ကုန်ကျစရိတ်အနည်းဆုံးနဲ့ ဓာတ်ပုံရိုက်ကူးပေးခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသားရဲ့အမိုက်စားဓာတ်ပုံရိုက်ချက်များ

8-10-2020-yyl-030.jpg

အခုခေတ်ဓာတ်ပုံပညာရပ်က အတော်လေးကို တိုးတက်လာတာပါ။ ဈေးကြီးတန်ပစ္စည်းတွေဝယ်စရာမလိုဘဲ ကုန်ကျစရိတ်အနည်းဆုံးနဲ့ ရုပ်ထွက်ကောင်းအောင် ရိုက်လို့ရနေပါပြီ။ ဓာတ်ပုံရိုက်တဲ့သူရဲ့အရည်အချင်းကလည်း တကယ့်အံ့မခန်းလို့ ပြောရမှာပါပဲ။ ဖိလစ်ပိုင်နိုင်ငံက ဆီဂျန် ဆီမာဂါလာ (Cijan Cimagala) ဆိုတဲ့ အမျိုးသားတစ်ယောက်ကလည်း ရုပ်ထွက်ကောင်းပြီး လှပတဲ့ဓာတ်ပုံကို ရရှိဖို့အတွက် ဈေးကြီးတန်ပစ္စည်းမလိုအပ်ဘူးဆိုတာကို သူ့ဓာတ်ပုံတွေနဲ့ သက်သေပြခဲ့ပြီးပါပြီ။ သူက အိမ်မှာရှိတဲ့ သာမန်ပစ္စည်းတွေကို အသုံးပြုပြီး ကုန်ကျစရိတ်နည်းတဲ့ ဓာတ်ပုံရိုက်ကူးမှုကို လုပ်ဆောင်ခဲ့ပြီး အမိုက်စားဓာတ်ပုံတွေထွက်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေကလည်း အင်တာနက်ပေါ်မှာ ပျံ့နှံ့ပြီး လူကြိုက်များခဲ့ပါတယ်။

ဆီဂျန်က သူ့အိမ်မှာ ရှိတဲ့ပစ္စည်းတွေနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တာ ဘယ်လောက်အလုပ်ဖြစ်တယ်ဆိုတာကို သူ့ရဲ့ဓာတ်ပုံတွေမှာ ကြည့်ရင်တွေ့ရမှာပါ။ ဓာတ်ပုံရိုက်ကူးရေးနောက်ကွယ်ကပုံတွေကိုလည်း စာဖတ်ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။ ဆီဂျန်က သူ့အသက် (၁၄) နှစ်ကတည်းက ဓာတ်ပုံရိုက်ကူးရတာကို စိတ်ဝင်စားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အရည်အသွေးကောင်းတဲ့ကင်မရာမရှိလည်း ဓာတ်ပုံရိုက်ရတာကိုပဲ သဘောကျနေခဲ့ရတာပါ။ “ကျွန်တော် အသက် (၁၄) နှစ်က ဓာတ်ပုံရိုက်ရတာကို စိတ်ဝင်တစားဖြစ်ခဲ့ရတာပါ။ ဒီနေ့ထိ ကျွန်တော့်မှာ ကင်မရာကောင်းကောင်းမရှိရင်၊ ကျွန်တော့်ဖုန်းထဲက ပုံက အရမ်းကြီးမကောင်းရင်တောင် ဓာတ်ပုံတွေရိုက်ရတာကိုပဲ ကြိုက်နှစ်သက်နေရပါတယ်”လို့ ဆီဂျန်က ပြောပါတယ်။

ဆီဂျန် ဓာတ်ပုံရိုက်ကူးဖို့ သုံးခဲ့တဲ့ဖုန်းက ကင်မရာမှန်ဘီလူး (၂) ခုပါတဲ့ ၂၀၁၈မော်ဒယ် Oppo A3s ပါ။ ဓာတ်ပုံထဲက မော်ဒယ်တွေက ဆီဂျန်ရဲ့မွေးချင်းမောင်နှမနဲ့ ဝမ်းကွဲတွေပါ။ “ကုန်ကျစရိတ်နည်းတဲ့ဓာတ်ပုံရိုက်ရေးကို လုပ်တဲ့အခါ ကျွန်တော်တို့ အိမ်ထဲမှာပဲ လုပ်ခဲ့တာမို့ မီးအလင်းအမှောင်အတွက် နည်းနည်းတော့ အခက်ခဲဖြစ်ခဲ့ရတယ်။ ကျွန်တော့်မှာ ဓာတ်ပုံရိုက်ကူးရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေ မရှိကတည်းက ဖြေရှင်းနည်းရှာခဲ့ရတယ်”လို့ ဆီဂျန်က ပြောပါတယ်။

ရိုက်ထားတဲ့ဓာတ်ပုံတွေကို Edit လုပ်တဲ့အခါမှာလည်း ဆီဂျန်က ဖုန်းနဲ့ပဲလုပ်ခဲ့တာပါ။ သူ့ဆီမှာ ဓာတ်ပုံတွေပြင်ဖို့အတွက် ကွန်ပျူတာမရှိတဲ့အတွက် Google Play Store ကနေ အလွယ်တကူရနိုင်တဲ့ PicsArt နဲ့ Lightroom အက်ပလီကေးရှင်းတို့ကို အသုံးပြုခဲ့ပါတယ်။ ဖုန်းနဲ့လုပ်တဲ့ ဆီဂျန်ရဲ့ Editing စွမ်းရည်ကလည်း တကယ်မိုက်တယ်လို့ ပြောရမှာပါပဲ။ ကုန်ကျစရိတ်အနည်းဆုံးနဲ့ရိုက်ကူးခဲ့တဲ့ ဆီဂျန်ရဲ့ဓာတ်ပုံတွေကို စာဖတ်ပရိသတ်တွေလည်း လူမှုကွန်ယက်ပေါ်မှာ မြင်တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီအကြောင်းအရာလေးမှာတော့ သူ ဘယ်သူလဲဆိုတာနဲ့ သူ့ ဘယ်လိုတွေရိုက်ကူးခဲ့လဲဆိုတာကို စာဖတ်ပရိသတ်တွေ သိသွားလောက်ပါပြီ။

Ref: BoredPanda”Guy From The Philippines Throws His Siblings And Cousins A Low Budget Photoshoot, And The Results Look Amazing”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top