ကမ္ဘာ့အမွေအနှစ် “ဗိဿနိုးဘုရင်မ ( ခ ) ပန်ထွာဧကရီ” ရဲ့ ပျူမြို့ဟောင်း (သို့မဟုတ်) အငြိုးများ၊ အမုန်းတရားများ၊ မာနများနှင့်ပြည့်နေသော ဗိဿနိုးမြို့ဟောင်း

44496511_1762951437149507_8500644747356930048_n-1.jpg

ရှေးဟောင်းသုတေသနဌာနက ဗိဿနိုးမြို့ဟောင်းကြီးကို တော်တော်များများတူးဖော် ထိန်းသိမ်းထားပြီးဖြစ်

အရင်ဆယ်နှစ်ကျော်လောက်ကတော့ သူခိုးဓားပြတွေခိုနေတတ်တဲ့တောမို့ ဘယ်သူမှမသွားရဲကြပေမဲ့ ခုချိန်မှာတော့ ရှေးဟောင်းသုတေသနဌာနက ဗိဿနိုးမြို့ဟောင်းကြီးကို တော်တော်များများတူးဖော် ထိန်းသိမ်းထားပြီးဖြစ်တဲ့အပြင် ရဲစခန်းပါရှိတာမို့ အဆင်ပြေပြေသွားရောက်နိုင်ပါတယ်။

အရင်ကတော့ စေတီမြေနေရာ

အရင်ကတော့ စေတီမြေနေရာ

တောင်တွင်းကြီးကနေ (၁၂) မိုင်အကွာမှာတည်ရှိပြီး ထူးခြားချက်တွေအနေနဲ့ ဗိဿနိုးမြို့ဟောင်းထဲက ပေပင် တွေက အသီးမသီး၊ မကြီးထွားဘဲ နှစ်ထောင်ချီသက်တမ်းရှိနေဆဲဖြစ်ပါတယ်။

ဘာနေရာဆိုတာနဲ့ဘာတွေတူးဖော်ရရှိထားတယ်ဆိုတဲ့ဘုတ်တွေ နေရာတိုင်းမှာရှိ

အပင်တွေရဲ့အမြင့်က လူတစ်ရပ်လောက်ရှိကာ ပန်ထွာဘုရင်မရဲ့ ဆုတောင်းတစ်ခုဖြစ်တဲ့ “ငါလာမှ ကြီး ငါလာမှ သီး” ဆိုတဲ့ ဆုတောင်း အတိုင်း ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက ဘုရင်မလူပြန်မဖြစ်မချင်း မကြီးထွား၊ အသီးမသီးတာ လို့ အဆိုရှိနေပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်

ဥယျာဉ်ထဲမှာ အင်ကြင်းပင်မရှိသော်လည်း ဗိဿနိုးနတ်မင်းကြီးရဲ့အမိန့်နဲ့ အင်ကြင်းပွင့် တွေက ဥယျာဉ်တော်ထဲ အလိုလျောက်ရောက်နေတတ်လို့ အင်ကြင်းဥယျာဉ် လို့ ခေါ်ပါတယ်။ အခုထိလည်း ဘယ်ကမှန်းမသိတဲ့ အင်ကြင်းပွင့်တွေရောက်နေဆဲဖြစ်ပါတယ်။

အထူးသဖြင့် ပန်ထွာဘုရင်မတည်ခဲ့တဲ့ ရွှေရောင်တော်စေတီမှာ အင်ကြင်းပန်းတွေကို ဘုရားပန်း လှူထားတာအပြင် ဘုရားရင်ပြင်တဝိုက် ပြန့်ကြဲစွာ ရှိနေတတ်ကြပါတယ်တဲ့။ မကျွတ်မလွတ်သေးဘူးလို့ဆိုကြပြီး ဗိဿနိုးမြို့ဟောင်းထဲမှာ နေ့အချိန်တောင် ခြောက်ခြားစရာကောင်းနေတာမို့ ညအချိန် တစ်ယောက်တည်းသွားဝံ့သူမရှိမှာ အသေအချာပါ။ သမိုင်းစိတ်ဝင်စားသူတွေ၊ ရှေးဟောင်းသုတေသနသမားတွေအတွက်တော့ အလွန်တန်ဖိုးရှိတဲ့နေရာပါ။

ထွက်ရပ်ပေါက်ဆရာတော်ရုပ်တု

ပုံမှန်အချိန်လူရှင်းပေမဲ့ ရွှေရောင်တော်ဘုရားပွဲစချိန်ဆို တိုးမပေါက်အောင်စည်ပါတယ်တဲ့။ ဘုရားထဲက ဘုန်းကြီးကျောင်းက ဆရာတော်ကြီးဟာ ရဟန္တာဖြစ်အရှင်ထွက်သွားတာမို့ ပုံတူရုပ်ထုထားပေးထားပါတယ်။

