ဂုဏ်သတင်း မွှေးပျံ့သော ကမ္ဘာ့ အဆင့်အတန်းမြင့် စီးပွားရေး ဆုကြီး

iba_native_article.jpg

အခုလို ၂၁ ရာစုလိုခေတ်ကြီးမှာ နည်းပညာ အသစ်သစ်တွေ ထွက်ပေါ်လာတာနဲ့အမျှ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ တိုးတက်လာတဲ့ နည်းပညာတွေကို အသုံးပြုပြီး ပြည်တွင်း မှာသာမက ကမ္ဘာ့ဈေးကွက်မှာပါ ထင်ရှားပေါ်လွင်စွာ ရပ်တည်နိုင်ဖို့ အကြိတ်အနယ် ကြိုးစား ယှဉ်ပြိုင်လျက်ရှိကြပါတယ်။ စီးပွား ရေး လုပ်ငန်းရှင် တွေ အနေနဲ့ ဒီလို ကိုယ့်ရဲ့လုပ်ငန်းကို ပိုမိုတိုးတက် ကောင်းမွန်လာ စေဖို့ ပိုမိုတောက်ပစေဖို့ ကြိုးစား ယှဉ်ပြိုင်ကြတဲ့ အခါမှာ ကမ္ဘာ့ အဆင့် အတန်းမြင့် အဖွဲ့အစည်းတွေက ကြိုးစားအားထုတ်မှုတွေ အားပေးအသိမှတ်ပြုနိုင်ဖို့ စီးပွားရေးလုပ်ငန်းဆိုင်ရာဆုများကို ချီးမြှင့်ကြပါတယ်။

ဒီလို ချီးမြှင့်တဲ့အခါမှာ စီးပွားရေး လုပ်ငန်းကြီးတွေ အတွက်ပဲ မဟုတ်ပဲ start-up လုပ်ငန်းတွေ ၊ စီးပွားရေးလုပ်ငန်းသေးတွေ အနေနဲ့လည်း ဒေသဆိုင်ရာ ကနေ နိုင်ငံတကာ အဆင့်အထိ လုပ်ငန်းတွေပေါ် မူတည်ပြီး သတ်မှတ်ချက်တွေ နဲ့ကိုက်ညီရင် ဆုများကိုရရှိနိုင်ပါတယ်။ The Stevie International Business Awards, The Fortune Global 500, The Best in Biz Awards, The Big Awards for Business နဲ့ World’s Best Multinational Workplaces အစရှိတဲ့ စီးပွားရေးဆုတွေ ကတော့ နိုင်ငံတကာမှာ ဂုဏ်သတင်း အကောင်းမွန်ဆုံး စီးပွားရေးဆုကြီးတွေပဲ ဖြစ်ပါတယ်။

အခုလို စီးပွားရေး ဆုကြီး တွေထဲက ဆုကြီးတစ်ခုဖြစ်တဲ့ The Stevie® Awards ဆိုတာကတော့ ၂၀၀၂ ခုနှစ်မှာစတင်ခဲ့ပြီး ကမ္ဘာ့အဆင့်အတန်းမြင့် စီးပွား ရေးဆုကြီးတစ်ဆုဖြစ်တဲ့အပြင် လူမှုအဖွဲ့အစည်းတွေရဲ့ ကောင်းကျိုးတွေ အစဉ်သယ်ဆောင်ပေးနေသော ၊ လူအများရဲ့ အသိအမှတ်ပြုခံရသော ၊ နိုင်ငံ တကာနဲ့ စပ်ဆက်ပြီး အလုပ်လုပ်ကိုင်ရာမှာ သမာသမတ်ကျသော အဖွဲ့အစည်းတွေကိုသာ ဂုဏ်ပြုတဲ့အနေနဲ့ ချီးမြှင့်တဲ့ ဆုကြီးဖြစ်ပါတယ်။ ယခု လက်ရှိ အထိ Stevie ရွှေတံဆိပ်ဆုကို နိုင်ငံပေါင်း ၆၀ ကျော်မှ အဖွဲ့အစည်းတွေနဲ့ တစ်သီး ပုဂ္ဂလအဖွဲ့တွေကို ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်း မှာ တော့ Stevie Awards ရဲ့ ၁၀ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားအနေနဲ့ Silver နဲ့ Bronze Stevie Awards ကိုမိတ်ဆက်ပေးခဲ့ပါတယ်။

