ကမ္ဘာ့ကျားနေ့ (သို့မဟုတ်) အပြည်ပြည်ဆိုင်ရာကျားနေ့

GTD-poster.jpg

ဒီနေ့ကျရောက်တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ဟာ ကမ္ဘာ့ကျားနေ့ ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာကျားနေ့လို့လည်း ခေါ်ပါတယ်။

၂၀၁၀ ခုနှစ်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာကျင်းပတဲ့ ကျားများထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာညီလာခံမှာ ဇူလိုင်လ ၂၉ ရက်နေ့ကို ကမ္ဘာ့ကျားနေ့အနေနဲ့ စတင်သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ သားရေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက် အမဲလိုက်ခံရမှု၊ စနစ်တကျထိန်းသိမ်းမှုတွေနည်းပါးလာမှုနဲ့ တခြားသောအကြောင်းတွေကြောင့် ကမ္ဘာအနှံ့မှာ ကျားအကောင်ရေဟာ တဖြည်းဖြည်းလျော့နည်းလာပြီး မျိုးတုံးပျောက်ကွယ်လုနီးနီးအခြေအနေကို ရောက်ရှိလာပါတယ်။ အဲဒါကြောင့် ကျားတွေနဲ့ သူတို့ရဲ့ သဘာဝအလျောက်ရှင်သန်နေထိုင်ရာရပ်ဝန်းတွေကို ကာကွယ်ထိန်းသိမ်းပေးရမယ်ဆိုတဲ့အသိကို မြှင့်တင်ဖို့ ဒီနေ့အခမ်းအနားကို သတ်မှတ်ကျင်းပကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အနှစ်တစ်ရာကျော်လောက်အတွင်းမှာ ကမ္ဘာပေါ်မှာ ရှိခဲ့သမျှ ကျားကောင်ရေရဲ့ ၉၇ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ရပါတယ် ။ အစက အကောင်ရေတစ်သိန်းဝန်းကျင်နေရာမှာ အခု အကောင်ရေ ၃၀၀၀ လောက်သာ ရှိနေတော့တယ်လို့ သိရပါတယ်။ ဒီနှုန်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် နောက်ထပ် ၅ နှစ်တာကာလအတွင်း ကျားတွေအားလုံး မျိုးတုံးပျောက်ကွယ်သွားတော့မှာဖြစ်တယ်လို့ ၂၀၁၅ ခုနှစ်တုန်းက သုတေသနပြုချက်တစ်ခုက ဆိုပါတယ်။

Ref: www.tigerday.org
ကျော်သန့်(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top