ကိုရီးယားမင်းသား ဂျွန်ဆောင်ဂျေးဟာ ၂ နှစ်ကြာ မေ့မြောနေခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်

jeon.jpg

ကိုရီးယားမင်းသား ဂျွန်ဆောင်ဂျေးဟာ ဇူလိုင် ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၄၆နှစ်အရွယ် ဆောင်ဂျေးက ၂၀၂၄ ခုနှစ်က နန်းတွင်းဇာတ်လမ်းတွဲ Korea-Khitan War ရဲ့ ရိုက်ကွင်းမှာ လဲကျသွားကာဦးနှောက်သွေးယိုစီးမှုဖြစ်ခဲ့ပြီးနောက် ၂ နှစ်ကြာ မေ့မြောနေခဲ့တာပါ။ လဲကျခဲ့ချိန်မှာ ဆေးရုံဆီ အမြန်ပို့ဆောင်ပြီး ချက်ချင်း ခွဲစိတ်ကုသမှုခံယူခဲ့ပေမဲ့ သတိပြန်လည်မလာခဲ့ပါဘူး။

သူ့ရဲ့နာရေးကို ဇူလိုင် ၃၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး သူ့ရဲ့နောက်ဆုံးဈာပနအခမ်းအနားကို ဂျောင်ဂီပြည်နယ်၊ အန်ဆောင်းမြို့က ယူတိုးပီးယားအောက်မေ့ဖွယ်ခန်းမမှာ ပြုလုပ်မှာဖြစ်ပါတယ်။

မင်းသားဆောင်ဂျေးက Taegukgi: The Brotherhood of War ဇာတ်ကားနဲ့ ၂၀၀၄ ခုနှစ်မှာ အနုညပညာလောကထဲ ဝင်ရောက်ခဲ့တာပါ။ နှစ်တော်တော်ကြာ ဇာတ်ပို့အဖြစ် ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပါတယ်။

Ref: Korean actor Jeon Seung-jae dies aged 46 after 2-year coma

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top