အလုပ်ခွင်မှာ စိတ်ဖိစီးမှုကင်းကင်းနဲ့ အလုပ်လုပ်နိုင်ဖို့ဆိုရင်

yyl-25-040.jpg

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လူတော်တော်များများတွေ့ကြုံခံစားကြရပါတယ်။ ကျွန်တော်တို့တွေက အလုပ်ခွင်မှာဆိုလည်း စိတ်ဖိစီးမှုဒဏ်၊ စိုးရိမ်ပူပန်မှုဒဏ်ကို ပုံမှန်လိုလို တွေ့ကြုံခံစားနိုင်ပါတယ်။ အလုပ်ပမာဏ၊ အလုပ်ခွင်မှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်ခံစားရတဲ့ စိတ်ဖိစီးမှုက ကွဲပြားသွားနိုင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက ရှောင်လွှဲလို့မရပါဘူး။ သေချာပေါက် ကြုံတွေ့ရမှာပါ။ အလုပ်ခွင်မှာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုမရှိဘဲ အလုပ်လုပ်နိုင်ဖို့ဆိုရင် အောက်မှာ ဖော်ပြပေးမယ့်အချက်တွေက အထောက်အကူပြုဖြစ်မှာပါ။

တစ်နေ့တာကို အစီအစဉ်ဇယားနဲ့စတင်ပါ

နေ့တစ်နေ့အစမှာကတည်းက အစီအစဉ်ဆွဲထားဖို့ အရမ်းအရေးကြီးပါတယ်။ အလုပ်မစခင်မှာ သင် ပြီးမြောက်အောင်လုပ်ဆောင်ရမယ့်အရာတွေကို ရှင်းရှင်းလင်းလင်းသိရပါမယ်။ ဘယ်အချိန်မှာ ဘယ်အရာကို ပြီးမြောက်လုပ်မယ်ဆိုပြီးလည်း အချိန်သတ်မှတ်ထားသင့်ပါတယ်။ အစီအစဉ်ဆွဲပြီး အလုပ်လုပ်မယ်ဆိုရင် အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ အလုပ်ဒဏ်ပိတာတွေလည်း ဖြစ်မလာနိုင်တော့ပါဘူး။

Time Management ရှိရပါမယ်

အမြဲလိုလို စိတ်ဖိစီးမှုက အလုပ်တွေမရပ်မနားလုပ်ရတာကြောင့် ဖြစ်လာရတာပါ။ သင့်အချိန်ကို စီမံခန့်ခွဲမှုတွေလုပ်ထားခြင်းက စိတ်ဖိစီးမှုကို ရှောင်ရှားနိုင်မယ့် အကောင်းဆုံးနည်းဖြစ်ပါတယ်။ ဦးစားပေးကိစ္စတွေကို ခွဲထားပြီး သတ်မှတ်ထားတဲ့အချိန်အတွင်း အလုပ်ကို ပြီးအောင်လုပ်သင့်ပါတယ်။ အိမ်ကို အလုပ်တွေကို သယ်မသွားပါနဲ့။ ဒါက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်သလို သင့်မိသားစုအတွက်လည်း အနှောင့်အယှက်ဖြစ်ရပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားပါ

အလုပ်ပြီးတဲ့အခါ သင့်လုပ်ဖော်ကိုင်ဖက်တွေအတွက် နေရာချန်ထားပေးသင့်ပါတယ်။ သင်က သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိရင်လည်း စိတ်ဖိစီးမှုနဲ့ ကင်းဝေးနိုင်ပါတယ်။ သူတို့တွေက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သူတို့နဲ့ ဆက်ဆံရေးပြတ်မသွားအောင် ထိန်းထားဖို့လိုပါတယ်။

မသိနားမလည်ရင် မေးပါ

သင်က ဝန်ထမ်းအသစ်ဆိုရင် မရှင်းတာ၊ မသိနားမလည်တာရှိရင် မေးခွန်းတွေမေးလို့ရပါတယ်။ အဲဒီလိုမေးမြန်းတာက ကုမ္ပဏီကို အတွင်းကျကျသိနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့တေက မေးခွန်းများများမေးရတာကို ရှက်သလိုခံစားရပါတယ်။ မိမိမရှင်းတာ၊ နားမလည်တာတွေကို မမေးဘဲ ထားရင် သင့်ကို စိတ်ဖိစီးတာတွေ၊ စိုးရိမ်ပူပန်တာတွေခံစားရစေနိုင်ပါတယ်။

အနားယူပါ

အလုပ်ကနေ ခဏအနားယူပြီး အပန်းခြေခရီးထွက်တာတွေလုပ်မယ်ဆိုရင် စိတ်ဖိစီးမှုကို သက်သာသွားစေမှာပါ။ အဆက်မပြတ်အလုပ်လုပ်နေရတာက လူတစ်ယောက်ကို လေးလံထိုင်းမှိုင်းစေပြီး အလုပ်လုပ်နိုင်စွမ်းမရှိဖြစ်သွားစေနိုင်ပါတယ်။ ခဏအနားယူတာက စိတ်ပျော်ရွှ့င်လန်းဆန်းစေပြီး စိတ်ဖိစီးမှုကင်းကင်းနဲ့ နေနိုင်မှာပါ။ စိတ်ပျော်ရွှင်ပြီး စိတ်ဖိစီးမှုမရှိမှသာ အလုပ်ကို ကောင်းကောင်းလုပ်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။

Ref: 5 Ways you can be stress-free at work

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top