ကွယ်လွန်ပြီးသူတွေရဲ့ အကောင့်တွေအတွက် ဖေ့စ်ဘွတ်ခ်ရဲ့အစီအစဉ်အသစ်

facebook-memorial-features-rollout.jpg

ဖေ့စ်ဘွတ်ခ်ဟာ ကွယ်လွန်ပြီးသူတွေရဲ့အကောင့်တွေကို ဉာဏ်ရည်တုစနစ်ကိုအသုံးပြုပြီး ထိန်းချုပ်ကိုင်တွယ်သွားမှာဖြစ်ကာ ဒီလိုလုပ်ဆောင်ခြင်းက ကျန်ရစ်သူမိသားစုတွေအတွက် စိတ်ထိခိုက်ကြေကွဲမှုမဖြစ်ရစေဖို့ အဓိကရည်ရွယ်တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။

သေဆုံးသူတွေရဲ့အမှတ်တရနဲ့ ဖြစ်ရပ်တွေကိုကြည့်တိုင်း နာကျင်ခံစားရသလိုဝမ်းနည်းကြေကွဲကြရ

ကျန်ရစ်သူမိသားစုဝင်တွေဟာ ဖေ့စ်ဘွတ်ခ်မှာ မကြာခဏပြန်မြင်တွေ့ရသေးတဲ့ သေဆုံးသူတွေရဲ့အမှတ်တရနဲ့ ဖြစ်ရပ်တွေကိုကြည့်တိုင်း နာကျင်ခံစားရသလိုဝမ်းနည်းကြေကွဲကြရပါတယ်။ အခုချိန်မှာတော့ ဖေ့ဘွတ်ခ်အနေနဲ့ အသုံးပြုသူတွေရဲ့အကြုံပြုချက်ကြောင့် ဒါကို ပြောင်းလဲပြင်ဆင်သွားဖို့ ရှိလာတာဖြစ်ပါတယ်။

ဒီလိုပြောင်းလဲမှုအနေနဲ့ အသက်ရှင်သန်သူတွေနဲ့မခြား ကွယ်လွန်သူတွေရဲ့မွေးနေ့မှာ အသိမိတ်ဆွေတွေဆီ အသိပေးအကြောင်းကြားမှုတွေ၊ ကွယ်လွန်သူတွေကို ဖိတ်ကြားစာပို့နိုင်တာမျိုးတွေကို အလိုအလျောက်ပယ်ဖျက်သွားတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ကွယ်လွန်သူတွေအတွက် အထိမ်းအမှတ်အဖြစ် ဖေ့စ်ဘွတ်ခ်ပရိုဖိုင်မှာလည်း သူတို့ကိုယ်တိုင်သုံးစွဲခဲ့တဲ့ ရှိရင်းစွဲ မှတ်တမ်းနဲ့ ခင်မင်လွမ်းဆွတ်သူတွေရဲ့ သတိတရရေးသားမှုတွေ၊ အမှတ်တရပို့စ်နဲ့ ဓာတ်ပုံတွေ၊ ဂုဏ်ပြုထားတဲ့အဖြစ်အပျက်တွေ စသဖြင့် အထိမ်းအမှတ်မှတ်တမ်းကို သီးသန့်ဖြစ်အောင် ခွဲခြားထားရှိပေးသွားမှာလည်း ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့Chief Operating Officer ရှရယ်လ်ဆန်းဘတ်ဂ် (Sheryl Sandberg) ဟာလည်း ဖေ့စ်ဘွတ်တာဝန်ရှိသူဖြစ်ခဲ့ပေမဲ့ ဖေ့စ်ဘွတ်ခ်ရဲ့လုပ်ဆောင်ချက်ကို မထိန်းချုပ်နိုင်ခဲ့ပါဘူး

လက်ရှိမှာ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့Chief Operating Officer အဖြစ် တာဝန်ယူထားတဲ့ ရှရယ်လ်ဆန်းဘတ်ဂ် (Sheryl Sandberg) ဟာလည်း ၂၀၁၅ ခုနှစ်မှာ ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့ပြီးတဲ့နောက်မှာ ဖေ့စ်ဘွတ်ခ်ပေါ်က သူ့ခင်ပွန်းနဲ့ အမှတ်တရတွေက သူ့အတွက် ရှောင်လွှဲမရအောင် ပြန်မြင်တွေ့နေရပြီး နာကျင်စရာ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က သူကိုယ်တိုင်လည်း ဖေ့စ်ဘွတ်တာဝန်ရှိသူဖြစ်ခဲ့ပေမဲ့ ဖေ့စ်ဘွတ်ခ်ရဲ့လုပ်ဆောင်ချက်ကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။

ကွယ်လွန်သွားသူတွေရဲ့ပရိုဖိုင်တွေကို ဝင်ရောက်ကြည့်ရှုသူဦးရေက တစ်လမှာ လူပေါင်းသန်း (၃၀)အထိ ရှိနေတယ်လို့ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ဖော်ပြထားပါတယ်။

Ref: NBCNEWS.COM “Facebook launches new tool to help users memorialize loved ones”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top