ဥသျှစ်ရွက် ကပေးတဲ့ ကျန်းမာရေး

shutter.jpg

အသီးအရွက်လေးတွေ တော်တော်များများက အာဟာရဓာတ် ကြွယ်ဝကြသလို ကျန်းမာရေးအာနိသင်လည်းများပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေး အတွက် ဥသျှစ်ရွက် က ဘယ်လိုအကျိုးပြုလဲဆိုတာကို ကြည့်လိုက်ရအောင်လား………..

ဥသျှစ်ရွက် ဆိုတာ

ဥသျှစ်ပင်ဆိုတာက အပူပိုင်းဒေသမှာ အများဆုံးပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ ဆေးဖက်ဝင်အာနိသင်တွေလည်း ကြွယ်ပါတယ်။ အမြင့်ပေ ၃၀လောက်ထိရှိတဲ့ အပူပိုင်းဒေသအပင်တစ်မျိုးပေါ့။ ဥသျှစ်ရွက်က အစိမ်းရောင်ရှိပြီး ခပ်ရှိန်ရှိန်းအနံ့မွှေးမွှေးလေးရှိပါတယ်။ အိန္ဒိယနဲ့သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာပေါက်ရောက်သလိုမြန်မာနိုင်ငံနဲ့ အခြားတောင်အာရှနိုင်ငံတွေမှာလည်းပေါက်ရောက်ကြပါတယ်။
ဥသျှစ်ရွက်ကပေးတဲ့ ကျန်းမာရေး….

ဥသျှစ်ရွက်နုနုလေးတွေက တို့စားလို့ရပါတယ်။ ဒီတို့စားလို့ကောင်းတဲ့ ဥသျှစ်ရွက်လေး စားသုံးပေးတာက

ဆီးချိုကို ထိန်းပေးနိုင်တယ်

ဥသျှစ်ရွက်က သဘာဝ ဝမ်းနုတ်ဆေးတစ်မျိုးပါ။ ဒီအာနိသင်က သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းမှန်တာက ပန်ကရိယကကို အင်ဆူလင်ထုတ်လွှတ်အောင် လှုံဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးတာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။

ဝမ်းမှန် စေနိုင်တယ်

ဥသျှစ်ရွက်ကို နေ့စဉ်မှန်မှန်စားသုံးပေးတာက ဝမ်းချုပ်တာကို သက်သာစေနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အစာခြေစနစ်ကို သန့်စင်စေပြီး အူမကြီးကို ကျန်းမာစေနိုင်ပါတယ်။

နှလုံးရောဂါ သက်သာစေနိုင်တယ်

ဥသျှစ်ရွက်က နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကိုတိုက်ဖျက်နိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ သွေးတွင်းကိုလက်စထရောပမာဏကို ကျစေနိုင်ပြီး နှလုံးကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါမဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ပန်းနာရင်ကျပ် နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်နိုင်တယ်

ဥသျှစ်ရွက်က အအေးမိတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး ကူးစက်ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဥသျှစ်ရွက်ကို အစိမ်းပဲတို့စားစား၊ ရေနွေးဆူဆူထဲကိုထည့်ပြီး ပေါင်းခံရည်ကိုပဲသောက်သောက် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပြီ အအေးမိတာ နဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

ပါးစပ်ထဲက အနာတွေကို သက်သာစေနိုင်တယ်

ဥသျှစ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေပြီး ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်တာကြောင့် ခံတွင်းထဲကအနာတွေကို သက်သာစေဖို့ စားသုံးပေးလို့ရပါတယ်။

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်တယ်

ပူပြင်းတဲ့ နွေရာသီလို ရာသီမျိုးမှာ ခန္ဓာကိုယ်အပူချိန်ကို အကောင်းဆုံးထိန်းညှိနိုင်ဖို့ ဥသျှစ်ရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ဥသျှစ်ရွက်က ကိုယ်တွင်း ကအပူချိန်ကို ထိန်းညှိပေးပြီး ရေဓာတ်ဖြည့်ပေးနိုင်သလို အစာအိမ်တွင်းက အက်ဆစ်ပမာဏကိုလည်း အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။

အရေပြား ဓာတ်မတည့်တာကို သက်သာစေနိုင်တယ်

အရေပြားမှာ ဓာတ်မတည့်မှုတစ်ခုခုကြောင့် အဖုအပိမ့်တွေထွက်တဲ့အခါ ဥသျှစ်ရွက်ကို ရေစင်အောင်ဆေးလို့ ကြိတ်ခြေပြီး လိမ်းပေးလို့ရပါတယ်။ ဥသျှစ်ရွက်ပြုတ်ရည်ကို သောက်ပေးလို့လည်းရပါတယ်။
တန်ဆေး လွန်ဘေး……

ဥသျှစ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆို သလိုပါပဲ။ ဥသျှစ်ရွက်ကို အလွန်အကျွံစားသုံးမယ်ဆိုရင်

  • ဝမ်းချုပ်တာ
  • လေအောင့်တာ
  • အစာအိမ်နာတာ
  • သွေးတွင်းသကြားဓာတ် ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတိပေးချင်တာက ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် ဥသျှစ်ရွက်ကို စားမယ်ဆိုရင်တောင် သင့်တင့်တဲ့ပမာဏပဲစားပါ။

Ref : HelloSayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top