တောင်ကိုရီးယားလုပ်ငန်းရှင်က သူ့ရဲ့မွေးရပ်မြေ ရွာလေးမှာ နေထိုင်သူတွေကို ဒေါ်လာ ၇၀၀၀၀ လက်ဆောင်ပေး

5.7.23-yyl-1.jpg

တောင်ကိုရီးယားလုပ်ငန်းရှင်တစ်ယောက်က သူတို့ရွာမှာ နေထိုင်သူမိသားစု တစ်စုချင်းစီကို အမေရိကန်ဒေါ်လာ ၇၀၀၀၀ အထိ လက်ဆောင်ပေးခဲ့ပါတယ်။ အသက် ၈၂ နှစ်အရွယ်ရှိတဲ့ လီဂျောင်ကွမ်ဟာ Booyoung Group အိမ်ခြံမြေလုပ်ငန်းစုကို တည်ထောင်ခဲ့သူပါ။ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ အန်ပြုံရီရွာငယ်လေး ဆက်လက်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ရွာသူရွာသားတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ လီဂျောင်ကွမ်က ငွေသားလက်ဆောင် ပေးခဲ့တာပါ။

လီဂျောင်ကွမ်ဟာ ၁၉၄၁ ခုနှစ်က အန်ပြုံရီရွာငယ်လေးရဲ့ ဆင်းရဲသားမိသားစုကနေ မွေးဖွားခဲ့သူပါ။ အရွယ်ရောက်တော့ သူက ဆိုးလ်မြို့ကို ထွက်ခွာသွားခဲ့ပြီး ဂေါန်ဂုတက္ကသိုလ်မှာ ပညာသင်ခဲ့ပေမဲ့ ငွေကြေးမပြေလည်လို့ ကျောင်းထွက်ခဲ့ရပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ ဝူကျင်းဆောက်လုပ်ရေးကုမ္ပဏီကို တည်ထောင်ခဲ့ပြီး နောက် ၄ နှစ်အကြာမှာတော့ ဆမ်ကျင်းအင်ဂျင်နီယာလုပ်ငန်းစုကို တည်ထောင်ခဲ့တာပါ။ ဆမ်ကျင်းအင်ဂျင်နီယာ လုပ်ငန်းစုကနေ ဘူယောင်းအိမ်ခြံမြေလုပ်ငန်းစု ဖြစ်လာခဲ့တာပါ။

လက်ရှိအချိန်မှာတော့ လီဂျောင်ကွမ်ဟာ ဝမ်ငွေ ၂၀ ထရီလျံနီးပါး ချမ်းသာကြွယ်ဝနေပါပြီ။ အန်ပြုံရီရွာမှာ နေထိုင်သူတွေဟာ နေထိုင်ချိန်သက်တမ်းအလိုက် အခွန်ဆောင်ပြီး ကျန်ငွေ ဝမ် ၂၆ သန်းကနေ ဝမ် ၉၀.၂ သန်းအထိ ရရှိမှာ ဖြစ်ပါတယ်။ လီဂျောင်ကွမ်ဟာ သူ့ရဲ့မွေးရပ်မြေအတွက် လက်ဆောင်ပစ္စည်း၊ စာအုပ်တွေနဲ့ တခြားပစ္စည်းတွေလည်း ဝမ် ၂၄၀ ဘီလျံဖိုး လှူဒါန်းခဲ့ပါသေးတယ်။

Ref: Korean Businessman Gives $70,000 To Each Household In His Hometown

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply