ရိုက်ကွင်းမှာ ဒူးခေါင်းထိခိုက်ခဲ့ရတယ်ဆိုတဲ့ ကီနူးရိဗ်

25.7.2024-yyl-1.jpg

ပရိသတ်တွေရဲ့အားပေးချစ်ခင်နှစ်ခြိုက်မှုကို အပြည့်အဝရရှိထားတဲ့ John Wick မင်းသားကြီး ကီနူးရိဗ်ဟာ ရိုက်ကွင်းတစ်ခုမှာ ကော်ဇောပေါ်ချော်လဲကာ မတော်တဆ ဒူးခေါင်းထိခိုက်သွားခဲ့ပါတယ်။ သူ့ရဲ့ဟာသရုပ်ရှင်အသစ် Good Fortune ရိုက်ကူးရင်း ဒူးခေါင်းထိခိုက်သွားခဲ့တာပါ။ ဒူးခေါင်းမှာ ရေခဲအိတ်ကပ်ထားပြီး ချိုင်းထောက်နဲ့ လမ်းလျှောက်ခဲ့ရပါတယ်။

ရေချိုးတဲ့ဇာတ်ဝင်ခန်းရိုက်ကူးရင်း ချော်လဲကာ ဒူးခေါင်းထိခိုက်သွားတာကို ကီနူးရိဗ်ဟာ The Late Show with Stephen Colbert မှာ ထုတ်ပြောပြခဲ့ပါတယ်။ အစက သူဟာ ချော်လဲပြီးနောက် ဘာမှမဖြစ်ဘူး၊ အဆင်ပြေတယ်လို့ ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒူးခေါင်းက နာလာခဲ့တယ်လို့ ဆိုပါတယ်။ “ဟာသလုပ်ရတာက ခက်တယ်”လို့လည်း သူကပြောပါတယ်။

ကီနူးက ဇာတ်ကားကို ဆက်ရိုက်ဖို့လုပ်ခဲ့ပေမဲ့ သူ့ရဲ့တွဲဖက်သရုပ်ဆောင်နဲ့ ဒါရိုက်တာတွေက သူ ပြန်ကောင်းလာတဲ့အထိ သူ့ပါတဲ့အခန်းကို နောက်ဆုတ်ထားခဲ့ပါတယ်။

အရင်ကလည်း ကီနူးရိဗ်က ၁၉၉၉ ခုနှစ်ရဲ့ The Matrix ဇာတ်ကားမရိုက်ကူးခင် ကျောရိုးခွဲစိတ်ကုသမှုခံယူခဲ့ဖူးပါတယ်။

Ref: Keanu Reeves’ knee ‘cracked like a potato chip’ in a freak accident on set

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top