အားကစားလုပ်ရင်း သင်ယူနိုင်မယ့် ဘဝသင်ခန်းစာများ

9-7-2020-yyl-026.jpg

အားကစားလုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာခန္ဒာကိုယ်ကို ကျန်းမာသန်စွမ်းစေရုံသာမက စိတ်ကိုလည်း လန်းဆန်းစေနိုင်ပါတယ်။ ဒါ့အပြင် အားကစားလုပ်ရင်းနဲ့ ဘဝနေထိုင်နည်း သင်ခန်းစာများကိုလည်း အလိုလျောက်သင်ယူနိုင်ပါတယ်။

ဘယ်အားကစားမှ ညင်ညင်သာသာလေးမလုပ်ရပါဘူး။ သင့်အမြင်မှာ သိပ်လွယ်ကူနေတယ်ထင်ရတဲ့ အားကစားတစ်ခုဟာ နောက်ကွယ်မှာ အားစိုက်ထည့်ထားရတာတွေ အများကြီးပါ။ ဘယ်အားကစားနည်းမှာမဆို ကြိုးကြိုးစားစားလုပ်ဆောင်မှသာ အောင်မြင်မှုရရှိတာ ဖြစ်ပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာကိုပါ ကြံ့ခိုင်လာစေပါတယ်။ လွယ်လွယ်ကူကူနဲ့ အလျှော့မပေးတတ်တဲ့ စိတ်ဓာတ်ကိုပါ ရရှိလာစေပါမယ်။

၂။ စုပေါင်းလုပ်ဆောင်တတ်ခြင်း
နောက်တစ်ခုကတော့ Teamworkပါ။ လူမှုပတ်ဝန်းကျင်နဲ့ပူးပေါင်းလုပ်ဆောင်တတ်ခြင်းဟာ ချန်ထားခဲ့လို့မရတဲ့ အရေးကြီးအကြောင်းအရာတစ်ခုပါ။ တစ်ဦးတစ်ယောက်ထဲ တော်နေwmထက် စုပေါင်းလုပ်ဆောင်တတ်တဲ့စိတ်ဓာတ်မွေးပြီး ပူးပေါင်းလုပ်ဆောင်တတ်မှသာ ဘဝမှာ ပိုမိုအောင်မြင်နိုင်မှာဖြစ်ပါတယ်။

၃။ ကိုယ်ကျိုးစွန့်တတ်ခြင်း
တစ်ခါတစ်လေမှာ ကိုယ့်ဘက်က အနစ်နာခံလိုက်ရင် ကိုယ့်အဖွဲ့အတွက် အောင်မြင်မှုရနိုင်တဲ့ အချက်ကို အားကစားနည်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ ဒီစိတ်ဓာတ်ကို လုပ်ငန်းခွင်မှာ သေချာအသုံးချန်ုိင်ရင် ကိုယ့်အဖွဲ့တိုးတက်ဖို့ ​​​အဆင်ပြေပါတယ်။

၄။ ရည်မှန်းချက်တစ်ခုထားရှိနိုင်ခြင်းနဲ့ ထိုရည်မှန်းချက်အတွက် ကြိုးစားတတ်လာခြင်း
ရည်မှန်းချက်က ရေတိုနဲ့ ရေရှည်ဆိုပြီးနှစ်မျိုးရှိပါတယ်။ အားကစားလုပ်ရာမှာလည်း ဒီနှစ်မျိုးကို ကိုယ့်ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်ရပါတယ်။ ဒီရည်မှန်းချက်တွေဟာ စဉ်းစားဥာဏ်ကို တိုးတက်စေပြီး အစီအစဉ်တကျလုပ်ဆောင်လာစေတတ်ပါတယ်။ အစီအစဉ်တွေကိုလည်း သေချာစနစ်တကျ ချမှတ်တတ်လာစေပါတယ်။

၅။ အခက်အခဲတွေကို ရင်ဆိုင်တတ်လာခြင်း
ဘဝဆိုတာဘယ်တော့မှ မတရားပါဘူး။ အတားအဆီးတွေက အမြဲအပြည့်ပါ။ ခက်ခဲတဲ့စိန်ခေါ်မှုတွေကို လုပ်ဆောင်နိုင်လာတာနဲ့အမျှ စိတ်ဓာတ်ပိုမာလာပြီး ပိုကြံ့ခိုင်လာမှာ အမှန်ပါပဲ။ ဘယ်လို အတားအဆီးပဲဖြစ်ဖြစ် စိတ်ခံစားချက်ကို ထိန်းညှိပြီး ဘယ်လိုကျော်ဖြတ်နိုင်မလဲ တွေးတောတတ်လာပါလိမ့်မယ်။

၆။ အနိုင်မရရှိခင် အရှုံးဒဏ်​ခံနိုင်လာခြင်း
ဘယ်အရာပဲဖြစ်ဖြစ် တစ်ကြိမ်တည်းနဲ့ အောင်မြင်မှုမရနိုင်ပါဘူး။ အားကစားမှာလည်း ဒီလိုပါပဲ။ တစ်ခုခုကို ရရှိပြီးမြောက်နိုင်ဖို့ အခါခါကြိုးပမ်းရပါတယ်။ ကျရှုံးတဲ့အကြိမ်ရေလည်း များနိုင်ပါမယ်။ ဒါပေမယ့် ဒီသင်ခန်းစာတွေ တဖြည်းဖြည်းသင်ယူနိုင်လာတာနဲ့အမျှ ဘယ်တော့မှ အလွယ်တကူစိတ်ဓာတ်ကျမိမှာ မဟုတ်တော့ပါဘူး။

Sophia(ရိုးရာလေး)

Ref: The Odyssey: 6 Life Lessons that Anyone can learn from playing sports

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top