အစ်ကိုဖြစ်သူ အဒူမာတင်လိုပဲ ရုပ်ရည်ကြည့်ကောင်းတဲ့ အသက် ၁၉ နှစ်အရွယ် ဘရူနိုင်းမင်းသားလေး

17.1.24-yyl-1.jpg

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဘရူနိုင်းမင်းသား အဒူမာတင်ကတော့ ကြင်ယာတော် အေနီရှာ ရိုဆာနာ ဘင်တီ အာဒမ်နဲ့ လက်ထပ်သွားပါပြီ။ လက်ရှိမှာတော့ သူ့ရဲ့တော်ဝင်မင်္ဂလာပွဲဟာ ကမ္ဘာ့တစ်ဝှမ်းက လူတွေကို အာရုံစိုက်စေခဲ့ပါတယ်။ မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာနဲ့ ၁၀ ရက်တာကျင်းပပြုလုပ်နေတာပါ။

သတို့သားနဲ့သတို့သမီးအပြင် မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ အခြားတော်ဝင်မိသားစုဝင်တွေကလည်း လူတိုင်းရဲ့အာရုံကို ဖမ်းစားခဲ့ပါတယ်။ အဲ့ဒီအထဲကမှ မင်းသားအဒူမာတင်ရဲ့ညီတော် မင်းသားလေး အဒူဝါကီလ်ပါပဲ။ အကြောင်းအရင်းကတော့ သူ့အစ်ကိုလိုပဲ ရုပ်ရည်ကြည့်ကောင်းလို့ပါ။

မင်းသားလေး အဒူဝါကီလ်ရဲ့အကြောင်းကို အနည်းငယ်ပြောပြပေးပါမယ်။

၁ မင်းသားလေးဝါကီလ်က မင်းသားအဒူမာတင်ရဲ့ညီအငယ်ဆုံးဖြစ်ပြီး Duli Yang Teramat Mulia Paduka Seri Pengiran Muda ဆိုတဲ့ ဂုဏ်ပုဒ်ရရှိထားပါတယ်

၂ ဝါကီလ်က ဘရူနိုင်းဆူလ်တန်ဘုရင်ရဲ့၁၁ ယောက်မြောက်သားတော်ဖြစ်ပါတယ်

၃ ၂၀၀၆ ခုနှစ် ဇွန်လက ဘန်ဒါဆရီဘဂါဝမ်မြို့မှာ မွေးဖွားခဲ့ပြီး အခုနှစ်ဆို အသက် ၁၉ နှစ်ပြည့်မှာပါ

၄ အရွယ်ရောက်လာတဲ့အချိန်မှာ သူ့ရဲ့ရုပ်ရည်က သူ့အစ်ကိုတော် အဒူမာတင်ထက်မလျော့ဘဲ ကြည့်ကောင်းပါတယ်။ အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားတဲ့အချိန်ဆို သူ့ရဲ့ရုပ်ရည်ကြည့်ကောင်းမှုက အထင်သားပါပဲ

၅ လက်ရှိမှာတော့ မင်းသားလေး ဝါကီလ်က Jerudong International School Brunei မှာ ပညာသင်ယူနေပါတယ်

၆ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ရတာကို ကြိုက်တဲ့ပုံပါပဲ။ မကြာခဏ ဘောလုံးကန်လေ့ရှိပါတယ်

Ref: Insertlive

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top