲဒီအလုပ်တွေကိုပဲ လုပ်ဖို့ အစီအစဉ်ရှိနေပါတယ်။ ဒါရိုက်တာတွေဖြစ်တဲ့ ခါရမ် ဂျိုဟာနဲ့ ဇိုရာ အက်ထာဆီက သရုပ်ဆောင်ကမ်းလှမ်းချက်တွေကိုလည်း ငြင်းပယ်ခဲ့ပါတယ်။

နာဗ်ရာ နာဗီလီ နန်ဒါ

ဝါရင့်သရုပ်ဆောင်မင်းသားကြီး အမီတာဘဂျမ်းရဲ့မြေးမလေး နာဗ်ရာကလည်း အနုပညာမျိုးရိုးကနေ ဆင်းသက်လာတဲ့သူဖြစ်ပေမဲ့ သရုပ်ဆောင်အလုပ်ကို မရွေးချယ်ခဲ့ပါဘူး။ သူ့အဖေလိုပဲ သူဟာ စီးပွားရေးလမ်းကြောင်းပေါ် လျှောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာ သူက အမျိုးသမီးကျန်းမာရေးနဲ့ကြံ့ခိုင်မှုပလပ်ဖောင်း Aara Health ရဲ့တွဲဖက်တည်ထောင်သူနဲ့ စီအီးအိုဖြစ်ပါတယ်။ နာဗ်ရာက အမီတာဘဂျမ်းရဲ့သမီးကြီးဖြစ်တဲ့ ရွှေတာဘဂျမ်းရဲ့သမီးဖြစ်ပါတယ်။

ရှာဟင်းဘက်တ်

​ဘောလိဝုဒ်မင်းသမီး အလီယာဘက်တ်ရဲ့အစ်မ၊ ရုပ်ရှင်ဒါရိုက်တာ မာဟက်ရှ် ဘက်တ်ရဲ့သမီးဖြစ်တဲ့ ရှာဟင်းဘက်တ်က သရုပ်ဆောင်အလုပ်ထက် စာရေးဆရာအလုပ်ကို ရွေးချယ်ခဲ့ပါတယ်။ သူက စိတ်ဓာတ်ကျတာကနေ လွတ်မြောက်ခဲ့သူလည်းဖြစ်ပြီး သူ့ရဲ့လွတ်မြောက်ခြင်းဇာတ်လမ်းတွေနဲ့ ကမ္ဘာကြီးကို လှုံဆော်ပေးနေတာပါ။ သူက အက်ဒီတာနဲ့ရုပ်ရှင်ဖန်တီးသူအဖြစ်လည်း ကြိုးစားခဲ့ပါတယ်။

ခရစ်ရှနား ရှရော့ဖ်

အက်ရှင်မင်းသားတိုက်ဂါးရှရော့ဖ်ရဲ့ညီမ​​ဖြစ်သူ ခရစ်ရှနား ရှရော့ဖ်ကလည်း သရုပ်ဆောင်အလုပ်မလုပ်ပါဘူး။ ဘတ်စကတ်ဘောနည်းပြနဲ့ fitness သမားတစ်ယောက်ပါ။ မွမ်ဘိုင်းမှာ MMA Matrix နာမည်နဲ့ Fitness Centre ဖွင့်ထားပါတယ်။

ရစ်ဒ်ဟီမာ ကာပူးရ် ဆာနီ

ကာပူးလ်မိသားစုရဲ့ သမီး၊ မင်းသားရန်ဘီယာ ကာပူးရ်ရဲ့ညီမ ရစ်ဒ်ဟီမာက လက်ဝတ်ရတနာဒီဇိုင်နာတစ်ဦးအဖြစ် လုပ်ကိုင်နေပါတယ်။ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ ရီရှီ ကာပူးရ်နဲ့ နီတူ ကာပူးရ်တို့ရဲ့သမီးဖြစ်တဲ့ ရစ်ဒ်ဟီမာက ယောဂဝါသနာပါသူလည်းဖြစ်ပါတယ်။

Ref: Indiatimes “From Aryan Khan To Navya Naveli, Star Kids Who Skipped Bollywood To Choose A Different Career”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top