ဆံပင်ပြန်ပေါက်လာစေမယ့် အိမ်တွင်းနည်းလမ်းများ

25-2-2021-yyl04.jpg

ဆံပင်တွေကျွတ်ပြီး ပါးသွားလို့စိတ်ညစ်နေကြလား။ ဘယ်သူမဆို ဆံပင်တွေ ပြန်သန်စွမ်းလာတာ၊ ပြန်ပေါက်လာတာကို လိုချင်ကြတာချည်းပါပဲ။ ဆုံးရှုံးသွားတဲ့ဆံပင်တွေကို ပြန်ပေါက်လာဖို့အတွက် ကြိုးစားနေတယ်ဆိုရင် ဒီအိမ်တွင်းနည်းလမ်းတချို့နဲ့ ဖြေရှင်းကြည့်လို့ရပါတယ်။ အောက်မှာဖော်ပြပေးထားတဲ့နည်းလမ်းတွေက ဆံသားတွေပြန်လည်သန်စွမ်းလာအောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။

နှိပ်နယ်ပေးပါ

ဦးရေပြားကို နှိပ်နယ်ပေးတာက ဆံပင်သန်စွမ်းလာအောင်၊ ဆံပင်ပြန်ပေါက်လာအောင် ကူညီပေးနိုင်ပါတယ်။ ဆံသားလိမ်းဆီနဲ့ နှိပ်နယ်ပေးနိုင်သလို ဆံပင်ပေါင်းတင်ပြီးတော့လည်း နှိပ်နယ်ပေးလို့ရပါတယ်။

ရှားစောင်းလက်ပက်အသုံးပြုပါ

ရှားစောင်းလက်ပက်ဂျယ်လ်က ဗောက်ထတာကို ဖယ်ရှားပေးတဲ့အပြင် ဆံပင်ကိုလည်း သန်စွမ်းစေပါတယ်။ မွေးညှင်းပေါက်တွေ ပွင့်လာဖို့အတွက် တစ်ပတ်ကို အကြိမ်အနည်းငယ်လောက် ဆံသားမှာ ရှားစောင်းလက်ပက်ဂျယ်လ်ကို လိမ်းပေးနိုင်ပါတယ်။

အုန်းဆီလိမ်းပါ

အုန်းဆီကတော့ ဟိုအရင်ကတည်းက လူတွေအသုံးပြုလာခဲ့တာပါ။ ဆံသားပေါ်မူတည်ပြီး အုန်းဆီကို ခေါင်းမလျှော်ခင် (သို့) ခေါင်းလျှော်ပြီးနောက် လိမ်းပေးလို့ရပါတယ်။ အုန်းဆီလိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးတာက ဆုံးရှုံးသွားတဲ့ဆံပင်တွေကို ပြန်ပေါက်လာအောင် ကူညီပေးနိုင်ပါတယ်။

ငါးကြီးဆီ စားသုံးပေးပါ

ငါးကြီးဆီကို စားသုံးပေးတာကလည်း ဆံသားကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ငါးကြီးဆီမာ ပါဝင်တဲ့ အာဟာရဓာတ်နဲ့ ပရိုတင်းဓာတ်တွေက ဆံပင်သန်စွမ်းစေနိုင်ပါတယ်။

ကြက်သွန်နီအရည်ကို လိမ်းပေးပါ

ကြက်သွန်နီအရည်ကလည်း ဆံပင်ပြန်ပေါက်လာဖို့အတွက် အကူအညီပေးနိုင်ပါတယ်။ ဆံပင်အမြှစ်အထိ သွေးလည်ပတ်မှုကောင်းစေပါတယ်။ ကြက်သွန်နီအရည်ကို ဦးရေပြားမှာ လိမ်းပေးပြီး (၁၅) မိနစ်အကြာမှာ ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။

သံပရိုရည်ကို လိမ်းပေးပါ

ဦးရေပြားပေါ်မှာ သံပရိုရည်အသုံးပြုပေးတာက ဆံံပင်သန်စေတယ်လို့ ပြောကြပါတယ်။ ကျန်းမာတဲ့ဦးရေပြားကို ပိုင်ဆိုင်ရစေပြီး ဆံပင်ကို ပြန်လည်သန်စွမ်းစေနိုင်အောင် ကူညီပေးနိုင်ပါတယ်။

Ref: Regrow your hair naturally

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top