နွေရာသီအတွက် skin care ရွေးချယ်နည်း

summer-skincare.jpg

နွေရာသီကို ချစ်တယ်ဆိုပေမဲ့လည်း ဒီရာသီမှာပဲ အသားအရေက အကြီးအကျယ်ပျက်စီးရတာပါ။ ဆောင်းတစ်တွင်းလုံး ပြီးပြည့်စုံတဲ့ အသားအရေထိန်းသိမ်းမှုရှိခဲ့ပေမယ့်လည်း နွေရာသီရောက်လာတဲ့အခါမှာတော့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်မယ့် skin care တွေကို ပြောင်းလဲအသုံးပြုဖို့သင့်နေပါပြီ။ နွေရာသီမှာ အသားအရေက အရမ်းအဆီပြန်လာပြီး ပျက်စီးမှုဖြစ်ဖို့ ရာခိုင်နှုန်းကလည်း ပိုများလာတဲ့အတွက် skin care သေသေချာချာလေး အာရုံစိုက်ပြီးလုပ်သင့်ပါတယ်။

နွေရာသီမှာ အသားအရေက အရမ်းအဆီပြန်လာပြီး ပျက်စီးမှုဖြစ်ဖို့ ရာခိုင်နှုန်းကလည်း ပိုများလာတဲ့အတွက် skin care သေသေချာချာလေး အာရုံစိုက်ပြီးလုပ်သင့်ပါတယ်

တကယ်တော့ နွေရာသီမှာ ကျန်းမာလှပပြီး တောက်ပတဲ့အသားအရေရရှိဖို့အတွက်က ဈေးကြီးတဲ့ skin care တွေကို အသုံးပြုမှရယ်လို့ မဟုတ်ပါဘူး။ ဒီလိုဆိုရင် နွေရာသီအတွက် ကိုယ့်ရဲ့ဝင်ငွေနဲ့ ကိုက်ညီတဲ့ skin care တွေကို ဘယ်လိုမှန်မှန်ကန်ကန်နဲ့ ရွေးချယ်အသုံးပြုရမယ်ဆိုတာ ရိုးရာလေးပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ အဆီဓာတ်မပါဝင်တဲ့ မျက်နှာလိမ်းခရင် (oil-free face cream)

ဆောင်းရာသီမှာတော့ အသားအရေခြောက်တာကို ကာကွယ်နိုင်ဖို့အတွက် အဆီဓာတ်ပါဝင်မှုများတဲ့ ခရင် (သို့) ရေဓာတ်ပါဝင်မှုများတဲ့ ခရင်တွေကို သင်အများကြီး အသုံးပြုကောင်းအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် နွေရာသီရောက်လာပြီဆိုရင်တော့ အဆီဓာတ်ပါဝင်မှုမရှိတဲ့ ခရင်တွေကိုသာ ပြောင်းလဲအသုံးပြုပေးသင့်ပါတယ်။ ဟိုင်ရာရောနစ် အက်စစ် (Hyaluronic acid) ပါဝင်တဲ့ ထုတ်ကုန်တွေဟာ အရေးအကြောင်းဖြစ်ခြင်းနှင့် အဆီပြန်ခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့အတွက် ၎င်းအက်စစ်ပါဝင်တဲ့ ခရင်တွေကို နွေရာသီမှာ ရွေးချယ်အသုံးပြုပေးနိုင်ပါတယ်။

အဆီဓာတ်ပါဝင်မှုမရှိတဲ့ oil-free facial cream တွေဟာ ခရင်ဖော်မြူလာအများကြီးမပါရှိတဲ့အတွက် အသားအရေကိုလည်း ရေဓာတ်လုံလုံလောက်လောက် အားဖြည့်ပေးပြီး ချွေးပေါက်ပိတ်ခြင်းနဲ့ အသားအရေပျက်စီးခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။ နေလောင်ကာ ခရင် (Suncream)

နွေရာသီအတွက်တော့ နေလောင်ကာခရင်က မရှိမဖြစ်ပါပဲ။ တစ်နေ့လုံး အပြင်သွားစရာမရှိဘူးဆိုရင်တောင်မှ ပျင်းရိမနေပဲ နေလောင်ကာခရင်ကို နေ့တိုင်းလိမ်းပေးပါ။ ရေဓာတ်-ခုခံပေး (water-resistant) တယ်ဆိုတဲ့ အညွှန်းပါရှိတဲ့ ထုတ်ကုန်တွေကို ရွေးချယ်အသုံးပြုပေးခြင်းဖြင့် နွေရာသီမှာ ချွေးထွက်လည်း အလှမပျက်နိုင်တော့ပါဘူး။ SPF ပါဝင်မှုပမာဏများတဲ့ ထုတ်ကုန်တွေကိုသာ ရွေးချယ် အသုံးပြုပေးပါ။

၃။ ဘော်ဒီစပရေး (Dry-oil Body Spray)

နောက်ထပ် နွေရာသီမှာ အသားအရေထိန်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ထူတဲ့ ဘော်ဒီလိုးရှင်း ခရင်တွေအစား ဘော်ဒီစပရေးတွေကို ပြောင်းလဲအသုံးပြုပေးခြင်းပဲ ဖြစ်ပါတယ်။ ဘောင်ဒီစပရေးတွေဟာ ချွေးပေါက်ပိတ်ခြင်းနဲ့ လိမ်းထားတဲ့အချိန်အတွင်း ကြာရှည်မခံခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ တခြားလိုးရှင်ခရက်တွေထက်လည်း ရေဓာတ်ပါဝင်မှုပိုမိုများပြားပါတယ်။

၄။ ရေဓာတ်အားဖြည့် မိတ်ကပ်အောက်ခံ (Moisturizing Primer)

အသားအရေအရမ်းခြောက်တဲ့ထဲ သင်မပါဘူးဆိုရင်တော့ နွေရာသီမှာ ရေဓာတ်အားဖြည့်ခရင်တွေလိမ်းဖို့ တကယ်မလိုအပ်ပါဘူး။ အဲ့ဒီအစား ရေဓာတ်အားဖြည့် မိတ်ကပ်အောက်ခံတွေကိုသာ နေလောင်ကာခရင်ရဲ့ အပေါ်က ထပ်လိမ်းပေးပါ။

၅။ ပေါင်ဒါ ဖောင်ဒေးရှင်း (Powder-based foundation)

နွေရာသီမှာ မိတ်ကပ်မလိမ်းတာက အကောင်းဆုံးဆိုပေမယ့် တစ်ခါတလေမှာ အစက်အပြောက်တွေကို ဖုံးကွယ်ဖို့အတွက် မိတ်ကပ်အကူညီလည်း အနည်းငယ်လိုအပ်ပါတယ်။ ဖောင်ဒေးရှင်းအရည်အစား ပေါင်ဒါဖောင်ဒေးရှင်းတွေကို ပြောင်းလဲအသုံးပြုပေးခြင်းဖြင့် မိတ်ကပ်အရည်ပျော်ခြင်းနဲ့ စေးကပ်ကပ်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့်မို့လို့ နွေရာသီမှာအဆီပြန်မှုကင်းပြီး ယုံကြည်ချက်ရှိရှိလှချင်တယ်ဆိုရင်တော့ အခုပြောပြပေးခဲ့တဲ့ skin care လေးတွေကိုသာ ပြောင်းလဲအသုံးပြုကြည့်လိုက်ပါ။ အံ့ဩစရာကောင်းပြီး မှော်ဆန်တဲ့ရလဒ်မျိုးကို တဒင်္ဂအတွင်းမှာ ရရှိပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top