ကမ္ဘာ့လက်ဆေးရေးနေ့ ၂၀၁၉

washing-hands-girl.jpg

Cute little girl is washing hands under running water.

ကမ္ဘာ့လက်ဆေးရေးနေ့ (Global Handwashing Day) ဟာ နှစ်စဉ် အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ အသိပညာ ပေးရေးနေ့ တစ်ခုဖြစ်ပြီး၊ ရောဂါပိုးမွှားတွေကို ကာကွယ်ဖို့နဲ့ လူ့အသက်တွေကယ်တင်ဖို့ ထိရောက်ပြီး သက်သာတဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ လက်ကို ဆပ်ပြာနဲ့ဆေးခြင်းရဲ့ အရေးကြီးတဲ့ချက်ကို နားလည်စေဖို့နဲ့ အသိပညာမြှင့်တင်ပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ကမ္ဘာ့ လက်ဆေး ရေးနေ့ကို Global Public-Private Partnership for Handwashing with Soap ကနေပြီး ၂၀၀၈ ခုနှစ်မှာ စတင်ဆင်နွှဲခဲ့ပါတယ်။

လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောခြင်းဟာ စားရိတ်အကုန်အကျ မများဘဲ ဝမ်းပျက်ဝမ်းလျော နဲ့ နာတာရှည် အသက်ရှူ လမ်း ကြောင်း ရောဂါများကို အင်မတန်ထိရောက်စွာ ကာကွယ် နိုင်ပါတယ်။ နှစ်စဉ် ကမ္ဘာတစ်ဝန်း ကလေးငယ်ပေါင်း ၃.၅သန်းခန့်ဟာ ဒီလို လက် ဆေးခြင်းဖြင့် ကာကွယ် နိုင်တဲ့ရောဂါ တွေကြောင့် သေဆုံးနေကြရပါတယ်။ နောက်ဆုံးရ အချက်အလက်အရ ၂၀၁၈ ခုနှစ်အတွင်း မြန်မာ နိုင်ငံက ကလေးသေဆုံးမှုနှုန်းထားကတော့ အသက်ရှင်လျက်မွေးဖွားတဲ့ ကလေး အယောက် ၁၀၀၀ မှာ ၄၆ ယောက် သေဆုံး တာ ဖြစ်ပြီး ဒေသတွင်း ပျမ်းမျှနှုန်းထားထက် အနည်းငယ် မြင့်နေပါတယ်။ ဒီလို အသက် ၅ နှစ်အောက် သေဆုံးမှုတွေရဲ့ ၄၀% နဲ့ ကလေးသေဆုံးမှု အား လုံးရဲ့ လေးပုံတစ်ပုံဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ နမိုးနီးယားရောဂါ အစရှိတဲ့ ကာကွယ်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်ပေါ်နေတာ ဖြစ်ပါ တယ်။

ဒါ့အပြင် လက်ဆေးခြင်းဟာ မွေးကင်းစကလေး သေဆုံးခြင်းကို သိသိသာသာလျှော့ချပေးနိုင်ကြောင်း အထောက်အထား တွေက သက်သေ ပြ နေပါတယ်။ ကလေးကို မကိုင်တွယ်ခင် လက်ကို ဆပ်ပြာနဲ့ဆေးတဲ့ မိခင်တွေနဲ့ ကလေးထိန်းတွေနဲ့ ထိတွေ့ရတဲ့ မွေးကင်းစ ကလေးငယ် တွေမှာ သေဆုံးမှုနှုန်း ၄၁% ပိုနည်းပါတယ်။

များစွာသော ဘက်တီးရီးယား ကာကွယ်တဲ့ ဆပ်ပြာတွေထဲကမှ Lifebuoy ဟာ ရောဂါပိုး ၁၀ မျိုးကနေ အကောင်းဆုံး ကာကွယ် ပေးနိုင် ကြောင်း သိရပါတယ်။ Lifebuoy ကနေတစ်ဆင့် ဆပ်ပြာနဲ့ လက်ဆေးတာ ဘယ်လောက် အရေးပါတယ် ဆိုတဲ့အကြောင်းကို အသိပေး ပြီး နောက် ၂၀၀၈ ခုနှစ်ကနေစပြီး ကလေးငယ်တွေကြား ဝမ်းလျှောမှုကြောင့် ဖြစ်ပေါ်တဲ့ သေဆုံးမှုတွေက သိသိသာသာ လျော့ကျ သွား ကြောင်း တွေ့ရှိရပါတယ်။ ဒီနေ့ဒီအချိန်အထိ Lifebuoy ကနေဦးစီးပြီးတော့ နှစ်တိုင်း Global Handwashing Day ကို ကျင်းပလျက် ရှိပြီး ရိုးရှင်းစွာ လက်ဆေးခြင်း ကနေတစ်ဆင့် အသိပညာပေးပြီး ကောင်းသောအမူအကျင့်များကို ကလေးငယ်များ ကျင့်သုံးစေပြီး အသက် ၅ နှစ် အထက်ရောက်ရှိနိုင်ဖို့ ဆောင်ရွက်လျက် ရှိပါတယ်။

Lifebuoy ရဲ့ အစီအစဉ်ရလဒ်တွေအရ School of 5 အစီအစဉ်အပြီးမှာ ကလေးတွေ အစာမစားခင် လက်ဆေးတဲ့ အလေ့အကျင့် တိုးတက် လာပါတယ်။ ဒီရိုးရှင်းတဲ့ အပြောင်းအလဲလေးကပဲ ကလေးသူငယ်တွေအတွက် ရောဂါတွေကို ကာကွယ်ပေးရာမှာ ကူညီပေးနိုင်ပါတယ်။ ဒီ အစီအစဉ်က ရိုးရှင်းသလို ထိရောက်မှုရှိပါတယ်။ ဒါက ကမ္ဘာပေါ်မှာ အကြီးဆုံး တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့် ပြောင်းလဲပေး မယ့် အစီအစဉ် တွေထဲက တစ်ခုဖြစ်ပါတယ်။ Nielsen ရဲ့ တွေ့ရှိချက်တွေအရ စမ်းသပ်ကျေးရွာတွေက သုတေသနပြုလုပ်ခဲ့တဲ့ အသက် ၈ နှစ်မှ ၁၃ နှစ်ကြားကလေး ၁၀၇ ယောက်မှာ School of 5 အစီအစဉ် မလုပ်ခင် ၉% ကပဲ အစာမစားမီ လက်ကို ဆပ်ပြာနဲ့ ဆေးကြပြီး အစီ အစဉ်အပြီးမှာတော့ ၂၀% အထိ တိုးတက်လာခဲ့ပါတယ်။

ဒီနှစ် Global Handwashing Day မှာတော့ Lifebuoy က သူတို့ရဲ့ အရေအတွက်ကန့်သတ်ပြီး ထုတ်လုပ်ထားတဲ့ ဆပ်ပြာဗူးအမျိုးအစားကို မိတ်ဆက်ပေးခဲ့ပြီး ကလေးငယ်များကို လက်ဆေးခြင်းဖြင့် အသိပညာ ဖြန့်ဝေဖို့အတွက် Lifebuoy မှ ထိုဆပ်ပြာဘူး တစ်ဗူးဝယ်တိုင်း ၂၀၀ ကျပ် လှူဒန်းသွား မှာလို့ သိရှိရပါတယ်။ Lifebuoy ဟာ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူပေါင်း သန်း၂၀ ထံသို့ ၎င်း၏ လက်ဆေးခြင်း အစီ အစဉ်များဟာ ရောက်ရှိရန် ရည်ရွယ်ကြောင်းလဲ သိရှိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top