နားကြပ်အသုံးပြုမှုကြောင့် အကြားအာရုံဆုံးရှုံးနိုင်မှု အန္တရာယ်

yyl-014-3.jpg

စိတ်ဖိစီးမှု သက်သာလျော့ပါးစေဖို့ အလုပ်ကနေ အိမ်ကို ပြန်လာချိန်တိုင်း နားကြပ်တပ်ပြီး ဇာတ်ကားကြည့်လေ့ရှိတဲ့ ရှောင်ကျန်း(အမည်မှန်မဟုတ်ပါ)ဟာ တစ်ရက်မှာတော့ ဘယ်ဘက်နားကနေ ဘာသံမှ မကြားရတော့ပါဘူး။ သူ့နားကြပ်ပျက်သွားပြီထင်လို့ နှစ်ကြိမ်တိုင်တိုင် နားကြပ်အသစ် လဲခဲ့ပေမဲ့ မထူးခြားပါဘူး။ ဒီနောက်မှာတော့ နားကြပ်နဲ့မဆိုင်မှန်း သိသွားတဲ့ ရှောင်ကျန်းက ဆရာဝန်ကို သွားပြခဲ့ပါတယ်။ ရှောင်ကျန်းဟာ ရုတ်တရက် အကြားအာရုံဆုံးရှုံးမှု(SSHL) ခံစားခဲ့ရတာပါ။ ဆရာဝန်ပြဖို့ အချိန်ကြန့်ကြာနေရင် သူ့ရဲ့ဘယ်ဘက်နား လုံးဝပြန်မကြားရတော့တာမျိုး ဖြစ်နိုင်တယ်လို့ ဆရာဝန်က ပြောပါတယ်။

ကမ္ဘာပေါ်က လူငယ်တစ်ဘီလျံကျော်ဟာ စမတ်ဖုန်းတွေ အပါအဝင် အိတ်ဆောင်အော်ဒီယိုကိရိယာတွေကြောင့် အကြားအာရုံ ဆုံးရှုံးရမယ့်အန္တရာယ် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သတိပေးခဲ့ဖူးပါတယ်။ အကြားအာရုံ ဆုံးရှုံးဖို့ အန္တရာယ်ရှိနေတာ လူငယ်တွေတင် မဟုတ်ပါဘူး။ တစ်နေ့ကို မိနစ်(၉၀)ထက်ပိုပြီး နားကြပ်တပ်တဲ့သူတိုင်း အကြားအာရုံ ဆုံးရှုံးတာမျိုး ဖြစ်နိုင်ပါတယ်။ သီချင်းနားထောင်တာ၊ ဇာတ်ကားကြည့်တာ အစရှိတဲ့ ကိစ္စတွေအတွက် နားကြပ်အသုံးပြုတဲ့အခါ အသံကို (၈၀)ရာခိုင်နှုန်းထက် မပိုသင့်ပါဘူး။ နားကြပ်အသုံးပြုတဲ့အခါ အသံကျယ်ကျယ်ထားပြီး အချိန်ကြာကြာ အသုံးပြုတာက အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဈေးကြီးတဲ့ နားကြပ်အကောင်းစားတွေ သုံးတာပဲဖြစ်ဖြစ်၊ အပေါစားနားကြပ်တွေ သုံးတာပဲဖြစ်ဖြစ် အသံကျယ်ကျယ်နဲ့ အချိန်ကြာကြာ သုံးရင်တော့ အန္တရာယ်ဖြစ်စေနိုင်တာချင်း တူတူပါပဲ။ စမတ်ဖုန်း အသုံးပြုမှု များလာတဲ့ ဒီနေ့ခေတ်ကာလမှာ အလုပ်ဆင်းလို့ အိမ်ပြန်လာတဲ့အခါ ကား၊ ရထားပေါ်မှာ ဇာတ်ကားကြည့်တာ၊ သီချင်းနားထောင်တာမျိုး လုပ်တဲ့သူတိုင်း သတိချပ်မိစေဖို့ ရည်ရွယ်တင်ပြလိုက်ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top