ဆီးချိုသမားတွေရဲ့သွေးအတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တဲ့ ကြက်သွန်ဖြူပြုတ်ရည်

29-1-2021-yyl-38.jpg

ကြက်သွန်ဖြူကတော့ ဟင်းလျာချက်ပြုတ်တဲ့အခါ မပါမဖြစ်ပါပဲ။ ရှေးယခင်တွေကလည်းက ကြက်သွန်ဖြူကို အသုံးပြုလာခဲ့တာပါ။ ဟင်းလျာတွေအတွက် အရေးကြီးတဲ့ ပါဝင်ပစ္စည်းပါပဲ။ ကြက်သွန်ဖြူက ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတဲ့အတွက် တချို့လူတွေက ဗိုက်ထဲအစာမရှိတဲ့အချိန် ရေနွေးနဲ့ ကြက်သွန်ဖြူကို စားဖြစ်ကြပါတယ်။ ကြက်သွန်ဖြူကို ဒီအတိုင်းစားရတာမကြိုက်ဘူးဆိုရင် ပျားရည်၊ ကြက်သွန်ဖြူ၊ သံပရိုသီး၊ ရေတို့နဲ့ ကြက်သွန်ဖြူပြုတ်ရည်လုပ်ပြီး သောက်လို့ရပါတယ်။

ကြက်သွန်ဖြူပြုတ်ရည်က သွေးဖိအားများတဲ့၊ သွေးအတွင်းသကြားဓာတ်များတဲ့သူတွေအတွက် ကောင်းမွန်ပါတယ်။ ကြက်သွန်ဖြူက ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေတွန်းလှန်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများဖို့နဲ့ အရသာကောင်းဖို့အတွက် ကြက်သွန်ဖြူပြုတ်ရည်ထဲက ချင်း (ဂျင်း) နဲ့ သစ်ကြံပိုးခေါက်တို့ကို ထည့်ပေးလို့ရပါတယ်။ ဒီကြက်သွန်ဖြူပြုတ်ရည်က ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတဲ့အပြင် စွမ်းအင်တွေတိုးလာစေပြီး ဇီဝဖြစ်စဉ်အားလည်းကောင်းစေပါတယ်။

ဆီးချိုရောဂါသမားတွေအတွက် ကြက်သွန်ဖြူပြုတ်ရည်က ဘယ်လိုကောင်းတာလဲ

  • ကြက်သွန်ဖြူပြုတ်ရည်က ဆီးချိုရောဂါအတွက် ကြီးမားဆုံးအန္တရာယ်ဖြစ်တဲ့ အမိုင်နိုအက်ဆစ် ဟိုမိုဆစ်စတင်အင်း (Homocysteine) ကို လျော့နည်းစေပါတယ်
  • ဆီးချိုရောဂါသည်ရဲ့ကျန်းမာရေးကို ကောင်းစေတဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်
  • ဆီးချိုရောဂါသည်တွေရဲ့ခန္ဓာကိုယ်မှာ ဖြစ်တတ်တဲ့ရောင်ရမ်းမှုကို ကြက်သွန်ဖြူပြုတ်ရည်က လျော့ချပေးဖို့ ကူညီပေးနိုင်တယ်
  • ကြက်သွန်ဖြူကို စားသုံးတာက ဆီးချိုရောဂါ အမျိုးအစား ၂ ကို ခံစားနေရတဲ့လူတွေရဲ့သွေးအတွင်းသကြားဓာတ်ကို လျော့ချပေးတယ်
  • ကိုလက်စထရောကို လျော့နည်းစေတဲ့အပြင် ဆီးချိုရောဂါနဲ့ဆက်စပ်တဲ့ အခြားကျန်းမာရေးပြဿနာတွေဖြစ်နိုင်ချေကိုလည်း လျော့ချပေးတယ်
  • ကိုယ်အင်္ဂါအစိတ်အပိုင်းရဲ့ လုပ်ဆောင်ချက်ကျအားကောင်းစေဖို့နဲ့ ကျန်းမာဖို့အတွက် ကြက်သွန်ဖြူပြုတ်ရည်ကို အကျိုးပြုပါတယ်

ကြက်သွန်ဖြူပြုတ်ရည်ကို ဘယ်လိုလုပ်မလဲ

  1. အိုးတစ်လုံးနဲ့ ရေနွေးတည်ပြီး ပွတ်ပွတ်ဆူလာတာနဲ့ ချေမွထားတဲ့ချင်းအနည်းငယ်၊ ကြက်သွန်ဖြူ (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်လိုက်ပါ
  2. (၅) မိနစ်လောက် တည်ထားလိုက်ပါ
  3. မီးဖိုပေါ်က ချပြီး ကြက်သွန်ဖြူပြုတ်ရည်ကို ပူတုန်းသောက်ပေးပါ
  4. သစ်ကြံပိုးခေါက်၊ သံပရိုသီးနဲ့ပျားရည်တို့ကိုလည်း ထည့်ပေးနိုင်ပါတယ်

Ref: Type 2 diabetes: Garlic tea to manage blood sugar levels
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top