Selfie အသားပေးနဲ့ FullView Display က V7+ ရဲ့ အောင်မြင်ခြင်းသော့ချက်လား

24MP-and-FullViewTM-Display-are-the-key-points_02.jpg

လက်ရှိအချိန်မှာလူကြိုက်များနေတဲ့ V7+ ဟာ မြန်မာဈေးကွက်ထဲတင်မကဘဲ အရှေ့တောင်အာရှ ဈေးကွက်တွေဖြစ်တဲ့၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေမှာလည်းမူလမျှော်မှန်းထားတဲ့ ပမာဏထက် ပိုရောင်းနေရတဲ့ ထုတ်ကုန်ဖြစ်နေပါတယ်။

ဘာကြောင့် V7+ ဟာ အခုလို လူကြိုက်များနေရတာလဲ။ Vivo ရဲ့ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခု ဘာကြောင့်ဖြစ်လာရတာလဲဆိုတာက စိတ်ဝင်စားစရာပါ။ သုံးသပ်ကြည့်ရင် Vivo ဟာ ခေတ်ရေစီးကြောင်းနဲ့အညီ သူ့ရဲ့ ထုတ်ကုန်ကို အကောင်းဆုံး ပြုလုပ်ထားတာက အဓိကအချက်ပါပဲ။

ဒီခေတ်မှာ Smartphone ကိုင်သူတိုင်း အဓိကထားပြီးကြည့်တာက Selfie ရိုက်လို့ ကောင်းမကောင်းဆိုတာပါ။ V7+ ဟာ power user တွေအတွက် ပြီးပြည့်စုံတဲ့ ဖုန်းအမျိုးအစား မဟုတ်ပေမယ့် ပေါ့ပေါ့ပါးပါး သုံးချင်တဲ့ လူငယ်တွေအတွက်တော့ သင့်တော်ကောင်းမွန်တဲ့ ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ အထူးသဖြင့် selfie ယဉ်ကျေးမှုထဲက selfie lover တွေအတွက် အကောင်းဆုံးဖြစ်အောင် ထုတ်လုပ်ထားတယ်ဆိုတာကို အောက်မှာ ဖော်ပြထားတဲ့ အချက်တွေက သက်သေခံနေပါတယ်။

V7+ ဟာ 24 MP အရှေ့ကင်မရာ၊ FullViewTM Display ဆိုတဲ့ အချက်နှစ်ချက်ကို အဓိက ဦးတည်ပြီး ဈေးကွက်ထဲကို ထိုးဖောက်လာတာပါ။ 24MP အရှေ့ကင်မရာဟာကမ္ဘာ့ mega pixel အများဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ တကယ်လည်း ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကို ဖမ်းယူနိုင်ပါတယ်။ Vivo ဟာ ဒီအားသာချက်ကို ပိုပြီး အင်အားကြီးမားစေတဲ့ feature တွေကိုလည်းထည့်သွင်းထားပြန်ပါသေးတယ်။ အဲ့ဒါတွေကတော့ 24MP, Aperture f2.0 အပြင် Selfie Soft Light တို့ကို မျက်နှာအလှ ပြုပြင်စနစ် 7.0 တို့ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ခံဝေဝါးပေးတဲ့ စနစ်ကြောင့် အလှပုံတိုင်းမှာ DSLR ကင်မရာနဲ့ ရိုက်ထားသလို နောက်ခံမြင်ကွင်းတွေက ဝေဝါးပြီးအဓိက subject က ကြည်လင် ပြတ်သားစွာ ထင်ရှားနေမှာပါ။ တစ်ယောက်ချင်းတင်မကဘဲ အဖွဲ့လိုက် Selfie ရိုက်ရင်လည်း တစ်ယောက်ချင်းစီရဲ့ မျက်နှာ၊ နောက်ခံ အရာဝတ္ထု တွေအားလုံးကို ကြည်လင်ပြတ်သားစွာနဲ့ မြင်တွေ့နိုင်တာကလည်း V7+ ကို လူကြိုက်များရတဲ့ အကြောင်းရင်းထဲမှာပါဝင်မှာပါ။

အကောင်းဆုံးအချက်ကတော့ Video ဖုန်းခေါ်ဆိုမှုတွေမှာ အသုံးတည့်တဲ့ မျက်နှာအလှ ပြုပြင်စနစ် ပါပဲ။ ကိုယ့်ရဲ့ အရေးပါတဲ့သူတွေနဲ့ Video ဖုန်းခေါ်တဲ့အခါ အလှပြင်ထားသလို ပုံရိပ်ရအောင် ရိုက်ကူးပေးနိုင်တာ လူတိုင်း သဘောကျမိမှာပါ။

ဒီခေတ်က ဖုန်းမျက်နှာပြင်ကြီးကြီးတွေ ကိုင်ကြတဲ့ ခေတ်ပါ။ V7+ မှာ ဒီအချက်လည်း ပါဝင်ထားတာကြောင့် လူကြိုက်များကြပါတယ်။ V7+ ရဲ့ မျက်နှာပြင် က 5.99 လက်မရှိပါတယ်။ ဘောင်တွေက သိပ်နေရာမယူတော့ V7+ ဖန်သားပြင်ဟာ ကိုယ်ထည်ရဲ့ 84.4% ရှိပါတယ်။ ဒီရာခိုင်နှုန်းဟာ လက်ရှိအချိန်အထိ တခြား စမတ်ဖုန်းတွေရဲ့ ကိုယ်ထည် မျက်နှာပြင် ဧရိယာ အချိုးထက် ပိုပြီးများနေဆဲပါပဲ။ မြင်ကွင်းအချိုး 18:9 ကလည်း သမားရိုးကျနဲ့ ခြားနားတဲ့ အမြင်အာရုံခံစားမှုကို ခံစားရစေမှာပါ။

ဒါကြောင့်  ဒီခေတ်ကြီးမှာသုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးထားတဲ့ အချက်တွေက V7+ ရဲ့ အောင်မြင်ခြင်း သော့ချက်တွေပါပဲ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top