မင်းသား Weir နဲ့ လမ်းခွဲလိုက်တဲ့သတင်းနဲ့ပတ်သက်ပြီး အင်တာဗျူးဖြေကြားခဲ့တဲ့ Bella Ranee

2.12.2021yyl3.png

ထိုင်းနိုင်ငံရဲ့နာမည်ကြီးစုံတွဲဖြစ်တဲ့ မင်းသား Weir Sukollawat နဲ့ မင်းသမီး Bella Ranee တို့ လမ်းခွဲလိုက်တယ်ဆိုတဲ့ သတင်းက နိုဝင်ဘာ ၂၆ ရက်နေ့က ထွက်ရှိလာခဲ့တာပါ။ Weir နဲ့ Bella တို့က (၉) နှစ်ကျော် ဆက်ဆံရေးကို အဆုံးသတ်လိုက်ပြီး မောင်နှမဆက်ဆံရေးအဖြစ် ပြောင်းလဲလိုက်ပြီလို့ သတင်းထွက်ရှိလာခဲ့ပါတယ်။

သူတို့စုံတွဲ အချင်းချင်းညှိဖို့ ကြိုးစားခဲ့ပေမဲ့ ညှိနှိုင်းလို့မရခဲ့တာကြောင့် လမ်းခွဲပြီး မောင်နှမလိုနေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့နှစ်ယောက် အချင်းချင်း စကားပြောနေကြပြီး ဆွေးနွေးနေတုန်းပါပဲ။ ဟောလိဝုဒ်ရုပ်ရှင်ကား “Thirteen Lives”မှာ Weir ပါဝင်ရိုက်ကူးပြီးလို့ ပြန်လာတဲ့နောက်မှာ သူတို့ရဲ့ဆက်ဆံရေးကို အဆုံးသတ်ဖို့ မျှော်လင့်ရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြခဲ့တာပါ။ Weir ဩစတြေးလျသွားတဲ့နေ့မှာ Bella က လေဆိပ်ကို လိုက်ပို့ခဲ့ပြီး လေဆိပ်မှာ ရိုက်ကူးခဲ့တဲ့ ပုံက သူတို့ (၂) ယောက်ကို တွဲမြင်ရတဲ့ နောက်ဆုံးပုံဖြစ်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

Weir နဲ့ Bella တို့ရဲ့ပရိသတ်တွေအတွက် စိတ်မကောင်းစရာကတော့ လမ်းခွဲလိုက်တယ်ဆိုတဲ့ သတင်းက အမှန်ပါပဲ။ ဒီဇင်ဘာ (၁) ရက်နေ့က Bella ဟာ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပွဲတစ်ခုကို တက်ရောက်ရင်းနဲ့ အင်တာဗျူးဖြေကြားခဲ့ပါတယ်။ သတင်းထောက်တွေက Bella ကို မင်းသား Weir နဲ့ လမ်းခွဲတာဟုတ်မဟုတ် မေးမြန်းကြတော့ သူတို့နှစ်ဉီး သိကျွမ်းခဲ့တာကြာခဲ့ပြီး ဖြတ်သန်းလာတဲ့တစ်လျှောက်မှာ အမြဲလေ့လာဖြစ်ခဲ့တယ်။ ဒါပေမဲ့ အမြင်ချင်းမတူလို့ ဆွေးနွေးဖြစ်ခဲ့တယ်။ သမီးရည်စားဆက်ဆံရေးကနေ မောင်နှမဆက်ဆံရေးအဖြစ် ပြောင်းလဲကြဖို့ နှစ်ယောက်သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်။ အခုဆိုရင် သူတို့နှစ်ယောက်က တစ်ယောက်ပေါ်တစ်ယောက်ဂရုစိုက်ကြတဲ့ မောင်နှမဖြစ်သွားကြပြီလို့ ဖြေကြားခဲ့ပါတယ်။

အသေးစိတ်ကိုတော့ Weirနဲ့ရော သူနဲ့ရောနဲ့ သက်ဆိုင်တာကြောင့်မို့ မပြောချင်ဘူးလို့ Bella က ဆိုပါတယ်။ သူ့နဲ့သက်ဆိုင်တဲ့အရာတွေကိုတော့ ကျေနပ်စွာနဲ့ ဖြေကြားပါမယ်။ Weir နဲ့ အကြောင်းကိုတော့ သူ့ရဲ့ကိုယ်ရေးကိုယ်တာကို လေးစားမှုပေးချင်တဲ့အတွက် အသေးစိတ်မပြောပြရစေနဲ့လို့ Bella က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မင်္ဂလာပွဲနဲ့ပတ်သက်ပြီး အမြင်ချင်းမတူတာလားလို့ သတင်းထောက်တွေကမေးတော့ ဒီအတွက်ကြောင့် မဟုတ်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အနာဂတ်မှာ သူတို့နှစ်ယောက် ပြန်တွဲဖြစ်ကြမှာလားလို့ မေးမြန်းတဲ့အခါမှာလည်း အနာဂတ်နဲ့ပတ်သက်ပြီး သူ ဖြေကြားလို့မရနိုင်ဘူး။ အခုလက်ရှိမှာတော့ သူတို့နှစ်ယောက် အခုလိုဆုံးဖြတ်ခဲ့ပြီးပြီ။ နှစ်ယောက်စလုံးအတွက် အကောင်းဆုံးဖြစ်တယ်လို့ Bella ဖြေကြားခဲ့ပါတယ်။ အခု သူတို့အချင်းချင်း စကားပြောဖြစ်ကြဉီးမှာလားလို့ မေးမြန်းတော့ Bellaက အရင်လိုပဲ အချင်းချင်း စကားပြောဆိုတာမျိုးလုပ်လို့ရပါတယ်လို့ ဖြေကြားခဲ့ပါတယ်။ သူတို့လမ်းခွဲရတာက ကြားလူကြောင့်မဟုတ်ဘူးလို့လည်း ထုတ်ပြောပြသွားခဲ့ပါတယ်။

ထိုင်းအနုပညာနယ်ပယ်မှာ Weir Sukollawat နဲ့ Bella Ranee တို့က ထိပ်တန်းအနုပညာရှင်တွေပါပဲ။ သူတို့နှစ်ဉီးဟာ ၂၀၁၂ခုနှစ်က “Fatherland” ဇာတ်ကားရိုက်ကွင်းမှာ တွေ့ဆုံမိခဲ့ပြီး ချစ်သူတွေဖြစ်လာခဲ့တာပါ။ အဲဒီအချိန်တုန်းက Bella ဟာ တက်သစ်စမင်းသမီးတစ်ယောက်ပါ။ Weir နဲ့ Bella တို့က အသက်အားဖြင့် (၄) နှစ်ကွာပါတယ်။

Ref: ThaiUpdate “Bella Ranee gives an interview about her recent news at the event”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top