၂၀၂၃ ခုနှစ်က အခိုးခံခဲ့ရတဲ့ ပစ္စည်းတွေကို ပြန်ရှာပေးခဲ့တဲ့ FBI ကို လက်ရေးစာနဲ့ ကျေးဇူးတင်စကားပြောခဲ့တဲ့ မင်းသားကြီး ကီနူးရိဗ်

fbi.jpg

John Wick မင်းသားကြီး ကီနူးရိဗ်ဟာ ၂၀၂၃ ခုနှစ်က သူ့ရဲ့နေအိမ်ကနေ ခိုးယူခံလိုက်ရတဲ့ ပစ္စည်းတွေကို FBI က ရှာတွေ့ပြီး ပြန်လည်ပေးအပ်ခဲ့တဲ့အတွက် FBI ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ချီလီနိုင်ငံက အရာရှိတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ အမေရိကန်အာဏာပိုင်တွေက ကီနူးရိဗ် ပိုင်ဆိုင်တဲ့ ပစ္စည်းတချို့ကို ရှာဖွေနိုင်ခဲ့တာပါ။ အဲ့ဒီပစ္စည်းတွေထဲမှာ John Wick ဇာတ်ကားတွေထဲမှာ ပါခဲ့တဲ့ Rolex နာရီတစ်လုံးလည်း အပါအဝင်ဖြစ်ပါတယ်။

ကီနူးရိဗ်က FBI ကို လက်ရေးစာနဲ့အတူ အခုလို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ “အလွန်ကျေးဇူးတင်တဲ့အတွက် ကျွန်တော် ဒီစာကို ရေးသားရတာပါ။ မင်းတို့ရဲ့ကြိုးစားအားထုတ်မှု၊ စေတနာ၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုအားလုံးအတွက် အထူးကျေးဇူးတင်ပါတယ်။ လေးစားစွာဖြင့် ကီနူး”

ကီနူးရိဗ်ရဲ့အိမ်က အခိုးခံရတဲ့ ပစ္စည်းတွေကို ဇူလိုင်လမှာ ပြန်လည်ရရှိခဲ့ပြီး အဲ့ဒီအချိန်ကစပြီး သူ့ဆီ ပြန်လည်ပေးအပ်ခဲ့တာပါ။ သိမ်းဆည်းရမိခဲ့တဲ့ပစ္စည်းတွေမှာ အမေရိကန်ဒေါ်လာ ၁၂၅၀၀၀ ခန့်တန်ဖိုးရှိတဲ့ နာရီ ၆ လုံးပါဝင်ပါတယ်။

Ref: Keanu Reeves thanks FBI for returning items stolen from his home in 2023 burglary

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top