နှစ် ၆၀ နီးပါး သွေးလှူခဲ့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အဘွားအို

29.3.2023-yyl-iamge-5.jpg

ဂျိုးဆက်ဖင်းမီချာလုခ်က ၂၂ နှစ်အရွယ်ကတည်းက သွေးလှူလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသက် ၈၀ အရွယ် ရှိနေပါပြီ။ ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်မှာ နေထိုင်သူဖြစ်ပြီး သူ့အစ်မနဲ့အတူ အဖော်လိုက်သွားရင်း ပထမဆုံးအကြိမ် သွေးလှူဖြစ်ခဲ့တာပါ။

သူ့ခန္ဓာကိုယ်ကနေ ထုတ်ယူလှူဒါန်းခဲ့တဲ့ သွေးပမာဏက သွေးအိတ် ၂၀၃ အိတ်စာ ရှိပြီး သွေးအိတ်တစ်အိတ်ဟာ အကြမ်းဖျင်းအားဖြင့် တစ်ပိုင့်ပမာဏနဲ့ ညီမျှပါတယ်။

ဂျိုးဆက်ဖင်းဟာ သွေးပမာဏအများဆုံးလှူဒါန်းတဲ့ အမျိုးသမီးအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့တာပါ။ သူ့ရဲ့ သွေးအမျိုးအစားက O+ ဖြစ်ပြီး လိုအပ်ချက်များပြားတဲ့ သွေးအမျိုးအစား ဖြစ်ပါတယ်။

Ref: Alberta woman earns world record for donating blood

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top