ကြက်သွန်နီက အနံ့ဆိုးပေမယ့် ကျန်းမာရေးအတွက်ကောင်းပါတယ်

shutterstock-614533241-722x467-1.png

တစ်ခုခုစားရင် ကြက်သွန်နီမထည့်နဲ့နော်။ ပါးစပ်နံမျာစိုးလို့ မကြိုက်ဘူးဆိုပြီး ပြောနေမိတာ ကိုယ်တိုင်တောင် အစစ်ပါပါတယ်။ ဒါပေမယ့် ကြက်သွန်နီက မီးဖိုချောင်ရဲ့ ဂမုန်းလို့တောင်တင်စားကြတာပါ။ ကြက်သွန်နီက မွှန်တယ်၊ အနံ့ဆိုးတယ်ဆိုပေမယ့် ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုတာပါ။ ဒီတော့ ကြက်သွန်နီကို မကြိုက်ပေမယ့်လည်း စားသင့်တဲ့အကြောင်းအရင်းလေးတွေကိုပြောပြပေးမယ်နော်။

ကြက်သွန်နီ

အခွံက လိမ္မော်ရောင်ခပ်ဖျော့ဖျော့လေးရှိပြီး။ အထဲမှာ အရည်ရွှမ်းတဲ့အသားလွှာလေးတွေအထပ်ထပ်ပါ။ ဟင်းအနှစ်အတွက် ထုထောင်းပြီး ချက်ပြုတ်လေ့ရှိသလို အသုပ်တွေထဲကိုလည်း ပါးပါးလှီးထည့်ပါတယ်။ ကြက်သွန်နီကို မုန့်နှစ်နဲ့ကြော်ပြီး ကြက်သွန်ကြော်စားလေ့ရှိသလို ဆီချက်လေးချက်ပြီး အသုပ်တွေ၊ မုန့်ဟင်းခါး၊ မုန့်တီတို့ထဲထည့်စားတတ်ကြပါတယ်။ အုန်းနို့ခေါက်ဆွဲထဲကိုလည်း ကြက်သွန်နီပါးပါးလှီးပြီးထည့်တတ်ကြပါသေးတယ်။

ကြက်သွန်နီကပေးတဲ့ အာဟာရ

ကြက်သွန်နီမှာကယ်လ်လိုရီ ပါဝင်မှုနည်းပြီး

    1. ဗီတာမင် B
    2. ဗီတာမင် C
    3. ပိုတက်ဆီယမ်
    4. အမျှင်ဓါတ်
    5. ပရိုတင်း
    6. သကြားဓါတ်
    7. မဂ္ဂနိ
    8. သံဓါတ်
    9. ကယ်လ်ဆီယမ်
    10. ကာဗိုဟိုက်ဒရိတ်တို့

ကြွယ်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓါတ်တွေလည်းပါဝင်ပါတယ်။

ကြက်သွန်နီစားသင့်တဲ့ အကြောင်းအရင်း

ကင်ဆာ ကာကွယ်ပေးတယ်

ကြက်သွန်နီမှာ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို ဗီတာမင် C လည်းကြွယ်ဝစွာပါဝင်နေတာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ နဲ့ ဆီးကျိတ်ကင်ဆာတွေမဖြစ်အောင်အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာကျိတ်တွေကို ထပ်မပွားလာအောင်လည်း အထိရောက်ဆုံးဟန့်တားပေးနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ သွေးတွင်းက အကျိုးမပြုကိုလက်စထရောပမာဏကိုကျဆင်းစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးပေါင်ကျစေနိုင်ပြိး နှလုံးကို သွေးတိုးကြောင့် ထိခိုက်တာမျိုးမဖြစ်အောင်လည်း အကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်မှာပါ။ အဝလွန်နေသူတွေလည်း အထူးစားသုံးပေးသင့်ပါတယ်။ သွေးခဲပိတ်ဆို့မှုတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

အိပ်ပျော်စေနိုင်တယ်

ကြက်သွန်နီက စိတ်ဓါတ်ကျတာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး ဦးနှောက်ဆီကို လိုအပ်တဲ့ အာဟာရတွေနဲ့ သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေနိုင်ပါတယ်။ စိတ်ခံစားမှုကိုကောင်းစေတဲ့ ဟော်မုန်းတွေဖြစ်ကြတဲ့ ဒိုပါမင်၊ ဆီတိုနင်၊ အောက်ဆီတိုဆင် ဟော်မုန်းတွေကို ထွက်ရှိစေပြီး စိတ်ပျော်ရွှင်စေနိုင်သလို အစားစားချင်စိတ်ကိုလည်း ဖြစ်စေနိုင်ပါတယ်။

အရေပြားနဲ့ဆံသားကို ကျန်းမာစေနိုင်တယ်

ဗီတာမင် C ကြွယ်ဝမှုကြောင့် ကော်လာဂျင်ထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ဆံသားနဲ့ အရေပြားကို ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။

သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတယ်

ကြက်သွန်နီမှာ သွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်တဲ့ quercetin နဲ့ sulfur ဒြပ်ပေါင်းတွေပါဝင်နေတာကြောင့်သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပြီး အမျိုးအစား -၂ ဆီးချိုရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုနိုင်ပါတယ်။

အရိုးတွေသန်မာစေနိုင်တယ်

နို့နဲ့နို့ထွက်ပစ္စည်းတွေကပဲ အရိုးတွေကို သန်မာစေတာမဟုတ်ပါဘူး။ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ ကြက်သွန်နီကလည်း အရိုးတွေကိုသန်မာစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရိုးသိပ်သည်းဆ လျော့ကျမှုကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အရိုးပွရာဂါ အရိုးပါးတာတွေကို ကာကွယ်လိုသူတိုင်း နေ့စဉ်ကြက်သွန်နီစားပေးသင့်ပါတယ်။

အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်

အမျှင်ဓါတ်နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရတွေပါဝင်နေမှုကြောင့် အစာခြေစနစ်ကို ကျန်းမာစေသလို အူလမ်းကြောင်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အစာခြေစနစ်ကျန်းမာမှုနဲ့အတူ ကိုယ်ခံအားကိုကောင်းစေပြီး ခန္ဓါကိုယ်ကို ရောဂါတွေအန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

Ref : HelloSayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top