ကိုဗစ်လူနာတွေကို ဘယ်ဆေးတွေတိုက်မလဲ

ST_20200523_AITALK23_5686509.jpg

တစ်ကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ Covid-19 ရောဂါပိုးက လက်ရှိမှာ မျိုးရိုးဗီဇကွဲ (Variant of Concern) (၄) မျိုးနဲ့ မျိုးရိုးဗီဇကွဲ (Varient of Interest) ၇ မျိုးရှိနေပါတယ်။ မြန်မာနိုင်ငံမှာ Covid-19 ရောဂါပိုးက မျိုးရိုးဗီဇပြောင်းလဲတဲ့ Strain တွေ့ရှိမှုအနေနဲ့ Alpha နဲ့ Delta မျိုးရိုးဗီဇကွဲ VOCs နဲ့ Kappa မျိုးရိုးဗီဇကွဲ VOI တို့ကို တွေ့ရှိရပါတယ်။

Covid-19 ရောဂါကူးစက်ခံထားရတဲ့ လူနာတွေကို အိမ်မှာပြုစုစောင့်ရှောက်တဲ့အခါမှာ ဘယ်ဆေးတွေကို သောက်သင့်လဲ။ ဘယ်ဆေးတွေကို မသောက်သင့်ဘူးလဲ။ ဘယ်လိုအခြေအနေမျိုးမှာ ဆေးရုံ တင်သင့်လဲ စတဲ့ အခြေခံအချက်အလက်တွေကို လူနာကိုပြုစုစောင့်ရှောက်နေသူတွေသာမက လူနာတွေကိုယ်တိုင်ကလည်း သိထားသင့်ပါတယ်။

ဘယ်ဆေးတွေ သောက်မလဲ

  • အဖျားတက်ခြင်း၊ ကြွက်သားတွေနာျင်ခြင်း၊ ခေါင်းကိုက်ခြင်းတွေဖြစ်ပေါ်ပါက ပါရာစီတမောသောက်ပါ။
  • ပါရာစီတမောကို ဘယ်လောက်သောက်ရမလဲ၊ ဘယ်နှစ်ကြိမ်သောက်ရမလဲဆိုတာကို ကျန်းမာရေးစောင့်ရှောက်သူ (ဆရာဝန်)ဆီကနေ အကြံဉာဏ်ရယူပါ။
  • အရွယ်ရောက်သူတွေအတွက် ပုံမှန်ဆေးပမာဏမှာ ပါရာစီတမော (၅၀၀) မီလီဂရမ် ဆေးပြား တစ်ကြိမ်ကို တစ်ပြား (သို့မဟုတ်) နှစ်ပြား (သို့မဟုတ်) (၆၅၀) မီလီဂရမ် ဆေးပြား တစ်ကြိမ်ကို တစ်ပြားနဲ့ (၂၄) နာီအတွင်းမှာ လေးကြိမ် သောက်နိုင်ပါတယ်။
  • ဆေး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား အနည်းဆုံး (၄) နာရီ ခြားသောက်သင့်ပါတယ်။
  • အသက် (၁၈) နှစ်အောက် (သို့မဟုတ်) အလေးချိန် (၅၀) ကီလိုဂရမ်အောက်ရှိသူဖြစ်ပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) ကို ပါရာစီတမော အများဆုံး ပမာဏ ဘယ်လောက်သောက်နိုင်လဲ ဆိုတာကို မေးမြန်းသင့်ပါတယ်။
  • တကယ်လို့ အဖျားမကျဘဲ အဖျားဆက်တက်နေမယ်ဆိုရင် မိမိရဲ့နဖူးပေါ်မှာ အေးပြီးစိုစွတ်တဲ့အဝတ်ကို တင်ပေးထားပါ။

အောက်ဆီဂျင် (၉၀) အပေါ်ဆို ဘာလုပ်သင့်လဲ

  • မိမိရဲ့အောက်ဆီဂျင်ပမာဏာက (၉၀) သို့မဟုတ် (၉၀) အထက် (၉၄) အောက်ဖြစ်ပါက မိမိရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) နဲ့ တိုင်ပင်ပါ။ (သို့မဟုတ်) ဆေးရုံတက်ရောက် ကုသမှုခံယူပါ။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်)က စတီးရွိုက် (Steroids) ဆေးကို ညွှန်းပေးနိုင်ပါတယ်။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) ရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာပါ။ မိမိသဘောနဲ့ ဆေးဝယ်မသောက်ပါနဲ့။

