Dark Phoenix ဇာတ်လမ်းနဲ့ တစ်ကျော့ပြန်လာဦးမယ့် X-Men

19399945_10155630274082275_2701000055406295657_n.jpg

X-men ရုပ်ရှင်တွဲတွေရဲ့ ဇာတ်ကားသစ်ဖြစ်တဲ့ X-men: Dark Phoenix အမည်ရတဲ့ ဇာတ်လမ်းကို ကနေဒါနိုင်ငံမှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

ကနေဒါဝန်ကြီးနဲ့ ဇာတ်ကားသစ်မှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံဟာ Instagram မှာ မနေ့က တက်လာတာဖြစ်ပြီး ဒီဓာတ်ပုံထဲမှာ ပရော်ဖက်ဆာ X (ချားလ်စ်) အဖြစ်သရုပ်ဆောင်တဲ့ James McAvoy ၊ Jean Grey အဖြစ် သရုပ်ဆောင်တဲ့ Sophie Turner တို့လည်း ပါဝင်ခဲ့ကြပါတယ်။

ဇာတ်လမ်းသစ်ရဲ့ ဇာတ်ကွက်တွေကို တိတိကျကျ မထုတ်ပြန်သေးခင်ပေးမယ့်လည်း Mystique အဖြစ် (Jennifer Lawrence)၊ Llandra (Jessica Chastain) ၊ Magento (Michael Fassbender)၊ Beast (Nicholas Hoult) တို့လည်း ပါဝင်မယ်လို့ ဆိုထားပါတယ်။

X-men က နောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်တဲ့ Logan မှာတော့ သမန်းဝံပုလွေ Logan (Wolverine) ရော၊ ပရော်ဖက်ဆာ X ရော သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်းသစ်မှာတော့ နောက်ထပ် Marvel ရဲ့  ရုပ်ပြဇာတ်ကောင်ဖြစ်ခဲ့တဲ့ Dazzler ဆိုတဲ့ ဇာတ်ကောင်သစ်ရဲ့ Character ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

X-men: Dark Phoenix ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂ရက်နေ့မှ ရုံတင်ပြသမှာဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top