တိရစ္ဆာန်ဂေဟာကနေ ခေါ်ယူမွေးစားခဲ့တဲ့ ချစ်လှစွာသောခွေးလေး သေဆုံးသွားလို့ ဝမ်းနည်းပူဆွေးနေတဲ့ မင်းသမီး ကင်ဂိုအွန်း

wol1.jpg

ကိုရီးယားထိပ်တန်းမင်းသမီးချော ကင်ဂိုအွန်းဟာ သူ့ရဲ့ချစ်လှစွာသောအိမ်မွေးခွေးလေး ဝေါလ် သေဆုံးသွားတာကြောင့် ဝမ်းနည်းပူဆွေးလို့နေပါတယ်။ သူ့ခွေးလေးရဲ့ဓာတ်ပုံတွေကို “ငါ ချစ်တယ် ဝေါလ်”ဆိုတဲ့စာသားလေးနဲ့ လူမှုကွန်ယက်ပေါ်မှာ မေလ ၁၂ ရက်နေ့က တင်ခဲ့ပါတယ်။

ဝေါလ်ကို တိရစ္ဆာန်ဂေဟာမှာ ပထမဆုံးတွေ့ဆုံခဲ့တဲ့အခိုက်အတန့်ကစပြီး ၄ နှစ်တာအတူတူရှိခဲ့တဲ့ အခိုက်အတန့်အထိ ထူးခြားတဲ့အမှတ်တရတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေပါ။ ရုပ်ရှင်ရိုက်ကွင်းမှာရှိတဲ့ အခိုက်အတန့်တွေတောင်ပါဝင်ပါတယ်။

မျက်လုံးမှိတ်နေတဲ့ ဝေါလ်ရဲ့နောက်ဆုံးဓာတ်ပုံမှာတော့ ဂိုအွန်းက “အဲ့ဒီမှာ မဖျားနဲ့နော်”လို့ ရေးသားထားပါတယ်။

ကင်ဂိုအွန်းက တိရစ္ဆာန်ဂေဟာနဲ့ အဆက်အစပ်ရှိတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးဆီကနေ ခွေးလေးအကြောင်းသိရှိပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လမှာ ဝေါလ်ကို ပထမဆုံးမွေးစားခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ဝေါလ်ရဲ့နာမည်က ဂူမီဖြစ်ပြီး ဝေးလံခေါင်သီတဲ့ဒေသမှာ စွန့်ပစ်ခံထားခဲ့ရတာပါ။ စွန့်ပစ်ခံထားရတုန်းက ခွေးလေးက ၆ လသားဝန်းကျင်ပဲရှိပါတယ်။ ကျန်းမာရေးစစ်ဆေးမှုအတွင်း လမ်းလျှောက်ရာမှာ အခက်အခဲရှိခဲ့ပါတယ်။ ဝေါလ်က မကြာခဏ ခေါင်းကို ဘယ်ဖက်စောင်းပြီး ဟန်ချက်ညီအောင် လုပ်နေခဲ့ရတာပါ။ တိရစ္ဆာန်ဆရာဝန်တွေက ဝေါလ်မှာ မွေးရာပါ ဦးနှောက်ရောဂါရှိတယ်လို့ သံသယရှိခဲ့တာပါ။

ဂိုအွန်းက ဝေါလ်ကို လူချင်းတွေ့ပြီးနောက် သူ့ကို ရောဂါကုသပေးချင်စိတ်ဖြစ်ပြီး မွေးစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက်ပိုင်းမှာ ဝေါလ်ဟာ အော့အန်တာ၊ ဝမ်းလျှောတာ၊ ဟန်ချက်ပျက်ပြီး နံရံတွေပေါ်ပြုတ်ကျလို့ ဒဏ်ရာတွေရတာတွေကြောင့် ဆေးရုံ ခဏခဏတက်ခဲ့ရပါတယ်။ ဝေါလ်မှာ ဦးနှောက် မူမမှန်တဲ့ ရှားပါးပြီး ကုသလို့မရတဲ့ ရောဂါတစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ ဒီရောဂါအခြေအနေရှိခဲ့ပေမဲ့ ဂိုအွန်ရဲ့ဘေးမှာ ၄ နှစ်တာရှိနေပေးခဲ့ပါတယ်။

Ref: Kim Go Eun mourns beloved rescue dog after four years together

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top