မကြာခင်ကာလမှာ ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာမလုံလောက်ခြင်းတွေနဲ့ အကြွေးတွေ သိသိသာသာမြင့်တက်နိုင်

161443787_4149002435139618_7815907892204215441_n.jpg

ရန်ကုန်၊ သြဂုတ် (၄)

မကြာခင်ကာလ လာမယ့်လတွေအတွင်းမှာ မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာမလုံလောက်တာတွေနဲ့ အကြွေးတွေသိသိသာသာမြင့်တက်လာနိုင်တယ်လို့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အေဂျင်စီတွေက သတိပေးပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ စားနပ်ရိက္ခာ ဈေးနှုန်းမြင့်တက်ခြင်း၊ အလုပ်အကိုင်ဆုံးရှုံးခြင်းနဲ့ ငွေကြေးတန်ဖိုးကျဆင်းခြင်း အခြေအနေတွေဖြစ်ပွားနေတဲ့အတွက် သန်းနဲ့ချီတဲ့ ဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ မိသားစုတွေကို နောက်ထပ်လိုအပ်ချက်တွေနဲ့ လိုအပ်စေနိုင်တဲ့ အခြေအနေကို တွန်းပို့သလိုဖြစ်နေမှာဖြစ်တယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက ဝေဖန်ပြောကြားလိုက်ပါတယ်။

“ကျွန်မတို့နဲ့အတူအလုပ်လုပ်နေတဲ့ ပြည်သူလူထုတွေဟာ ကူကယ်ရာမဲ့စွာနဲ့သေဆုံးနေကြပြီ။ Covid-19 တတိယလှိုင်းဟာ မြန်မာနိုင်ငံအပေါ် အတားအဆီးမဲ့အရှိန်အဟုန်ပြင်းစွာ ထိုးနှက်နေပြီး ပြည်သူများ အတွက် နောက်ထပ်စိတ်ဒဏ်ရာ ရရှိစေတဲ့အရာလည်းဖြစ်နေပါတယ်။ ပြည်သူတွေအနေနဲ့ မျှတ၊ လုံခြုံမှုရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမှီဖို့ အခုချက်ချင်း လိုအပ်နေပါပြီ” လို့ ဒုက္ခသည်များဆိုင်ရာ နော်ဝေးကောင်စီအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Laura Marshall က ပြောပါတယ်။

ပြီးခဲ့တဲ့ (၂) လအတွင်းမှာ Covid-19 အတည်ပြုလူနာ မြန်မာနိုင်ငံမှာ နှစ်ဆတိုးပွားလာခဲ့ပြီး သေဆုံးသူတွေရဲ့ (၆၀) ရာခိုင်နှုန်းကလည်း ပြီးခဲ့တဲ့တစ်လအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ တခြားထိခိုက်လွယ်အုပ်စုတွေက မရှိမဖြစ်လိုအပ်တဲ့ စောင့်ရှောက်မှုတွေနဲ့ အခြေခံဝန်ဆောင်မှုတွေကို လက်လှမ်းမီရန် အတားအဆီးအသစ်တွေနဲ့ ရင်ဆိုင်နေရမှာဖြစ်တယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက ဝေဖန်ထောက်ပြပြောကြားလိုက်ပါတယ်။

Photo- United Nations OCHA
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top