အရေးကြီးတဲ့ဆုံးဖြတ်ချက်မချခင် ဒါကို စားသုံးပေးပါ

yyl-016-19.jpg

ဗိုက်ဆာနေတဲ့အချိန်မှာ တစ်ခုခုကို ဆုံးဖြတ်ရမယ်ဆိုရင် အကြံကောင်းထွက်လေ့မရှိပါဘူး။ ဆာလောင်ခြင်းက သင့်ကို စိတ်တိုစေတဲ့အပြင် ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း အမှားအယွင်းဖြစ်စေပါတယ်။ သင့်အလုပ် (ဒါမှမဟုတ်) ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် အမှားမလုပ်မိအောင် အထူးဂရုစိုက်ရပါတယ်။ ဒါကြောင့် ဗိုက်ဆာနေတဲ့အချိန်မှာ အရေးကြီးကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတာကို ရှောင်ကျဉ်သင့်ပါတယ်။

ဆာလောင်မှုက သင့်ဆုံးဖြတ်ချက်ကို ဘယ်လိုလွှမ်းမိုးမှုရှိတာလဲ

လူတွေက ဗိုက်ဆာတဲ့အခါ လက်ခံနိုင်စွမ်းအားနည်းတယ်လို့ Psychology department of the University of Dundee ရဲ့လေ့လာချက်က ဆိုပါတယ်။ ဒီလေ့လာချက်ကို ပြုလုပ်ဖို့အတွက် သုတေသနပညာရှင်တွေက လူ (၅၀) ကို နှစ်ကြိမ် စမ်းသပ်ခဲ့ပါတယ်။ ပထမတစ်ကြိမ်က အစားအစာပြီးတဲ့နောက်၊ ဒုတိယအကြိမ်က သူတို့ အစာမစားရသေးတဲ့အချိန်မှာပါ။ သူတို့ကို အစားအစာ၊ ပိုက်ဆံတွေလို ဆုအမျိုးမျိုးကို ရွေးချယ်ခိုင်းခဲ့ပါတယ်။ သူတို့ ဗိုက်ဆာနေတဲ့အခါမှာ ဆုအသေးတွေကိုသာ လက်ခံနိုင်စွမ်းရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ လူတစ်ယောက်က ဆာလောင်နေတဲ့အခါမှာ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်မချနိုင်ဘူးဆိုတာကို ဒါက ညွှန်ပြနေပါတယ်။

ဆုံးဖြတ်ချက်မချခင် ဘာတွေစားမလဲ

ဆီရိုတိုနင်ဓာတ်က ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အရေးပါတဲ့ကဏ္ဍမှာ ပါဝင်ပါတယ်။ ဆီရိုတိုနင်က စိတ်တည်ငြိမ်အောင် ကူညီပေးတဲ့၊ စိတ်အေးချမ်းမှုကို မြင့်တင်ပေးတဲ့ ဟော်မုန်းဓာတ်ဖြစ်ပါတယ်။ ဒါက အာရုံကြောဆဲလ်တွေကြားမှာ လက္ခဏာပြပြီး အမီနိုအက်ဆစ်နဲ့ လုပ်ထားတာပါ။ ဗိုက်ဆာတဲ့အခါ အမီနိုအက်ဆစ်ပမာဏလျော့နည်းသွားပြီး စိတ်ဆိုးဒေါသထွက်စေပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ဆုံးဖြတ်ချက်မချခင် အမီနိုအက်ဆစ်ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးပါ။ အမဲသား၊ ကြက်သားစွပ်ပြုတ်၊ ချောကလက်၊ အစေ့အဆံ၊ တူနာငါး၊ ငှက်ပျောသီးတွေက အမီနိုအက်ဆစ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်ပါတယ်။

Ref: This is what you should eat before making a big decision

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top