Vietjet က ခရီးစဉ်အားလုံး အကျုံးဝင်သည့် စောင်ရေသန်းချီသော လက်မှတ်များကို “သုည”ကျပ်မှ စတင်၍ လျှော့ဈေးရောင်းချခြင်း ပြုလုပ်

Vietjet_2.jpg

ရန်ကုန်၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၂ ရက် – နှစ်ကုန်ပိုင်းခရီးသွားရာသီကို ကြိုဆိုသောအားဖြင့် Vietjet က ၎င်းတို့၏ မည်သည့် ပျံသန်းမှုခရီးစဉ်အတွက်မဆို (အခွန်အခများမပါဝင်သေးသော) မြန်မာငွေကျပ် သုညမှ စတင်သည့် လက်မှတ်များ စောင်ရေသန်းချီကာ ရောင်းချမည်ဖြစ်သည်။ လက်မှတ်ရောင်းချခြင်းကို ရွှေရောင်နေ့ရက်များဟု သတ်မှတ်ထားသည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ မှ ၂၄ အထိ ၃ ရက်တာ ဝယ်ယူနိုင်မည်ဖြစ်ပြီး သတ်မှတ်ထားသည့် ရွှေရောင်အချိန်များမှာ (မြန်မာစံတော်ချိန်) နံနက် ၁၁း၃၀ မှ နေ့လည် ၁း၃၀ ထိ ဖြစ်သည်။ ဝယ်ယူထားသော လက်မှတ်များ၏ ခရီးသွားကာလမှာ (နိုင်ငံတော်ရုံးပိတ်ရက်များမပါဝင်ဘဲ) ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၃ မှ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ဖြစ်သည်။

လျှော့ဈေးရောင်းချခြင်းသည် Vietjet ၏ ပြည်တွင်းခရီးစဉ်အတွက်လက်မှတ်များ အားလုံးအပေါ်သက်ရောက်သည့်အပြင် ဗီယက်နမ်-မြန်မာ ခရီးစဉ်အပါအဝင် အခြား နိုင်ငံတကာခရီးစဉ်အားလုံးအတွက်လည်း အကျုံးဝင်သည်။ အထူးသဖြင့် ဗီယက်နမ်-ဂျပန် ခရီးစဉ်လက်မှတ်များကို ရွှေရောင်နေ့ရက် ၃ ရက်တာအတွင်း မည်သည့်အချိန်တွင်မဆို ဝယ်ယူနိုင်သည်။

လျှော့ဈေးကာလ လက်မှတ်အရောင်းပွဲတော်ကြောင့် ခရီးသွားခြင်းကို ခုံမင်သည့် မြန်မာခရီးသွားများအနေဖြင့် လှပသော ဗီယက်နမ်နိုင်ငံသို့ Vietjet ဖြင့် ပျံသန်းလည်ပတ်နိုင်မည့်အပြင် ဒေသအသစ်၊ သဘာဝတရား၏ အလှအပများ၊ မတူညီသော ဓလေ့များ၊ အရသာရှိသော ဟင်းလျာသစ်များကို တွေ့ကြုံခံစားနိုင်ရန် အာရှ၏မည်သည့် နိုင်ငံကိုမဆို ဈေးနှုန်းသက်သာစွာ သွားရောက်လည်ပတ်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် Vietjet က ရန်ကုန်-ဟနွိုင်း တိုက်ရိုက်ခရီးစဉ်ကို နေ့စဉ်ပျံသန်းပြေးဆွဲ နေသဖြင့် လူသန်းပေါင်းများစွာတို့၏ ခရီးသွားစိတ်ကူးများကို ဈေးနှုန်းသက်သာစွာ လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် အလွယ်တကူ လက်မှတ်ဝယ်ယူနိုင်တော့မည်ဖြစ်သည်။

