Happy Birthday Harry Potter

Harry-Potter.jpg

စာရေးဆရာမ ဂျေကေရိုးလင်း ဖန်တီးခဲ့တဲ့ ဟယ်ရီပေါ်တာ ဇာတ်ကောင်ဟာ ဒီကနေ့မှာ(၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့) နှစ် ၂၀ ပြည့်မြောက်ခဲ့ပါပြီ။ ငြင်းပယ်မှုတွေ ဆက်တိုက်ကြုံခဲ့ရပေမယ့် စာရေးဆရာမ ဂျေကေရိုးလင်းဟာ ၁၉၉၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ Harry Potter and the Philosopher’s Stone စာအုပ်ကို ပုံနှိပ် ဖြန့်ချိနိုင်ခဲ့ပါတယ်။

ခင်ပွန်းသည်နဲ့ ကွာရှင်းခဲ့ပြီး ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရချိန်မှာ ဂျေကေရိုးလင်းက ပထမဆုံး ဟယ်ရီပေါ်တာ စာအုပ်ကို ရေးခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဟယ်ရီပေါ်တာ စာအုပ် ၈အုပ်ထွက်ခဲ့ရာမှာ အုပ်ရေ သန်း ၄၅၀ ပုံနှိပ်ရောင်းချခဲ့ရပြီး ဘာသာပေါင်း ၆၀ ကျော် ကို ပြန်ဆိုခံခဲ့ရပါတယ်။ ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်ကား ၈ ကားကနေရတဲ့ ဝင်ငွေက ၂ ဘီလျံကျော် ရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ဂါးဒီးယန်းသတင်းဌာနက ဖော်ပြတဲ့ စစ်တမ်းတစ်ရပ်မှာ ဟယ်ရီပေါ်တာ စာအုပ်ကြောင့် စာပေကို ချစ်မြတ်နိုးလာတာလို့ ကလေးတွေ ကိုယ်တိုင်ရော၊ ဆရာ၊ ဆရာမတွေကရော ပြောခဲ့တယ်လို့ သိရပါတယ်။ အီတလီက သုတေသီတွေက တော့ ဟယ်ရီပေါ်တာ စာအုပ်က ကလေးတွေကို ကိုယ်ချင်းစာနာစိတ် ရှိလာအောင် ကူညီပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: ‘Harry Potter’ turns 20

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top