ပထမဆုံးရတဲ့ဝင်ငွေနဲ့ မိဘတွေကို အိမ်ဝယ်ပေးခဲ့သူ

23.5.24-yyl-9.jpg

လူငယ်တစ်ယောက် ဝင်ငွေဒေါ်လာသန်းချီ ရပြီဆိုရင် ကားအကောင်းစားတွေ၊ တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေ ဝယ်ဖို့ တွေးကြမှာပါပဲ။ ဒါပေမဲ့ အမေရိကန် ဘေ့စ်ဘောကစားသမား ပါဗင်စမစ်ကတော့ ပထမဆုံးရတဲ့ ဝင်ငွေနဲ့ မိဘတွေအတွက် အိမ်ဝယ်ပေးခဲ့ပြီး မိဘနှစ်ပါးကို ဝမ်းသာမျက်ရည် ကျစေခဲ့သူပါ။

ပါဗင်စမစ်က အသက် ၂၁ နှစ်အရွယ်မှာ မေဂျာလိဂ်ဘေ့စ်ဘောကလပ် Arizona Diamondbacks အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်ကြေး အမေရိကန်ဒေါ်လာ ၅ သန်း ရခဲ့ပါတယ်။ ” အမေနဲ့ အဖေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့်သာ ကျွန်တော် ဒီကနေ့ ဒီလို ဖြစ်လာခဲ့တာပါ။ ကျွန်တော်တို့ မိသားစုအိမ်ကိုလည်း ကိုယ်ပိုင်အိမ် ဖြစ်စေချင်တယ်”လို့ ပါဗင်စမစ်က ဆိုပါတယ်။

သူဟာ ပထမဆုံးရတဲ့ ဝင်ငွေနဲ့ မိဘတွေ သွင်းဖို့ ကျန်နေတဲ့ အိမ်ဖိုးငွေအားလုံးကို အကြေ ပေးချေခဲ့တာပါ။ လွန်ခဲ့တဲ့ ၇ နှစ်တုန်းက မိဘတွေအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် အိမ်ပိုင် ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။

Ref: Pavin Smith Arizona Diamondbacks

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top