လက်ဘနွန်နိုင်ငံမှာ ရောင်းစားခံရလုနီးပါးဖြစ်ခဲ့ပေမဲ့ နိုင်ဂျီးရီးယားအမျိုးသမီး မိခင်နိုင်ငံထံပြန်ဖို့ ငြင်းဆန်

intl5603.jpg

ဖေ့ဘွတ်ခ်ပေါ်မှာ ရောင်းချမယ်လို့ ကြော်ငြာခံခဲ့ရတဲ့ နိုင်ဂျီးရီးယားအမျိုးသမီးဟာ သူ့နိုင်ငံကိုပြန်ဖို့ ငြင်းဆန်ခဲ့တယ်လို့ နိုင်ဂျီးရီးယားနိုင်ငံ ပြည်ပရောက်သူများကော်မရှင်အကြီးအကဲ အီရီဝါက ပြောပါတယ်။ နိုင်ဂျီးရီးယားအမျိုးသမီးကို အမေရိကန်ဒေါ်လာ ၁၀၀၀ နဲ့ ရောင်းမယ်လို့ ဖေ့ဘွတ်ခ်ပေါ်မှာ ကြော်ငြာထားတာ တွေ့ရလို့ လက်ဘနွန်အာဏာပိုင်တွေက ကယ်တင်ခဲ့ပြီး ဘေရွတ်မြို့မှာရှိတဲ့ နိုင်ဂျီးရီးယားသံရုံးကို ပို့ခဲ့ကြပါတယ်။ ဖေ့ဘွတ်ခ်ပေါ်က အဲဒီကြော်ငြာကြောင့် နိုင်ဂျီးရီးယားနိုင်ငံမှာ နာကျည်းခံပြင်းခဲ့ကြပြီး ဒီဖြစ်ရပ်မှာ ပါဝင်နေတယ်လို့ သံသယရှိတဲ့ အမျိုးသားကို ဖမ်းဆီးခဲ့ပါတယ်။

အသက် ၃၀ ရှိတဲ့ နိုင်ဂျီးရီးယားအမျိုးသမီးဟာ အခုချိန်မှာတော့ လက်ဘနွန်နိုင်ငံမှာ အလုပ်သစ်တစ်ခုရနေပါပြီ။ အဲဒီအမျိုးသမီးကို နိုင်ဂျီးရီးယားနိုင်ငံပြန်ဖို့ ဖျောင်းဖျခဲ့ပေမဲ့ သူက ငြင်းဆန်ခဲ့တယ်လို့ အီရီဝါက ဆိုပါတယ်။ အဲဒီဖြစ်ရပ်အပြီးမှာတော့ လက်ဘနွန်နိုင်ငံမှာ အိမ်အကူ လာလုပ်ချင်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေကို လက်ဘနွန်သံရုံးက ဗီဇာ ထုတ်မပေးတော့ပါဘူး။ လက်ဘနွန်အစိုးရက သူတို့နိုင်ငံမှာရှိတဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၇၉ ယောက်အနက် ၆၉ ယောက်ကို ပြန်ပို့ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top