လေယာဉ်စီးနေသလို ဓာတ်ပုံရိုက်လို့ရမယ့်LED မီးကို ကိုရီးယားကုမ္ပဏီတစ်ခုက ရောင်းချ

25-1-2021-yyl-07.jpg

အခုလိုအချိန်မှာ ခရီးထွက်ခဲ့ရတဲ့အချိန်တွေကို လွမ်းနေကြပြီမလား။ ခရီးထွက်ခဲ့တဲ့အချိန်တွေကို လွမ်းနေတဲ့သူတွေအတွက် Oneroommaking ဆိုတဲ့ ကိုရီးယားကုမ္ပဏီတစ်ခုက လေယာဉ်စီးပြီး ခရီးသွားနေသလိုဖြစ်အောင် လေယာဉ်ပြတင်းပေါက်ပုံစံ LED မီး (Airplane Window LED Light) ကို ဖန်တီးကာ ရောင်းချပေးနေပါတယ်။

အဲဒီ LED မီးနဲ့ လေယာဉ်စီးနေသလို ဟန်ဆောင်ပြီး Selfie ရိုက်လို့ရပါတယ်။ ကုမ္ပဏီရဲ့Website မှာတော့ Airplane Window LED Light ကို နေထွက်ချိန်နဲ့ နေဝင်ချိန်ဆိုတဲ့ ဒီဇိုင်း (၂) မျိုးရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ နေထွက်ချိန်ဒီဇိုင်းကတော့ ရွှေရောင်လွှမ်းနေတဲ့တိမ်စိုင်တွေနဲ့ နေထွက်တဲ့ပုံစံဖြစ်ပါတယ်။ နေထွက်တဲ့အချိန် မနက်ခင်းတိမ်စိုင်အလှအပကို မြင်တွေ့နေရသလိုပါပဲ။

နေဝင်ချိန်ဒီဇိုင်းကတော့ ပန်းရောင်နဲ့ခရမ်းနု နှစ်ရောင်စပ်ဖြစ်ပြီး နေဝင်ချိန်အလှကို လေယာဉ်ပြတင်းပေါက်ကနေ မြင်တွေ့နေရသလိုပါပဲ။ The Airplane Wing LED Light က အရွယ်အစားအမျိုးမျိုးရှိပါတယ်။ အသေးဆုံးကတော့ အမြင့်နဲ့အနံ ၂၅ စင်တီမီတာရှိပြီး ၃၀.၆၅ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ အလတ်စားအရွယ်ကတော့ အမြင့်နဲ့အနံ ၃၅ စင်တီမီတာရှိပြီး တန်ဖိုးအားဖြင့် ၃၇.၄၆ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ အကြီးဆုံးအရွယ်အစားကတော့ အမြင့်နဲ့အနံ ၄၅ စင်တီမီတာရှိပြီး ဈေးနှုန်းကတော့ ၅၄.၆၀ ဒေါ်လာ ဖြစ်ပါတယ်။

ဒီ LED မီးနဲ့ လေယာဉ်ပြတင်းပေါက်ဘေးမှာ ထိုင်ပြီး အစာစားနေသလို (ဒါမှမဟုတ်) စာဖတ်နေသလို ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်လို့ရပါတယ်။ အခုလို လေယာဉ်စီးပြီး ခရီးမထွက်ရတဲ့အချိန်မှာ Airplane Window LED Light က လေယာဉ်စီးနေသလို ခံစားချက်မျိုးကိုရစေမှာဖြစ်ပါတယ်။

Ref: Mothership “Korean company selling airplane window LED light so you can pretend you’re flying”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top