အောက်ဆီဂျင် (၉၀) အောက် ပြင်းထန်ကိုဗစ်ရောဂါ

  • မိမိရဲ့ အောက်ဆီဂျင် ပမာဏာက (၉၀) အောက်ဖြစ်ပါက မိမိက ပြင်းထန်တဲ့ ကိုဗစ်ရောဂါဖြစ်ပြီး မိမိရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) နဲ့ တိုင်ပင်ပါ။ (သို့မဟုတ်) အမြန်ဆုံး ဆေးရုံတက်ရောက် ကုသမှုခံယူပါ။
  • မိမိ အနေနဲ့ ဆေးရုံကို မတက်ရောက်နိုင်ပါက မိမိရဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသူ (ဆရာဝန်) က ညွှန်ကြားတဲ့အတိုင်း အောက်ဆီဂျင်ကိုရှူပြီး စတီးရွိုက် (Steroids) ဆေးကို သောက်ပါ။

ကိုဗစ်ရောဂါနဲ့ ဘက်တီးရီးယားနောက်ဆက်တွဲပြဿနာ

  • တစ်ခါတစ်ရံ ပြင်းထန် ကိုဗစ်ရောဂါက နောက်ဆက်တွဲ ဘက်တီးရီးယား ရောဂါပိုးဝင်ခြင်းနဲ့ တချို့လူတာတွေမှာ မှိုပိုးဝင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
  • မိမိရဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသူ (ဆရာဝန်) က ဘက်တီးရီးယား ပိုးသတ်ဆေး (သို့မဟုတ်) မှိုပိုးသတ်ဆေးတွေကို ညွှန်းပေးနိုင်ပါတယ်။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) ရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာပါ။ မိမိသဘောနဲ့ ဆေးဝယ်မသောက်ပါနဲ့။

ပိုးသတ်ဆေးတွေကို ဘယ်လိုသောက်သင့်လဲ

  • ဘက်တီးရီယားပိုးသတ်ဆေးတွေကို မိမိ သဘောနဲ့ ဝယ်ယူမသောက်သုံးသင့်ပါ။ ကိုဗစ်ရောဂါဟ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပြီး ဘက်တီးရီးယား ပိုးသတ်ဆေးတွေအနေနဲ့ ဗိုင်းရပ်စ်အပေါ်မှာ အကျိုးသက်ရောက်မှု မရှိပါ။
  • စတီးရွိုက်ဆေးတွေဖြစ်တဲ့ (dexmethasone, hydrocortisone, prednisolone) စတဲ့ ဆေးတွေကို မိမိဖာသာမသောက်သုံးသင့်ပါ။
  • စတီးရွိုက်ဆေးတွေကို အလွန်အကျွံသောက်သုံးမိပါက mucomycosis ခေါ် မှိုမည်းရောဂါ အပါအဝင် ပြင်းထန်ပြီး အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။
  • ကျန်းမာရေး စောင့်ရှောက်မှုပေးသူ (ဆရာဝန်) ရဲ့ အကြံပြုချက်မပါဘဲ တခြားဆေးတွေကို မိမိဖာသာ မသောက်သုံးသင့်ပါ။

ဘယ်ဆေးတွေကို ထောက်ခံထားလဲ

  • hydroxychloroquine, lopinavir/ ritonavir ဆေးတွေ အသုံးပြုမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံ မထားပါဘူး။
  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနေနဲ့ ဆေးရုံ တက်ရောက်ကုသမှုခံယူနေတဲ့ ကိုဗစ်ရောဂါဝေဒနာရှင်တွေကို remdesivir ဆေး အသုံးပြုမှုကို အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး ထောက်ခံထားပါတယ်။
  • lvermectin ဆေးကို ကိုဗစ်ရောဂါအတွက် ဆေးပညာသုတေသနပြုမှုတွေမှာ အသုံးပြုရန်အတွက်သာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနေနဲ့ အကြုံပြုထားပါတယ်။

Source- World Health Organization
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top