ရွှေရောင်တော်ဘုရားပွဲစချိန်ဆို တိုးမပေါက်အောင်စည်

အရင်က ဘုရားမှာ ဘုရင်မအတွက် နန်းဆောင်သီးသန့်ထားရာက ရန်ကုန်ကဘိုးတော်တစ်ဦးရောက်လာပြီး ယခုထားထားတဲ့နေရာကို ရုပ်ထုအသစ်နဲ့အတူရွှေ့ထားရာမှာ ရန်ကုန်ပြန်ရောက်ရောက်ချင်း သေဆုံးသွားတယ်လို့ သိရပါတယ်။ ဘိုးတော်ပုံတူထုထားသော်လည်း အလွန်အသက်ဝင်သောကြောင့် ကြောက်ပြီး ဓာတ်ပုံမရိုက်ခဲ့ပါ။

ဘုရားမှာခြင်္သေ့အကြီးကြီးတွေ

ရာဇဝင်

အနောက်ကနေတက်လာတော့ ဆိုင်းဘုတ်မမြင်မိလို့ တက်မိသေးတယ်

 

နန်းတော်ရာ

ဒွတ္တဘောင်မင်းကြီးနဲ့ ပန်ထွာဘုရင်မတို့ရဲ့ဇာတ်လမ်းကို ကြားဖူးကြမယ်ထင်ပါတယ်။ ရာဇဝင်ထဲမှ ဗိဿနိုးအလိုရှိရာတောင့်တ၍ ဆုတောင်းပန်ထွာပတ္တနာပြုခဲ့သော ပန်ထွာမင်းသမီး၊ ဗိဿနိုးနတ်မင်း ဖန်ဆင်းပေးသော ဗိဿနိုးမြို့၊ တီးခတ်လိုက်လျှင် ရန်သူများမြို့တွင်းသိုမဝင်နိုင်ရန် ချောင်းရေများကို တက်လာစေသည့် အတုလစည်တော်၊ စည်တော်ကြီးတီးလိုက်တိုင်း ရေလုံးကြီးများအရှိန်ပြင်းစွာစီးကျလာတဲ့ ရန်ပယ်ချောင်း၊ အခွန်ပဏ္ဏာတောင်းရန် ပန်ထွာပြည်သို့တိုင်းခန်းလှည့်လည်ရောက်ရှိလာခဲ့သည့် ဒွတ္တဘောင်မင်းကြီးကို မသန့်သောအဝတ်ပုဝါဆက်ခဲ့သည့် ပန်ထွာဘုရင်မ၊ မသန့်သောအဝတ်ဖြင့် မျက်နှာသုတ်ခဲ့မိလို့ မှဲ့ရှင်ကွယ်ခဲ့ရသော ဒွတ္တဘောင်မင်းကြီး၊ ရဟန်းယောင်ဆောင်စေပြီး ပန်ထွာဘုရင်မစည်ကိုဖျက်ခိုင်းသော ဇာတ်လမ်း။ (ရာဇဝင်အပြည့်အစုံကို စာအုပ်ဝယ်ဖတ်နိုင်ဖို့ ဘုရားစောင်းတန်းမှာရောင်းပေးပါတယ်)

ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်

တူးဖော်ရရှိသမျှပြထားသောပြတိုက်

နိုင်ငံသား ဝင်ကြေးအခမဲ့ ၊နိုင်ငံခြားသား (၅၀၀၀) ကျပ်ပါ။ ပြတိုက်ထဲမှာ ပုတီးတွေ၊ ကြေးပြားတွေ ကြည့်ရခြင်းဖြင့် ပျူခေတ်ကလက်ရာတွေ မခေကြောင်းသိရသလို ကျောက်၊ ကြေး၊ သံ လက်နက်များ၊ ရေစင်သွန်းအိုး၊ အရိုးအိုးများ၊ မြေမီးဖုတ်ပစ္စည်းများ၊ ပျူဒင်္ဂါးပြားများ ခင်းကျင်း ပြသထားပါတယ်။

ပြတိုက်ထဲမှာ ပစ္စည်းတွေကိုဓာတ်ပုံရိုက်လို့ရပေမဲ့ လူနဲ့ တွဲရိုက်ခွင့်တော့ ပေးမထားပါဘူး။ မြို့ဟောင်းပုံစံငယ်လေးတွေ လုပ်ပြထားသလို အရိုးအိုးတွေမြင်ရတာလဲ ကြက်သီးထစရာပါ။

ရှောင်ရန်

မြို့ရိုး (အနောက်ကနေတက်လာတော့ ဆိုင်းဘုတ်မမြင်မိလို့ တက်မိသေးတယ်)

အသားလုံးဝစားလို့မရပါ။ ပေါက်ပန်းလေးဆယ်မပြောရပါ။ အုတ်ရိုးများ ရေရှည်တည်တံ့စေဖို့ အုတ်ရိုးပေါ်မတက်ကြစေချင်ပါဘူး။

(ဒီဆောင်းပါးက ရိုးရာလေးရဲ့ မိတ်ဖက် Travelholic YPS Facebook Page မှာ ဖော်ပြထားတဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်)

Ref: Travelholic YPS
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top