ပါလက်စတိုင်းပြည်သူတွေရဲ့ ကြက်ဥနဲ့ ပစ်ပေါက်ခံရတဲ့ နယူးယောက်မြို့ကောင်စီဝင်တွေ

intl02.jpg

ပါလက်စတိုင်း ပြည်သူတွေဟာအနောက်ဘက်ကမ်းခြေကို အလည်အပတ်လာခဲ့တဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကကောင်စီအဖွဲ့ဝင်တွေကို ကြက်ဥတွေနဲ့ ပစ်ပေါက် ကာဆန္ဒပြခဲ့တယ်လို့သိရပါတယ်။

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အသိမှတ်ပြုခဲ့တာကို ဒေါသထွက်နေကြတဲ့ ပါလက်စတိုင်းပြည်သူတွေက ကြက်ဥနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ နယူးယောက်မြို့ကောင်စီအဖွဲ့ဝင်တွေနဲ့ နယူးယောက်အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ရာမယ်လာမြို့က ပါလက်စတိုင်းရွေးကောက်ပွဲ မဲရလဒ်တွေကို ရေတွက်တဲ့ကုမ္ပဏီ ဆီသွားရောက်ခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြပါလက်စတိုင်းပြည်သူတွေ ဟာ နယူးယောက်မြို့ကောင်စီဝင်တွေကို ကြက်ဥတွေနဲ့ အဆက်မပြတ်ပစ်ပေါက်ခဲ့ကြပြီး ပါလက်စတိုင်းလုံခြုံရေးအဖွဲ့တွေက အမေရိကန်နိုင်ငံသားတွေကို ကာကွယ်မှုတွေပြုလုပ်ခဲ့ရကြောင်းသိရပါတယ်။

ပါလက်စတိုင်းပြည်သူတွေက အမေရိကန်ဟာ ဂျေရုဆလင် ပြဿနာရဲ့အစိတ်အပိုင်းဖြစ်ပြီး ဒီအတွက်အဖြေမရှိဘူးလို့ ဆိုခဲ့ပါတယ်။ အမေရိကန် အစိုးရကတော့ အခုလိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်လိုက်ပြီး နိုင်ငံရေးဆန္ဒပြပွဲတွေ မှာ အကြမ်းဖက်တာတွေ၊ ဒါမှမဟုတ် ကြောက်လန့်စေအောင်လုပ်ဆောင်တာကို ဆန့်ကျင်တယ်လို့ အမေရိကန်အစိုးရက ဆိုခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ ဆာလက်အယ်ခါဝါဂျာက ဒါဟာ ဒီဇင်ဘာ ၆ ရက်နေ့မှာ ဂျေရုဆလင်ကိုအစ္စရေးမြို့တော်အဖြစ် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အသိမှတ်ပြုလိုက်မှုကို ဆန်ကျင်ကြောင်းပြသတာ လို့ပြောခဲ့ပါတယ်။

ပါလက်စတိုင်းတွေဟာဂျေရုဆလင်မြို့အရှေပိုင်းကိုအနာဂတ်နိုင်ငံမြို့တော်အဖြစ်သတ်မှတ်ဖို့ရည်ရွယ်ထားရာအမေရိကန်

အစိုးရရဲ့ဂျေရုဆလင်ကိုအစ္စရေးမြို့တော်တစ်ခုအဖြစ်သတ်မှတ်လိုက်မှုက ပါလက်စတိုင်းနဲ့အစ္စရေးတို့အကြားဆယ်စုနှစ်ချီကြာမြင့်ခဲ့တဲ့ဆွေးနွေးမှုညှိနှိုင်းမှုတွေကို ပျက်စီးစေခဲ့တာဖြစ်ပါတယ်။

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top