Vietjet ၏ Vice President ဖြစ်သူ Nguyen Thanh Son က “Vietjet ရဲ့ ပရိုမိုးရှင်းတွေက ပြည်တွင်းပြည်ပ ခရီးသွားအားလုံး အတွက် လေကြောင်းခရီးစဉ်နဲ့ သွားလာဖို့အခွင့်အရေး ပိုရဖို့ ရည်ရွယ်ပါတယ်၊ ခရီးသွားတွေအနေနဲ့ လာမယ့် ခရီးသွားရာသီ အမီ သွားလာနိုင်ဖို့ အဆင်သင့်ဖြစ်အောင် လက်မှတ်တွေကို တတ်နိုင်သလောက် မြန်မြန်ဝယ်ဖို့ တိုက်တွန်းချင်ပါတယ်၊ မကြာခင်မှာလည်း Vietjet က အိန္ဒိယနိုင်ငံ နယူးဒေလီကို ဟနွိုင်းနဲ့ ဟိုချီမင်းကနေ ပျံသန်းမယ့် ခရီးစဉ်ရယ်၊ ဒါနန်းကနေ ဂျပန်နိုင်ငံ တိုကျိုနဲ့ ထိုင်ဝမ်နိုင်ငံ ထိုင်ပေကို ပျံသန်းမယ့်ခရီးစဉ်အသစ်တွေ စတင်တော့မှာဖြစ်ပါတယ်၊ ဒါဟာ အဓိကမြို့ကြီး တွေအကြား ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးရာလည်းရောက်ပြီး ဒေသခံတွေ၊ ခရီးသွားတွေနဲ့ စီးပွားရေးသမားတွေအတွက် ပြေပြစ်တဲ့ ခရီးသွားလမ်းကြောင်းကို ဖြည့်ဆည်းပေးရာလည်းရောက်ပါတယ်၊ အဆင်ပြေပြေ သွားလာနိုင်ဖို့ ခရီးသွားတွေရဲ့ တောင်းဆိုချက်တွေအရ Vietjet က ပျံသန်းမှုအကြိမ်ရေကိုလည်း လိုသလို တိုးသွားပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။

အာရှတခွင် လည်ပတ်သွားလည်နိုင်မည့် အထူးဈေးသက်သာသော လက်မှတ်များကို www.vietjetair.com တွင်လည်းကောင်း၊ “Vietjet Air” မိုဘိုင်းလ် app မှလည်းကောင်း၊ Facebook www.facebook.com/vietjetmyanmar တွင် (“Booking” ခလုတ်ကိုနှိပ်၍လည်းကောင်း) ဝယ်ယူနိုင်သည်။ ထို့အပြင် တရားဝင်လက်မှတ်အရောင်းကိုယ်စားလှယ်များနှင့် Vietjet လက်မှတ်အရောင်းဌာနများတွင်လည်း Visa/ MasterCard/ AMEX/ JCB/ KCP/UnionPay cards အစရှိသည်တို့ဖြင့် လွယ်ကူစွာ ဝယ်ယူနိုင်သည်။

နာမည်ကြီး ပြည်တွင်းပြည်ပ ဒေသများသို့ ခရီးစဉ်လမ်းကြောင်း ၁၂၉ ခုဖြင့် ကြီးမားသောနယ်ပယ်ဖြန့်ကျက် ပျံသန်းမှုများ ပြုလုပ်နိုင်ကာ အဆင်ပြေသော လေယာဉ်အချိန်စာရင်း၊ ကောင်းမွန်သော ဝန်ဆောင်မှုနှင့် အထူးဈေးသက်သာသော လက်မှတ်နှုန်းထားများကြောင့် Vietjet သည် ခရီးသွားများ၏ အနှစ်သက်ဆုံးလေကြောင်းလိုင်းတစ်ခု ဖြစ်လာလျက်ရှိသည်။

လူအများနှစ်သက်သော လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Vietjet သည် ခရီးသွားတိုင်း စီးနင်းနိုင်မည့် ဈေးနှုန်းသက်သာသော လက်မှတ်ခများဖြင့် ခရီးစဉ်လမ်းကြောင်းအသစ်များ အမြဲဖော်ဆောင်ကာ လေကြောင်းခရီးအတွေ့ အကြုံများကို ပေးလျက်ရှိသည်။ “ဘေးကင်းလုံခြုံရေး၊ ပျော်ရွှင်ကျေနပ်စေရေး၊ ဈေးသက်သာမှုနှင့် အချိန်တိကျရေး”တို့ကို အဓိက တန်ဖိုးများအဖြစ် ဖော်ဆောင်နေသည့် Vietjet သည် ခရီးသွားများအား လေယာဉ်အသစ်များတွင် သက်တောင့် သက်သာရှိသော ထိုင်ခုံများ၊ လှပဖော်ရွေသော လေယာဉ်အမှုထမ်းများမှ တည်ခင်းသည့် ပူနွေးကောင်းမွန်သော ရွေးချယ်စရာ ၉ မျိုးရှိသည့် အစားအသောက်များအပြင် e-commerce platform တွင် အခြားသော ခေတ်မီဝန်ဆောင်မှု များကို ဖြည့်တင်းလျက်ရှိသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top