ကျိန်တွယ်ဆဲရေးတတ်တဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်သင့်လား

istock-108350838.jpg

“ရိုင်းစိုင်းတဲ့စကားပြောတဲ့သူတွေနဲ့ အပေါင်းအသင်းမလုပ်နဲ့”ဆိုတဲ့ သတိပေးစကားကို မိဘတွေဆီကနေ ကျွန်တော်တို့တွေ ကြားဖူးခဲ့ကြမှာပါ။ ဆဲဆို ကျိန်တွယ်တဲ့စကားလုံးတွေ သုံးကြတာကို ဆိုးရွားတဲ့အပြုအမူလို့ လူများစုက သတ်မှတ်ထား ကြပါတယ်။ အဲဒီလိုလူတွေက လူတွေအပေါ် ဒေါသထွက်လွယ်နိုင်တယ်လို့လည်း ယူဆထားကြပါတယ်။

ဆဲဆိုတဲ့စကားလုံးတွေသုံးကြတာကို ဆိုးရွားတဲ့အပြုအမူလို့ လူများစုက သတ်မှတ်ထားကြ

ဒါပေမဲ့ ဆဲဆို ကျိန်တွယ်တဲ့စကားလုံးသုံးတဲ့သူတွေက ပိုပြီးရိုးသားကြကြောင်း Massachusefts College of Liberal Arts and Marist College က သုတေသီတွေရဲ့ လေ့လာတွေ့ရှိထားပါတယ်။ “ဆဲဆိုကျိန်တွယ်တဲ့စကားလုံးသုံးတဲ့လူတွေက စကားလုံးရွေးချယ်ပြောနေရတဲ့လူတွေထက် ပိုပြီးနားလည်နိုင်စွမ်းရှိတယ်” လို့ သုတေသီတွေဖြစ်ကြတဲ့ တီမိုသီ ဂျေး (Timothy Jay) နဲ့ ခရစ်တင်း ဂျွိုင်း (Kristin Joy) တို့က ဆိုပါတယ်။

ဆဲရေးတိုင်းထွာတဲ့လူတွေကရိုးသားကြပြီး ခံစားချက်တွေကိုဖွင့်ထုတ်ဖို့ ဘယ်လိုစကားလုံးမျိုးတွေကို ရွေးချယ်ပြီး ပြောရမလဲမသိကြ

ဆဲဆိုတဲ့စကားလုံးမသုံးတဲ့သူတွေက ဒေါသထွက်ကောင်းထွက်တတ်ပေမဲ့ သူတို့ရဲ့ဒေါသကို ပြသဖို့ ဆဲရေးတဲ့စကားတွေကို ဘယ်တော့မှပြောမှာမဟုတ်ပါဘူး။ အခြားတစ်ဘက်က ကြည့်မယ်ဆိုရင် ဆဲရေးကျိန်တွယ်တဲ့လူတွေက ရိုးသားကြပြီး ခံစားချက်တွေကိုဖွင့်ထုတ်ဖို့ ဘယ်လိုစကားလုံးမျိုးတွေကို ရွေးချယ်ပြီး ပြောရမလဲမသိကြတာကြောင့် သူတို့သိတဲ့စကားလုံးတွေကနေတစ်ဆင့်ပဲ သူတို့ကိုယ်သူတို့ ဖော်ပြတတ်ကြတာပါ။

ဆဲရေးတဲ့စကားလုံးတွေကို မကြာခဏအသုံးပြုတဲ့လူတွေရဲ့အပြုအမူတွေကို ထပ်မံလေ့လာကြည့်ခဲ့ရာမှာ အဲဒီလိုလူတွေက ပိုပြီးရိုးသားမှုရှိတာကို အံ့အားသင့်စွာ လေ့လာတွေ့ရှိခဲ့

ဖေ့စ်ဘွတ်ခ်မှာ ကျိန်တွယ်ဆဲရေးတဲ့စကားလုံးတွေကို မကြာခဏအသုံးပြုတဲ့လူတွေရဲ့အပြုအမူတွေကို ထပ်မံလေ့လာကြည့်ခဲ့ရာမှာ အဲဒီလိုလူတွေက ပိုပြီးရိုးသားမှုရှိတာကို အံ့အားသင့်စွာ လေ့လာတွေ့ရှိခဲ့ရပါတယ်။

အဲဒီလိုလူတွေနဲ့ အပေါင်းအသင်းမလုပ်ရဘူးလားလို့ မေးလာမယ်ဆိုရင်တော့ ဒါက သင့်အပေါ်မှာသာမူတည်နေ

ဆဲဆိုကျိန်တွယ်ပြီး ပြောလေ့ရှိသူတွေအနေနဲ့ ရိုင်းစိုင်းတဲ့စကားလုံးတွေသုံးတာကြောင့် ဝေဖန်ပြစ်တင်မှုတွေတော့ ခံရတတ်ပါတယ်။ အဲဒီလိုလူတွေနဲ့ အပေါင်းအသင်းမလုပ်ရဘူးလားလို့ မေးလာမယ်ဆိုရင်တော့ ဒါက သင့်အပေါ်မှာသာမူတည်တယ်လို့ ဖြေရမှာပါ။ ကိုယ့်အပေါင်းအသင်းတစ်ဦးအဖြစ် ဆဲဆိုကျိန်တွယ်တဲ့စကားလုံးတွေသုံးတဲ့ ရိုးသားတဲ့သူကိုရွေးမလား။ ခံစားချက်တွေကိုဖုံးကွယ်ဖို့ စကားလုံးရွေးချယ်ပြောတတ်သူတွေကို ရွေးချယ်မလား ဆိုတာ ကိုယ်တိုင်ပဲ ရွေးချယ်ဆုံးဖြတ်သင့်ပါတယ်။ ဘယ်သူ့ကို ရွေးချယ်လိုက်သည်ဖြစ်စေ ခင်မင်ရင်းနှီးမှုကသာ အဓိကကျမှာဖြစ်ပါတယ်။

Ref: TOI “Being Friends With People Who Swear Can Actually Be Good For You!”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top