သင့်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ သစ်သီးအစေ့များ

unnamed-2.png

သစ်သီးစားသုံးတာက ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။ အရသာရှိတဲ့အပြင် သင့်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေနဲ့လည်း ပြည့်ဝနေတာပါ။ အသီးရဲ့အပြင်ဘက်အသားတွေက အစေ့ကို ကာကွယ်ထားတဲ့အလွှာဖြစ်တဲ့အတွက် သင့်ကျန်းမာရေးအတွက် အသီးရဲ့အစေ့ကို စားသုံးတာကလည်း အကျိုးကျေးဇူးတချို့ရရှိပါတယ်။ တချို့အသီးတွေရဲ့အစေ့ကတော့ စားသုံးလို့မရပါဘူး။ ဒါပေမဲ့ စားသုံးလို့ရတဲ့အစေ့တွေကိုတော့ ကျွန်တော်တို့တွေက ကျန်းမာရေးအတွက် ကောင်းမှန်းမသိဘဲ ဖယ်ပစ်တတ်ပါတယ်။

အသားရေကောင်းဖို့အတွက် ဖရဲစေ့

ဖရဲသီးကတော့ ရေဓာတ်အများဆုံးရတဲ့ နွေရာသီစာဖြစ်ပါတယ်။ ကျွန်တော်တို့တွေက ဖရဲသီးစားတဲ့အခါမှာ ဖရဲစေ့တွေကို ဖယ်ပစ်တတ်တဲ့အလေ့အထရှိကြပါတယ်။ တကယ်တော့ ဖရဲစေ့က ဗီတာမင်စီကြွယ်ဝပြီး ဝက်ခြံကုသတဲ့အခါ အသုံးပြုတဲ့ အန်တီအောက်စီဒန့်ဓာတ်လည်းပါဝင်တဲ့အတွက် အသားရေကောင်းအောင် ကူညီပေးနိုင်ပါတယ်။

ဖရဲစေ့ကို လှော်ပြီးစားသုံးနိုင်သလို အသီးကနေ တိုက်ရိုက်စားသုံးမယ်ဆိုရင်လည်း အန္တရာယ်မရှိပါဘူး။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစာခြေစနစ်အတွက် သင်္ဘောစေ့

သင်္ဘောသီးက အာဟာရကြွယ်ဝတဲ့အသီးဖြစ်ပြီး အကျိုးကျေးဇူးများစွာလည်းရှိပါတယ်။ အခြားအသီးတွေလို ကျွန်တော်တို့ သင်္ဘောသီးမစားခင် အစေ့တွေကို ဖယ်ပစ်ကြပါတယ်။ သင်္ဘောစေ့တွေက အစာခြေစနစ်အားကောင်းစေတဲ့ ပါပိန်း (Papain) လိုခေါ်တဲ့ အင်ဇိုင်းဓာတ်ကြွယ်ဝပါတယ်။ အစေ့ကို သင်္ဘောသီးနဲ့အတူ ဝါးစားနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျဖို့အတွက် သလဲစေ့

သလဲသီးစားရတာလည်း သလဲစေ့ထွေးထုတ်ရတဲ့အတွက် အလုပ်ရှုပ်ပါတယ်။ သလဲသီးက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။ သလဲစေ့တွေကလည်း ကျန်းမာရေးအတွက်ကောင်းပြီး ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။ သလဲစေ့ရဲ့အကျိုးကျေးဇူးကို ရချင်ရင်‌တော့ သလဲစေ့ကို စားပေးနိုင်သလို သလဲသီးကို ဖျော်ရည်အဖြစ် သောက်သုံးနိုင်ပါတယ်။

အားအင်တိုးစေဖို့အတွက် လိမ္မော်စေ့

လိမ္မော်သီးကနေရရှိတဲ့ အကျိုးကျေးဇူးတွေကို ကျွန်တော်တို့အားလုံးသိထားပြီးသားပါ။ ကျွန်တော်တို့တွေက လိမ္မော်သီးစားတဲ့အခါ အစေ့ကို ဖယ်ပစ်တတ်ကြပါတယ်။ လိမ္မော်စေ့ကလည်း ခန္ဓာကိုယ်က စွမ်းအင်ပမာဏကို တိုးမြှင့်ပေးနိုင်ပါတယ်။ လိမ္မော်စေ့ကို လိမ္မော်သီးစားရင်းနဲ့ တစ်ခါတည်းဝါးစားနိုင်သလို အသီးနဲ့အတူ ဖျော်ရည်လုပ်သောက်နိုင်ပါတယ်။

စိတ်ကျန်းမာရေးအတွက် ပင်မှည့်သီးစေ့

ပင်မှည့်သီးကလည်း ချဉ်အရသာပေးစွမ်းပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပါတယ်။ ပင်မှည့်စေ့ကလည်း အသီးလိုပဲ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ပင်မှည့်သီးစေ့က စိုးရိမ်ပူပန်မှုကို တွန်းလှည့်နေရတဲ့သူတွေကို ကူညီပေးနိုင်တဲ့ မဂ္ဂနီစီယမ်ကြွယ်ဝပါတယ်။ ပင်မှည့်သီးနဲ့အတူအစေ့ကို ဝါးစားနိုင်တဲ့အပြင် ဖျော်ရည်လုပ်သောက်နိုင်ပါတယ်။

Ref: Fruit Seeds We Usually Throw Away, but Eating Them Can Boost Your Health
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top