ရေစိုသွားသော ဖုန်းကို ပြန်လည်ပြုပြင်နည်း (၅) ချက်

tmg-article_default_mobile.jpg

(၁) ဘတ္တရီကို ချက်ချင်းဆွဲဖြုတ်လိုက်ပါ

ဖုန်းကို ရေစိုလိုက်တာနဲ့ Power ပိတ်ဖို့ လုပ်မနေဘဲနဲ့ ဘတ္တရီကိုသာ ချက်ချင်း ဆွဲဖြုတ် လိုက်ပါ။ အဲလို ဘတ္တရီကို ဖြုတ်လိုက်ခြင်း အာဖြင့် သင့်ရဲ့ ရေစိုနေသော ဖုန်းကို ပြန်လည် ပြုပြင်နိုင်ပါလိမ့်မယ်။ အကယ်၍ iPhone ဆိုရင်တော့ power ကိုပဲ အမြန်ပိတ်လိုက်ပါ။

(၂) ဆင်းကဒ်ကို ဖြုတ်ပါ

တကယ်၍ ဟန်းစက်ဟာ ပျက်စီးသွားတယ်ဆိုရင် မှတ်သားထားသော contact information ကို မပျောက်ပျက်စေရန် ဆင်းကဒ်ကို ဖြုတ်၍ လေမှုတ်စက်ဖြင့် မူတ်လိုက်ပါ။

(၃) ရေမချောက်မခြင်း ဖုန်းကို မဖွင့်ပါနဲ့

ရေအစိုဓာတ်တွေ မကုန်ဘဲ ဖုန်းပြန်ဖွင့်လိုက်မယ်ဆိုရင် သင့်ရဲ့ဖုန်းကို ပျက်စီး သွားစေမှာ ဖြစ်ပါတယ်။

(၄) ဆန်အိုးထဲတွင် မြုပ်ထားပါ

ရေစိုသွားသော ဖုန်းကို ဘတ္တရီ ဖြုတ်ပြီးပြီးခြင်းမှာပဲ အနီးနားမှာ ရှိသော ဆန်အိုး အတွင်းသို့ အလျင်အမြန် မြုပ်ထားလိုက်ပါ။

(၅) ရေခဲသေတ္တာထဲတွင် လျှပ်စစ်မသုံးဘဲ ထည့်ထားပါ

တကယ်လို့ အလွယ်တကူ ဆန်အိုး မရှိဘူးဆိုရင် ရေခဲသေတ္တာ အတွင်းသို့ ရေစိုနေသော ဖုန်းအား အဝတ်များနှင့် ပတ်ပြီး ထည့်ထားနိုင် ပါတယ်။ ထိုရေခဲ သေတ္တာဟာ လျှပ်စစ် မသုံးသည့် အတွက်ကြောင့် အအေးဓာတ် မရှိဘဲ အပူဓာတ် များကို ပေးစွမ်းမှာဖြစ်လို့ ဖုန်းကို အလွယ်တကူ ချောက်သွေ့ စေနိုင်မှာ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top