ခြေဗလာနဲ့ လမ်းလျှောက်ခြင်းကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး

cropped-view-of-beautiful-young-woman-walking-in-PGJTA69.jpg

ပထဝီဓာတ်ယူပါ။ မြေကြီးဓာတ်ယူပါလို့ ပြောတာကို ကြားဖူးကြမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး မြေကြီးဓာတ် ပြည့်ဝစေဖို့အတွက် လုပ်ဆောင်နိုင်မယ့် အရိုးစင်းဆုံး နည်းလမ်းကတော့ ခြေဗလာနဲ့လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။

ခြေထောက်ကို မြေကြီးနဲ့ တိုက်ရိုက်ထိတွေ့ပြီး လျှောက်ပေးတာက ခန္ဓာကိုယ်ကို ကမ္ဘာမြေဆီကနေ negative electrons တွေကို စုပ်ယူနိုင်စေသလို ခန္ဓာကိုယ်ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို စည်းချက်ညီစေပြီး ကိုယ်တွင်းက bioelectrical ဝန်းကျင်ကိုလည်း ဟန်ချက်ညီအောင် လုပ်ဆောင်ပေးပါတယ်။

တိုးတက်လာတဲ့ လူနေမှုဘဝ ပုံစံကြောင့် ကျွန်မတို့ဟာ မိခင် ကမ္ဘာမြေကြီးနဲ့ ထိတွေ့ခွင့်ကို တော်တော်လေးကို ဆုံးရှုံးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ပေးပြီး ကမ္ဘာမြေကြီးနဲ့ တိုက်ရိုက်ထိတွေ့မှုကို ခံစားကြည့်လိုက်ပါ။ သင်ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာ အသေအချာပါပဲ။

ခြေချင်းဝတ်နဲ့ခြေဖဝါးတွေကို သန်မာစေခြင်း

ခြေဗလာနဲ့ လမ်းလျှောက်တာက ခြေထောက်ကို သဘာဝအတိုင်း လှုပ်ရှားနိုင်ခွင့် ရရှိစေတာကြောင့် ခြေချင်းဝတ်နဲ့ ခြေဖဝါးတွေကို သန်မာစေပါတယ်။ ရှုးဖိနပ်တွေက ကြွက်သားတွေကို ချည့်နဲ့စေပြီး ခြေဖဝါးတွေကို အားနည်းစေပါတယ်။ ခြေချင်းဝတ်တွေနဲ့ ခြေဖဝါးတွေက ကြွက်သားတွေကို မြေကြီးနဲ့ မှန်မှန်ထိတွေ့စေမယ်ဆိုရင် ခြေထောက်နဲ့ ဦးနှောက်ကြားက ချိတ်ဆက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ကို ပိုမိုဟန်ချက်ညီလာစေပြီး ပိုမိုသန်မာလာစေသလို ထိခိုက်ဒဏ်ရာ ရမှုတွေကနေလည်း ပိုမိုခံနိုင်ရည် ရှိစေပါတယ်။

နာကျင်မှု နဲ့ ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ခြင်း

လေ့လာမှုတစ်ရပ်အတွင်း ၈ ပတ်ဆက်တိုက် မြေကြီးမှာ ခြေဗလာနဲ့ လမ်းလျှောက်စေခြင်းက နာကျင်မှုဗတွကို လျော့ပါး သက်သာစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေနိုင်သလို အိပ်ပျော်စေပါတယ်။ စမ်းသပ်မှုကာလ ပြီးဆုံးတဲ့နောက် လေ့လာမှုမှာ ပါဝင်သူတွေမှာ ကော်တီဇော ပမာဏကျဆင်းနေတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ခြေဗလာနဲ့ ပုံမှန်လမ်းလျှောက်သူတွေက ခြေဗလာနဲ့ လမ်းမလျှောက်တဲ့သူတွေထက် ပိုမိုအိပ်ပျော်တာကို တွေ့ရှိခဲ့ရပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်ခြင်း

ခြေဗလာနဲ့ လမ်းလျှောက်တာက သွေးဖြူဥဆဲလ် အရေအတွက်ကို ကျဆင်းစေပြီး သွေးနီဥဆဲလ် အရေအတွက်ကို တိုးစေနိုင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။

နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ခြင်း

ခြေဗလာနဲ့ လမ်းလျှောက်တာက သွေးနီဥဆဲလ် အရေအတွက်ကို တိုးစေနိုင်ပြီး သွေးနီဥဆဲလ်တွေရဲ့ surface charge ကို တိုးစေနိုင်တာကြောင့် သွေးပျစ်နိုင်ခြေကို လျော့ကျစေပါတယ်။ သွေးပျစ်တဲ့ ပမာဏ မြင့်တက်လာမှုက နှလုံးရောဂါ ဖြစ်နိုင်ခြေနဲပ တိုက်ရိုက်ဆက်စပ်နေပါတယ်။ မြေကြီးပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်တာက နှလုံးရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။

အာရုံကြောစနစ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှု နဲ့ ပူပန်မှုတွေကို လျော့ကျစေနိုင်ခြင်း

မြေကြီးပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်တာက စိတ်ခံစားမှုကို ထိန်းညှိပေးပြီး အာရုံကြောစနစ်တွေကို ထိန်းညှိရာမှာလည်း အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်ကို မြေကြီးနဲ့ တိုက်ရိုက်ထိတွေ့စေခြင်းက စိတ်ပူပန်မှုကို လျော့ကျစေပြီး စိတ်ဖိစီးမှုကိုပါ လျော့ကျစေပါတယ်။ ကမ္ဘာမြေကြီးမှာ negative charge ရှိနေပြီး ခန္ဓာကိုယ်မှာ positive charge ရှိနေတာကြောင့် နေ့စဉ် ကမ္ဘာမြေကြီးနဲ့ ထိတွေ့မှုက လျှပ်စစ်သံလိုက်လှိုင်းတွေကို ထိတွေ့စေသလို ဖြစ်စေတာကြောင့် မြေကြီးနဲ့ အချိန်များများပေးပြီး ထိတွေ့ပေးတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အထောက်အကူ ရရှိစေပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ပါး သက်သာစေနိုင်ခြင်း

မြေကြီးနဲ့ တိုက်ရိုက်ထိတွေ့မှုက နာကျင်မှုဝေဒနာ တော်တော်များများကို သက်သာစေပါတယ်။ ခြေဗလာနဲ့ လမ်းလျှောက်တာက ရာသီလာစဉ် နာကျင်ကိုက်ခဲတာကိုလည်း လျော့ပါး သက်သာစေပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်တွင်းခံစားချက် တစ်ရပ်ရပ်ကြောင့် နာကျင်မှုကို ခံစားရတာဖြစ်ပြီး စိတ်ခံစားမှုကလည်း ရာသီလာစဉ် နာကျင်ကိုက်ခဲမှုအပေါ်မှာ တော်တော့်ကို သက်ရောက်မှု ရှိနေပါတယ်။ နာကျင်မှု ခံစားလာရပြီဆိုရင် တံခါးဖွင့်ပြီး အိမ်အပြင်ဘက် ထွက်လိုကိပါ။ ဖိနပ်ချွတ်ပြီး မြေကြီးပေါ် လျှောက်လိုက်ပါ အကိုက်အခဲပျောက်ဆေး သောက်စရာမလိုဘဲ နာကျင်မှုကို လျော့ပါးသက်သာစေမှာ သေချာပါပဲ။ မြေကြီးက ဘေးထွက်ဆိုးကျိုး မရှိဘဲနဲ့ နာကျင်မှုကို လျော့ပါး သက်သာစေနိုင်စွမ်း ရှိပါတယ်။

ကြွက်သားတွေကို ပြေလျော့စေပြီး ခေါင်းကိုက်တာကို သက်သာစေခြင်း

ရှေ့ပြေးလေ့လာမှုတစ်ရပ်အရ မြေကြီးပေးမှာ ဖိနပ်မစီးဘဲ လျှောက်တာက လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ခံစားရတတ်တဲ့ ကြွက်သားနာကျင်မှုတွေကို သက်သာစေနိုင်သလို တစ်နေကုန် အလုပ်စားပွဲမှာထိုင်ပြီး အလုပ် လုပ်ရတာကြောင့် ခံစားရတတ်တဲ့ ကြွက်သား တောင့်တင်းနာကျင်မှုတွေကိုလည်း လျော့ပါး သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းက ဓာတ်ရောင်ခြည်တွေနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့မှုကြောင့် ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို မြေကြီးနဲ့ တိုက်ရိုက်ထိတွေ့စေလိုက်မယ်ဆိုရင် ကိုယ်တွင်းက free radical တွေကို ကျဆင်းသွားစေပြီး ခေါင်းကိုက်တာကိုလည်း လျော့ပါး သက်သာစေပါတယ်။

စွမ်းအင်တိုးစေနိုင်ခြင်း

ခန္ဓာကိုယ်ကို မြေကြီးနဲ့ တိုက်ရိုက်ထိတွေ့စေခြင်းက သဘာဝတရားက ထုတ်လွှတ်တဲ့ ကြိမ်နှုန်းတွေကို ခန္ဓာကိုယ်က ပိုမိုရရှိပြီး စွမ်းအင်တွေ တိုးလာစေနိုင်ပါတယ်။ ခေတ်သစ် လူနေမှုပုံစံက သင့်ရဲ့ ရှင်သန် ဖြစ်တည်မှုအပေါ်မှာ ထိခိုက်စေမှုတွေ မလွဲမသွေ ကြုံတွေ့ရစေနိုင်တာကြောင့် မြေကြီးကို သဘာဝအတိုင်း ထိတွေ့မှုကို အချိန်ပေးပြီး လုပ်ဆောင်ပေးပါ။

Free Radical တွေကို လျော့ကျစေနိုင်ခြင်း

မြေကြီးနဲ့ ထိတွေ့လိုက်တဲ့အခါ ကမ္ဘာမြေကနေ free electron တွေကို ခန္ဓာကိုယ်က လက်ခံရရှိသွားတာကြောင့် ကိုယ်တွင်းက free radical တွေကို လျော့ကျသွားစေပါတယ်။ Free radical တွေက ခန္ဓာကိုယ်ပေါ်က ကျန်းမာတဲ့ ဆဲလ်တွေကို ပျက်စီးစေနိုင်သလို အိုမင်း ရင့်ရော်မှုကို ဖြစ်စေနိုင်ပါတယ်။ နေ့စဉ် မြေကြီးနဲ့ ထိတွေ့ပေးတာနဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးပေးတာက ခန္ဓာကိုယ်မှာ Free radical ကင်းစင်စေအောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းပဲ ဖြစ်ပါတယ်။

သန့်ရှင်းတဲ့ မြေကြီးပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်ရင်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တွေကို ငွေကုန်ကြေးကျမများဘဲ ရရှိနိုင်ကြစေဖို့ တစ်နေ့ကို အချိန်အနည်းလောက်ပေးပြီး လမ်းလျှောက်ပေးဖို့ တိုက်တွန်းလိုပါတယ်။

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top