မိန်းကလေးတွေ ဆံပင်စည်းပြီးအိပ်တတ်တဲ့ အကျင့်ရှိရင် ဖျောက်လိုက်ပါ

hair01.jpg

သင်က အိပ်တဲ့အခါ ဆံပင်ရှုပ်ပွမှာဆိုးလို့ ဆံပင်မြှောက်စည်းတဲ့အကျင့်ရှိလား။ တကယ်လို အဲဒီအကျင့်မျိုးရှိရင် ရပ်တန့်ပစ်လိုက်တာအကောင်းဆုံးပါပဲ။

မိန်းကလေးတိုင်းဟာ သူတို့ရဲ့ဆံပင်စတိုင်နဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်တတ်ကြပါတယ်။ ဆံပင်က ကျွန်မတို့ရဲ့ထင်ရှားတဲ့လက္ခဏာတွေထဲက အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်လို့ပါပဲ။ ဆံပင်ပုံစံပြောင်းရင် လူကလည်း နည်းနည်းထူးခြားသွားပါတယ်။ လှပတဲ့ဆံပင်လေးပိုင်ဆိုင်ရဖို့အတွက် မိန်းကလေးအများစုက ဆံသားအတွက်ကောင်းတဲ့ထုတ်ကုန်တွေကို သုံးဖြစ်ကြပါတယ်။ မိန်းကလေးတွေက ဆံသားအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့၊ ထိခိုက်စေနိုင်တဲ့ တစ်နေ့တာအလေ့အထတွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဆံပင်မြှောက်စည်းပြီး အိပ်တာကလည်း ဆံသားကို ထိခိုက်စေနိုင်တဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆံပင်မြှောက်စည်းပြီး အိပ်ရင် သင့်ဆံသားကို ဘယ်လိုတွေဖြစ်လာစေနိုင်လဲဆိုတာကို သိရဖို့ ဆက်ဖတ်ကြည့်လိုက်နော်။

ဆံပင်ကျွတ်စေတယ်

ဆံပင်မြှောက်စည်းတာက ဆံပင်အမြှစ်တွေမှာ ဖိအားဖြစ်စေပါတယ်။ သင်အိပ်နေတဲ့အချိန်မှာ ခေါင်းက ငြိမ်ငြိမ်မနေတတ်တဲ့အတွက် ပိုဆိုးရွားလာနိုင်ပါတယ်။ ဆံပင်အမြှစ်တွေမှာ ဖိအားဖြစ်စေတဲ့အတွက် သင့်ရဲ့ဆံခြည်မျှင်တွေကို ကျိုးပဲ့၊ ကျွတ်ထွက်စေနိုင်တယ်လို့ the American Academy of Dermatology က ဆိုထားပါတယ်။

သင့်ရဲ့ဆံပင်ပုံစံကိုလည်း ပြောင်းလဲသွားစေတယ်

ဆံပင်ကျွတ်တာရဲ့ရလဒ်အနေနဲ့ ဆံပင်တွေ ပါးလာတာကို သတိထားမိမှာပါ။ အထူးသဖြင့် ဆံစပ်တစ်ဝိုက်မှာပါ။ သင် အိပ်နေစဉ်မှာ ဆံပင်မြှောက်စည်းထားတဲ့မျှော့ကြိုးက ပွတ်တိုက်မှုကို ဖြစ်စေတဲ့အတွက်ကြောင့်ရော တင်းတင်းကျပ်ကျပ်စည်းထားတဲ့ဆံပင်ပုံစံမျိုးက ဆံသားကျိုးပဲ့ပြတ်ထွက်တာတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။ ဒါက ဆံပင်ပုံမကျတာတွေ၊ ဆံခြည်မျှင်တွေ ရှုပ်ပွ၊ ခြောက်သွေ့၊ ပျက်စီးတာတွေဖြစ်လာစေပါတယ်။

ထိပ်ပြောင်ခြင်းကို ဖြစ်စေတဲ့ Alopecia လို့ ခေါ်တဲ့ ကျန်းမာရေးအခြေအနေကို ဖြစ်စေနိုင်တယ်

ဆံပင်ကို တင်းတင်းဆွဲထားတာများရင် ဆံပင်အမွေးညှင်းပေါက်တွေကို ပျက်စီးစေပြီး ဆံပင်ကျွတ်ကာ ဆံပင်ထပ်မပေါက်တော့ဘဲ ထိပ်ပြောင်သွားနိုင်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ဆံသားလေးပိုင်ဆိုင်ဖို့အတွက် ဘယ်လိုလုပ်မလဲ

အိပ်တဲ့အခါ ဆံပင်ကို မစည်းဘဲ ချထားတာဖြစ်ဖြစ် ကျစ်ဆံမြီးပြေပြေလေးကျစ်တာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဆံပင်အစိုကြီးနဲ့ မအိပ်ပါနဲ့။ ဆံသားကို အလွယ်တကူပျက်စီးစေနိုင်ပါတယ်။ ဆံသားမပျက်စီးဖို့အတွက် ပိုးသားခေါင်းအုံးစွပ်ကို ရွေးချယ်အိပ်စက်ပေးသင့်ပါတယ်။

Ref: Why You Ought to Stop Sleeping With a Ponytail

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top