ကြာချိန် ၃ နာရီနီးပါးရှိတဲ့ John Wick: Chapter 4 မှာ စကားလုံး ၃၈၀ သာ ပြောရတဲ့ ကီနူးရိဗ်

29.3.2023-yyl-iamge-4.jpg

John Wick: Chapter 4 ရုပ်ရှင်ကားအတွင်း John Wick ဇာတ်ကောင်သရုပ်ဆောင်တဲ့ မင်းသားကြီး ကီနူးရိဗ်က ဒိုင်ယာလော့ စာကြောင်း ၁၀၃ ကြောင်းမှာ စကားလုံး ၃၈၀ သာ ပြောရတယ်လို့ The Wall Street Journal ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီရုပ်ရှင်ကားသစ်က ကြာမြင့်ချိန် ၂ နာရီနဲ့ ၄၉ မိနစ်ဖြစ်ပါတယ်။

John Wick ဇာတ်ကားရှည်လာတာနဲ့အမျှ အဓိကဇာတ်ကောင်ရဲ့ ဒိုင်ယာလော့က တိုလာတယ်။ ကြာချိန် ၁၀၁ မိနစ်ရှိတဲ့ ပထမဆုံး John Wick ဇာတ်ကားမှာ မစ္စတာရိဗ်က စုစုပေါင်း စကားလုံး ၄၈၄ လုံးပြောရတယ်။ ကြာချိန် ၁၆၉ မိနစ်နဲ့ John Wick 4 က ၃ နာရီနီးပါးအထိရောက်သွားပေမဲ့ စကားလုံး ၃၈၀ သာ ပြောရပါတယ်။ အဲဒါရဲ့ ၁၀ ရာခိုင်နှုန်းက ရုပ်ရှင်နမူနာမှာ ပါဝင်ပါတယ်။ ဇာတ်ကားနာမူနာမှာ ပိုပြောရတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ကီနူးရိဗ်ကိုယ်တိုင်က ကနဦးဇာတ်ညွှန်းမှာ သူ့ဇာတ်ကောင်အတွက် ရေးထားတဲ့ ဒိုင်ယာလော့တစ်ဝက်လောက်ကို ဖြတ်ချပြီးတော့ ဇာတ်ကောင်ရဲ့ဒိုင်ယာလော့ကို ကန့်သတ်ခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာ ချက်တ် စတာဟယ်စကီက ​ပြောပါတယ်။ ကီနူးရိဗ်ဟာ body language၊ မျက်နှာအမူအရာတွေနဲ့ အဓိပ္ပါယ်ဖော်ပြချင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ကီနူးရိဗ်က ‘John Wick: Chapter 4’ ကို သူရိုက်ဖူးသမျှမှာ အခက်ခဲဆုံး အက်ရှင်ဇာတ်ကားလို့ ပြောခဲ့ဖူးပါတယ်။ သူက စတန့်တွေအတွက် သီးသန့်လေ့ကျင့်မှု သုံးလနီးပါး အချိန်ယူခဲ့ရတာပါ။
အခုဆို John Wick Chapter 4 ကို ရုံတင်ပြသနေပြီး ပထမဆုံးအပတ်မှာ ရုံတင်ငွေ ဒေါ်လာ ၁၃၇.၅ သန်းရရှိထားပါတယ်။

Ref: Keanu Reeves says only 380 words in almost 3 hours after he cut most of John Wick: Chapter 4′ dialogue

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top