The Stevie® Awards ကိုရရှိနိုင်ဖို့အတွက် နိုင်ငံတစ်ဝန်းမှ ဘယ်အဖွဲ့အစည်းမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ လုပ်ငန်းသေးဖြစ်စေ ၊ လုပ်ငန်းကြီး ဖြစ် စေ ၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်းဖြစ်စေ ၊ ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်စေ ၊ profit အဖွဲ့အစည်းဖြစ်စေ ၊ non-profit အဖွဲ့အစည်းဖြစ်စေ အားလုံး အ တွက် ဖွင့်လှစ်ထားပါတယ်။ ၂၀၁၉ ခုနှစ် ပြိုင်ပွဲအတွက် နိုင်ငံပေါင်း ၇၄ နိုင်ငံကအဖွဲ့အစည်းတွေ မှ အမည်စာရင်းတင်သွင်းသူပေါင်း ၄၀၀၀ ကျော်ရှိခဲ့ ပါ တယ်။ ၂၀၁၉ ခုနှစ်ပြိုင်ပွဲမှာဆိုရင်တော့ မြန်မာနိုင်ငံကို နောက်ဆုံးမှဝင်လာတဲ့ ဆက်သွယ်ရေးအော်ပရေတာ Mytel က အခုလိုမျိုး ပြိုင်ဘက်ကောင်း တွေ ဖြစ်ကြတဲ့ ကြီးမားတဲ့အဖွဲ့အစည်းတွေနဲ့အတူ ၂၀၁၉ ခုနှစ် အတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုပေးပွဲတွင် Stevie® Awards ရွှေတံဆိပ်ဆု ၁ ဆုနဲ့ ငွေတံဆိပ် ဆု ၁ ဆုစီရရှိခဲ့တယ်လို့ မကြာသေးမီကပဲ ကြေငြာခြင်းခံခဲ့ရပါတယ်။

Mytel က “Mobile Marketing Campaign of the Year” ကဏ္ဍအောက်မှာ Stevie® Awards ရွှေတံဆိပ်ဆု ၁ ဆုနဲ့ “Communications or PR Campaign of the Year – New Product or Service Launch” ကဏ္ဍအောက်မှာဆိုရင်တော့ Stevie® Awards ငွေတံဆိပ်ဆု ၁ ဆုတို့ ဆွတ်ခူး ရရှိခဲ့ တာပဲဖြစ်ပါတယ်။ မကြာသေးမီကပဲ Mytel က 5G ကို မြန်မာနိုင်ငံကို ယူဆောင်လာပေးနိုင်ခဲ့တဲ့ ပထမဆုံးဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်လာ ခဲ့ တဲ့ အပြင် အခုအခါလဲ တစ်ကမ္ဘာလုံးမှအသိမှတ်ပြုထားသော ဆုများထဲမှ ဆုကြီး ၂ ဆု ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ နောင် အနာ ဂတ် မှာလည်း Mytel က တိုးတက်မှုတွေကို ဆက်လက်ဆောင်ကျဉ်းပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရှိရတဲ့အပြင် မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့လည်း အခုလိုမျိုး Mytel က မြန်မာနိုင်ငံအတွက် ဆန်းသစ်တဲ့ နည်းပညာတွေ နှင့် ထူးခြားကောင်းမွန်တဲ့ ကြိုးစားအားထုတ်မှုတွေကို နိုင်ငံတကာက အသိမှတ်ပြု နိုင်အောင် ချပြနိုင်ခဲ့လို့ အရမ်းပဲ ဂုဏ်ယူမိပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top