ရုရှားရဲ့ ကျူးကျော်စစ် ၁၆ ရက်မြောက်နေ့ သတင်းများ

11-2-2022-yyl02.jpg
  • ယူကရိန်းနိုင်ငံမှာ ဓာတုလက်နက်တွေ၊ ဖျက်အားပြင်း လက်နက်တွေ ဖန်တီးနေတယ်ဆိုတဲ့ ရုရှားနိုင်ငံရဲ့ စွပ်စွဲချက်ကို ယူကရိန်းသမ္မတ ဇီလင်စကီးက ငြင်းဆန်ခဲ့ပါတယ်။ ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံကို အဲဒီလို လက်နက်မျိုး အသုံးပြုပြီး တိုက်ခိုက်မယ်ဆိုရင် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခံရလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။
  • ယူကရိန်းနိုင်ငံမှာ အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးမှုရယူပြီး ဓာတုလက်နက်စက်ရုံတွေ တည်ထောင်ထားတယ်ဆိုတဲ့ ရုရှားရဲ့ ပြောကြားချက်ဟာ အရှိတရားကို ပုံဖျက်ပြီး အပြစ်ပုံချဖို့ ကြိုးပမ်းနေတာ ဖြစ်သလို ရုရှားနိုင်ငံက အဲဒီလို လက်နက်မျိုးတွေ အသုံးပြုချင်လို့ ပြောတဲ့စကားမျိုး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
  • ရုရှားရဲ့တောင်းဆိုချက်အရ ကုလသမဂ္ဂက ဒီနေ့မှာ အရေးပေါ်အစည်းအဝေး ကျင်းပမှာဖြစ်ပြီး ပြခြင်းမရှိတဲ့ သူတို့ရဲ့စွပ်သက်သေစွဲချက်တွေကို ဆွေးနွေးသွားမှာပါ။
  • ဂြိုဟ်တုဓာတ်ပုံတွေအရ ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မြို့ကို ချီတက်လာကြတဲ့ ရုရှားစစ်သည်တွေရဲ့ ချီတက်မှုဟာ နှေးတုံ့နေဆဲဖြစ်ပြီး သစ်တောထဲမှာ ပြန်လည်ဖြန့်ကျက်ထားရတာ တွေ့ရပါတယ်။
  • ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းမြို့ တော်တော်များများကို ဝိုင်းထားကြတယ်လို့ သတင်းတွေက ဖော်ပြပြီး အဲဒီလို ပိတ်ဆို့တဲ့ နည်းဗျူဟာကြောင့် မာရီယာပိုမြို့လို မြို့တွေမှာ စားနပ်ရိက္ခာပြတ်လပ်နေတယ်လို့ အရေးပေါ်ကူညီကယ်ဆယ်ရေးအရာရှိတွေက ပြောပါတယ်။
  • တူရကီနိုင်ငံမှာ ရုရှားနဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ မကြာခင်အချိန်အတွင်း အဓွန့်ရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူဖို့ မျှော်လင့်ချက်မရှိသေးဘူးလို့ နှစ်ဘက်ခေါင်းဆောင်တွေက ပြောပါတယ်။
  • ရုရှားစစ်သည်တွေ သေဆုံးတာနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ဖို့အတွက် တချို့နိုင်ငံတွေမှာ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုမှုပိတ်ပင်တဲ့ စည်းမျဉ်းတွေကို ဆိုင်းငံ့ပေးသွားမယ်လို့ ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ရဲ့မိခင်ကုမ္ပဏီ Meta က ပြောပါတယ်။
  • Western Union၊ JPMorgan Chase ၊ Warner Music စတဲ့ နာမည်ကျော်ကုမ္ပဏီတွေ အပါအဝင် အနောက်အုပ်စု ကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ရုရှားနိုင်ငံနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ကြပါတယ်။

Ref: BBC ” The latest headlines on day 16 of war”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top